ကျနော့် ဘဝထဲမှ ဆာဆာဆိုသော လူတစ်ယောက် …… __________________________ အဲ့ဒီလူကြီးပေါ့ဗျာ ။ နာမည်နဲ့ လူ ဆန့်ကျင်ဘက် ဖြစ်နေတာ ။ နာမည်ကို ကြားရုံနဲ့ လူကိုမမြင်ရသေးခင်မှာဆိုရင်…..ကျနော်တို့ မှန်းဆမိတာက ဦးဆာမိဆိုတာ အသားမဲမဲ သွားကျဲကျဲနဲ့ နှာခေါင်းချွန်ချွန် ဆံပင်ကောက်ကွေးကြီး နေမှာပါ.. . .လို့ပဲ မြင်ယောင်မှာ။ ဒါပေမယ့် လွဲတယ်ဗျ ။ နာမည်နဲ့လူက ခွက်ခွက်လန်အောင် လွဲနေတာ။ နာမည်နဲ့ ဆန့်ကျင်စွာ အသားအရေက A4 လို ဖြူနေတယ်။ ဆာမိလို့ ခေါ်ရမယ့်အစား ကျင်ဝှက်တို့ ကျင်စိန်တို့ ကျင်ဟုတ်တို့ အဲ့လို ခေါ်ရမယ့် အပေါက်ဗျို ့ ။ ထားပါတော့ ဒါက […]