တီတီ တာတာ ဇီဇီ ဆာဆာ အပိုင်း (၅)
အပိုင်း (၁) မှ (၄) အထိ
ဒီ အပိုင်းထိ ပါဝင်ပြီးသူများထဲမှ ကိုယ့် ပို့(စ) ကို အက်ဒစ် လုပ်လို့ မရသေးတဲ့ သူရှိရင်လာပြောပေးကြပါ။
၆၆)
ဟိ။
ပထမဆုံး ကျနော့ အချစ် ယောက်ခမွ သဲ အကြောင်း စ ပြောမယ်။
စတွေ့တုန်းကတော့ ဒီလောက် ချစ်ဖို့ကောင်းမှန်းမသိဘူးဗျ။ လှတယ် ဆိုတာပဲ သတိထားမိတယ်။
နောက်တော့ ရှင်ဒေါင်ဟန့်/ ဂျူး / အမေစု ချစ်သူ အချင်းချင်း မို့ ချစ်သွားပြီးး
ကျနော့ ပင်တိုင် စားဖိုမှူးလည်းဖြစ်လာရော အချစ်ဆုံး ဖြစ်သွားတော့တာပါပဲ။ ခိခိ။
စ စကားပြောဖူးကတည်းက ကျနော့ အကြောင်းတွေ ပြောပြဖူးပါတယ်။
ဒါကိုပဲ စိတ်ရှင်းရှင်းနဲ့ လက်ခံထားပြီး ချွေးမ အခေါ်မပျက်နိုင်တာ ချစ်သဗျာ။
ပါစင်နယ်နဲ့ ဗာကျူရယ် ခွဲထားနိုင်တဲ့ စိတ်ဓာတ်မို့ အချိန်စီးတယ် ခေါ်မပေါ့။
(ယောက်ထမ ကို ဝတယ်လို့ ပေါတာဟုတ်ဘူးနော်၊ ဟင်းအိုးကြီးမသွန်နဲ့နော်။ ခိခိ) :mrgreenn:
အချိန်မစီးတဲ့ သူတွေ တွေ့လေ၊ ယောက်ခမွကို ပိုချစ်လေဗျာ။
ကျနော် ရူးသွားရင်တောင် အိမ်ခေါ်ထားမှာ။ ရီရလို့တဲ့ဗျ။ အေးရော။
စာရေးရင်လည်း အတည်ရေးမလားး
အသော ရေးမလားးး
သတင်းရေးမလား ဖြစ်သဗျ။ ဆုရထားတဲ့ ပို့(စ)ကိုသာကြည့်တော့။ ဘဝမှာ အတွေ့နောက်ကျတယ်လို့ ထင်တဲ့ အထဲ မွသဲပါ ပါသဗျ။ ခုတလော အလုပ်က အားဂျီးများတာတောင် ရွာကို ရတဲ့ အချိန်လေး ပြေးပြေးလာတဲ့ မွသဲကို သနားလိုက်တာ။
ဒီမှာ ဇီဇီ …… ခင်ဗျားယောက်ခမွ ဒေါ်သဲနု (TNA) ကို အသည်းနုတယ်များထင်နေသလားဗျ ။
မထင်နဲ့ဗျို့ …… တစ်ခေတ်တခါက ကဘုန်းကျော်ဆိုတဲ့ ရွာသားတစ်ယောက်နဲ့ ပဝါမကူရေမရှူတမ်း နွှဲလာတာများကြည့်လို့ တယ်ကောင်းဗျာ ။
ကဘုန်းကျော်ပို့စ်တက်လာပြီဆိုတာနဲ့ ဒေါ်သဲနုတို့ ကွန်မန့်တန်းတက်လာတာဘဲ ဟဲ ဟဲ ။
နာမည်အမှန်နဲ့ဝင်လာပြီး ရွာထဲမှာအစောဆုံး မျက်နှာပြခဲ့သူပေါ့ ။
ကိုဘလက်တို့ဦးဖက်တီးတို့ တင်ထားတဲ့နာရေးကူညီမှုအသက်းအလှူရဲ့ ဒါ့ပုံမှတ်တမ်းမှာ မင်းသမီးပေါ့ဗျာ
စာရေးတာကတော့အစုံဘဲဗျို့ …… စားသောက်စရာ ၊ မုန့်လုပ်နည်း ၊ ဘဝတစ်သက်စာအတွေ့အကြုံ ၊ နေ့စဉ် လူနေမှုမြင်ကွင်းစုံ ၊ ……… အားလုံးပါဘဲဗျာ ။
လမ်းသွားရင်းတွေ့သမျှဓတ်ပုံရိုက်တင်လွန်းလို့ ကျုပ်ဖြင့် လမ်းဘေးမှာ ရှူရှူးတောင်မပေါက်ရဲဘူး :kwi: သူ့ကိုလည်း စည်ပင်သာယာနဲ့ ယဉ်ထိန်းရဲက အလိုရှိသတဲ့ သူတို့ဌါနရဲ့ ပေါက်ကရဖြစ်စဉ်တွေကို ဓါတ်ပုံရိုက်တင်လွန်းလို့ တဲ့ ……
ကဲဗျာ … ဒါလောက်ဆိုရင်တော့ ယောက်ခမွ တော်မယ့်သူရဲ့ လက်ရည်လက်သွေး သိလောက်ပြီပေါ့နော ဒေါ်ဇီဇီရေ …
.
.
၆၇)
နောက်ပြီး ရွာထဲမှာ လေးစားတဲ့ သူတစ်ယောက်ရှိသေးရဲ့။ သူကတော့ သိချင်မှသိမယ်။
ကျနော် က စကား အကောင်းမပြောဖူးလို့။
ကွန်ဆာဘေးတစ်ထဲမှာ အပြောမှန်၊ သဘောထားမှန်တယ်လို့ ပြောလို့ရတယ်။
ကို ရာမည ပါ။
သူ့ကို ဘယ်လောက် တိုက်ခိုက်တဲ့ စကားကို မဆို အကျိုးအကြောင်းသင့် ရှင်းပြနေနိုင်တဲ့ စိတ်ဓာတ်ရယ်၊
ဘယ် ဟာမှ အသေးစိတ်မသိပဲ ဘယ်ဘက်က မှန်တယ် မှားတယ် ကို အကြမ်းဖျင်းသိနိုင်တဲ့ ညာဏ်ရယ်…
ဇာတ်လမ်းတစ်ခုလုံးကို စေ့ငုနိုင်တဲ့ ထိုးထွင်းညာဏ်ရယ်၊
အဲလို ဆရာကောင်းသာစောစောတွေ့ခဲ့ရင် ဇီဇီ ကိုယ်တိုင် ဇီမာခင် ဖြစ်သွားခဲ့မယ်ထင်တယ်ရယ်။
ကျနော် က ကြည်မာခင် ဖြစ်ချင်ဖူးတယ်ဗျ။ :mrgreenn:
“”You are under arrest !!!””
ဟဲ့ ပလုတ်တုတ် !!
မလုပ်ပါနဲ့ ဆရာရယ် …… ကျနော်ရွာထိတ်က အလှူအ်ိမ်မှာ တစ်ခါဘဲ ဖဲလိမ်ရိုက်မိတာပါ :mrgreenn:
ကဲကဲ !! ကိုယ့်ဆြာမြန်မာမှုပြုနေတဲ့ ရှားလော့ဟုမ်းဝတ္ထုတွေလည်း အများကြီးကျန်သေးတယ်ဗျို့……
အရင်တစ်ခါ ခေါင်းပြတ်နတ်ရုပ်တုတွေပြီးကတည်းက စုံထောက်ဝတ္ထုတွေပျောက်နေတယ်နော ……
ကျနော့်အကြိုက်ဆို ရှားလော့ဟုမ်း ဝတ္ထုတွေထက် မောင်စံရှားကိုပ်ုြိကီုက်သလိုပဲ ။
မောင်စံရှားကိုအရင်ဖတ်ဖူးတာလည်း ပါမယ်ထင်တယ် ။
ဘာပဲဖြစ်ဖြစ် စုံထောက်ဇတ်လမ်းလေးတွေက တစ်မျိုးတော့အရသာပေးတာပေါ့နော
.
.
၆၈)
ရွာထဲကဓာတ်ပုံဆရာတွေ ထဲ မှော်ဆရာ ကို မမှီဘူးဗျ။
ဟိုတခါ ကလောင် ကိစ္စ အတွက် မေးရင်း မှော်ဆရာက သူ့ ပို့(စ) လေးတစ်ခု ညွှန်းတော့ ကိုယ်တွေ့ အခြေခံ ရသရေးလက်လေးကို တွေ့လိုက်ရတယ်ဗျာ။
ဖတ်ရင်းမျက်ရည်တောင် ဝဲတယ်။
ဒီလို ရေးလက်မျိုး ရိုက်လက်မျိုးတွေ ရွာကို ပြန်လာရင်ကောင်းမယ်နော် ဆာဆာ။
အဲဒီမှော်ဆရာကြီးနဲ့ ကျုပ်နဲ့က ရွာထဲဝင်မွှေချိန်တူသဗျ ။
အရင်တုန်းက ဂဇက်ကိုဝင်ပြီးဖိုရမ်ဖက်ကိုသွားကြည့်ရင် ရွာထဲမှာဘယ်သူရှိနေသလဲဆိုတာ မြင်ရပါတယ် ။
ကျုပ်ကလည်း ည ၁၁ နာရီနောက်ပိုင်းမှဝင်နိုင်သလို မှော်ဆရာကလည်း အဲဒီအချိန်တွေမှာရှိနေတတ်တာ ။ ရွာထဲမှာစာရေးကောင်းသူတွေကို ပြပါဆိုရင်ကိုမှော်ကို ကျန်ခဲ့လို့မဖြစ်ပေဘူးဗျ ။
သူ့ကို ဓတ်ပုံတွေထက်စာရင် စာရေးကောင်းသူအဖြစ်အရင်ဆုံးသတိထားမိခဲ့တာ ။
နောက်မှ ဆရာက ဓတ်သေတွေလည်း “ဂွတ်သဟ “ဆိုပြီး ပိုသိလာရတာ ။
သူပရိုဖိုင်လေးထဲရေးထားတာ အခုထိမှတ်မိနေပါသေးတယ် … ဘာတဲ့ ” လက်သီးထိုးပြင်းတယ် ၊ ဒါးထိုးပက်စက်တယ် ၊ ပွင့်လင်းဖေါ်ရွေပြီး အကျိုးပြုစာတွေရေးဖို့ကြိုးစားနေပါတယ် ” တဲ့ အဒါ ကျုပ်နဲ့တွေ့ခဲ့တဲ့ ၂၀၁၁ ကာလလောက်က ပါ ။ အိမ်ထောင်သားမွေးလူမှုရေးတွေနဲ့ နှင်တံပျောက်နေတဲ့မှော်ဆရာဟာ ရွာကိုသိပ်ချစ်ပါတယ် ။
ဒုတိယအကြိမ် တွေ့ဆုံပွဲနဲ့ ဆုပေးပွဲမှာ ဗွီဒီယို ဓာတ်ပုံ ပစ္စည်းအစုံယူဆောင်လာပြီး မှတ်တမ်းလာတင်ပေးခဲ့ပါတယ် ။
ကျေးဇူးပါ ကိုမှော်ရေ …… နှင်တံလေးပျောက်နေလည်း မကြာမကြာတော့ ရွာလည်ပါဦးးး လို့။
.
.
၆၉)
ဟဲ့။ အဲဒီ လူကြီး အကြောင်း ပြောရမယ် ဆိုရင်လည်း မကုန်ပါဘူးး။
ကော်မန့်တွေ ပို့(စ) တွေ ကြည့်ပြီး အဘ အရွယ်မှတ်ပြီးး မှ ဖဘမှာတော့ သူ့ကိုယ်သူ မောင်လေး က လို့ ပြောသဗျာ။
အဲဒီတော့လည်း မောင်လေး ပေါ့။ ကိုယ်ပိုင် အိုင်ဒန်တတီကို လုံးဝ မသိပဲနဲ့ လူတွေရဲ့ ချစ်ခင်မှု ယူနိုင်ကတည်းက ကိုအောင်ပုနဲ့ ကြောင်ကြီး အရည်အချင်းကို သိတော့ဗျာ။
ဆဲတာတောင် ချစ်စရာကောင်းအောင် ဆဲတတ်တယ် ဆိုတာ သူတို့လို လူမျိုးးး၊ သူတို့အတွေးအခေါ် ဘာရှိလည်း ဆိုတာ သိနေလို့လားမသိ။
လိုက် တုပြီး ဆဲတဲ့ လူတွေကျ ရိုင်းတယ်လို့ ကိုယ်တိုင်က ထင်မိပြန်ရော။ ဟေးဟေးဟေးးး :mrgreenn:
“#%@%$*$*%*@%%@%& “အဲဒီအမှတ်အသားလေးတွေတွေ့တိုင်း ကိုပု ကိုအမြဲသတိယတယ် ။
မကောင်းတာကို ပိုမှတ်မိတယ်လို့တော့မထင်နဲ့ဗျို့ ……
တကယ်တော့ ဂွကျကျ ကွန်မန့်လေးတွေ ၊ စေ့စေ့ပေါက်ပေါက် ဖြဲကားပြီးမန့်တတ်တာတွေကိုလည်း သတိရနေတာပါဗျာ ။
ဆဲတာကိုဖတ်ပြီး ရီမိတယ်ဆိုရင် ကိုပု ကွန်မန့်တွေဖြစ်မယ်လို့ သေချာပေါက်ပြောလို့ရပါတယ် ။
တုတ်ထိုးအိုးပေါက်ပြောလွန်းလို့လည်း တစ်ခါတစ်ရံမှာ ရွာထိန်းအဖြစ် သူ့ကိုသတိရမိတာလည်းပါမယ်။
တကယ်တော့ ကိုပု ကလိုင်းစုံဗျ ။အတွေးအခေါ်ပိုင်း ၊ ဗဟုသုတပိုင်း ၊ ဘာသာရေးပိုင်း ၊ နိုင်ငံရေးပိုင်းတွေမှာ တကယ့်ကိုမွှေနှောက်ခြောက်ခြားနိုင်သူပေါ့။
အထေ့အငေါ့လေးတွေကောင်းသလို စာရေးတာအလွန်ကောင်းတယ်ဆိုတာ 2010 လောက်က သူရေးထားတဲ့ပို့စ်တွေမှာတွေ့ရမှာပါ ။
ကိုပု ပရိယယ်ကောင်းလွန်းတာလေးတစ်ခုကိုပြောရရင် …
တစ်ခါက ရွာထဲမှာ သူ့ကိုယ်သူ လိင်တူချစ်သူလိုလို လိင်တူချစ်သူများဖက်က လိုက်ကာကွယ်မယ့်သူလိုလိုလုပ်ပြလိုက်တာ ဘာပြောကောင်းမလဲဗျာ အခြောက်တွေကိုတစ်သီတစ်တန်းကြီးပေါ်လာတော့တာပါဘဲ ။
ကျုပ်တို့ဖြင့် ဘေးကဖတ်ပြီး အူတက်အောင်ရီလိုက်ရတာ ။ ကျုပ်တို့ မိုက်ကယ် ဂျော်နီအောင်ပု က အဲဒီလိုဗျ ။
အခုတော့ …… ဘယ်ဆီဘယ်ဝယ် လို့ပြောရမလိုပါဘဲ ။
ရွာထဲမတွေ့တာတောင်အတော်ကြပြီလေ ။ အလှူတွေမှာလည်း အမြဲပါတတ်သလို သူက ၂၅၀ဝ သူ့အရိပ်က ၄၇၅၀ဝ လှူတတ်တာလည်း မိုက်ကယ်ပုပါ ပဲ လို့ ………
.
.
၇၀)
အချစ် အချစ် ပျောက်နေပြီကွယ်။ ဘယ်မှာလဲ၊ ဘယ်မှာလဲ အချစ်ရယ်။
အဘာတာ ပုံက နှုတ်ခမ်းလေး ပွစိ ပွစိနဲ့….
ဟာသပါသော…
ထိမိသော…
အတွေးပါသော… ကော်မန့်တွေပေးတတ်သူမို့ စ သတိထားမိရာက ကန်ရာသီဖွားတူတူ ဂေါက်တတ်တာလဲ တူတူမို့ ပိုချစ်သွားရတဲ့ ဝါးးး။
ကျနော့ အချစ်ဆုံး ကလေးမ။
ပြန်လာရင် မင်ဂါဆောင်မှာ။ ဟိဟိ။
ရေးလက်က တော့ ဖတ်သာကြည့် သရော်စာရော၊ ခွပ်စာ၊ ရသ စာ လက်ကုန်ရတယ်။ “ကျမ အလုပ်ရှုပ်နေတယ် မောင်” ဆို ရွာ့ လူပျိုကြီး ပါးစပ်မှာ အတော် စွဲသွားတဲ့ ပို့(စ) ပေါ့။
နာမည် ကိုက ပညာပါတာ။ ကြိုက်တဲ့သူက ကြိုက်သလိုခေါ်ရုံပဲ။
Wow ဝါး၊ ဝူး၊ ဝိုး၊ ဝေါင်၊ အထင်မသေးနဲ့နော်။
ရွာထဲမှာ ဝါးမှ ဝါး ဆိုတဲ့ ပိတ်သတ်၊ သူ့ပိတ်သတ်စစ်စစ် ငှက်ကြီး တစ်ကောင်ရှိတယ်။
ကျနော့ လက်က လု မသွားအောင်အမြဲစောင့်ကြည့်နေရတာ။
ဟိဟိ :mrgreenn:
ကျုပ်ဖြင့် ဒီနာမည်ကို ဘယ်လိုအသံထွက်ရမှန်းမသိအောင်ပါဘဲ ။
အဲ ကွန်မန့်တွေတွေ့ရကတည်းကတော့သတိထားမိတယ်ဗျ ။
အမျိုးသမီးတစ်ယောက်ဆိုတာရယ် အထေ့အငေါ့လေးတွေနဲ့ လိုအပ်ရင် ထိထိမိမိပြောတတ်တယ်ဆိုတာရယ်ပေါ့ ။
သူရေးဖူးတဲ့ ထူူခြားတဲ့ဝတ္ထုတစ်ပုဒ်ရှိတယ်ဗျ ။
အဲဒီဝတ္ထုထဲကဇတ်ကောင်တွေက ကဘုန်းကျော် ၊ သဂျီးခိုင် နဲ့ မင်းသမီးက ဘယ်သူထင်လို့တုန်းဗျ ။
“” ဂျီမ”” တဲ့ဗျာ :mrgreenn: အဲဒီကစလို့ ကျုပ်တို့ မင်းသား အင်ဇာဂီလည်း မိဂီဖြစ်ပါရောလား
ရေးထားတာက တကယ့်ဒရာမာပါဗျာ ။
လမင်းမိုမိုတို့ ဝတ္ထုတွေတောင်သတိယမိသေး ။
ဂျီမ အခန်းရောက်တိုင်း ကျုပ်လေ ပြုံးစိစိဖြစ်ရတာ ။ ပြန်ဖတ်ကြည့်စမ်းပါဗျာ …………
.
.
၇၁)
ဂဏန်းကြီး ကာလတွေ မမှီဘူးဗျာ။
ဖဘမှာ ယွန်းထည် ကိစ္စနဲ့ ကော်မန့်မှာ ပြောဆိုဖူးတာလောက်ပဲ ရှိတယ်။
မိုက်ကယ်ပုကို သတိရတယ်ဆိုရင် ကျုပ်တို့ရွာဂဏန်းကြီးလည်း ဘယ်မေ့ထားလို့ဖြစ်မလဲဗျာ ။
ပထမဆုံး ကိုယ့်ပုံကို ဂဇက်မှာ တင်တာ သူပဲလို့ထင်မိတယ် ။
မန်းလေးကိုရောက်တုန်းက ရိုက်ထားတဲ့ပုံတွေပါ ။
သူ့အကြောင်းပြောရင် ပို့စ်နဲ့ကွန်မန့်သပ်သပ်စီပြောရမယ် ။
ဂဏန်းကြီး နိဂိမိ လို့ နာမည်ရလာတာကတော့ ဂွကျကျ တွေပြော ၊ မတူတဲ့အမြင်နဲ့ ကန့်လန့်တွေတော်ကီပစ် …… ဒီလို ဒီလို နဲ့ ကိုတပ်မ တဲ့ ကိုဂဏန်း တဲ့ အဲဒီလိုလေးတွေဗျို့ ။
ကျုပ်ပြောဖူးတဲ့ ဂဇက်ရွာက မိသုံးမိ ထဲမှာ သူက အကြီးဆုံး မိဖြစ်မယ်ထင်တယ်
အဲ ပို့စ်ရေးထားတာတွေကလည်းစုံနဖါစီ ။
ကျုပ်တို့ နားမလည်တဲ့ အိုင်တီလောကလည်းပါတယ် ကိုရီးယားဂင်ချီ လုပ်နည်းလည်းပါတယ်ဗျို့ ။
ဓမ္မဓိဋ္ဌာန် ကျကျတွေးခေါ်တတ်သူတစ်ဦး လို့ ထင်မိပါတယ် ။
ရွာကို မမေ့သေးဘူးဆိုတာကတော့ ဟိုတလောက မင်းခန့်ကျော်ရဲ့ ဖွဘုတ်က ကွန်မန့်ကို သဂျီးလေသံ လားလို့ မေးနေပုံနေသေးတာပေါ့ ………
ကဲ …… ကြုံရင်ပြောလိုက်ကြပါဗျာ … ရွာက သတိရနေတဲ့အကြောင်းကို ……
.
.
၇၂)
ခေါင်၊ ခေါင်ရည် (အဲလေ) ခေါင်ရေ၊ ဘယ်များ ပျောက်နေလဲ မသိ ဆာဆာရေ။
ကျနော့ ဆီကို ဖုန်းမဆက်တာလဲ တစ်လ ကျော်လောက် ရှိရောမယ်။
မျက်စိနာပြီး နောက်ပိုင်း အလုပ်များနေမှန်းတော့ သိပါရဲ့။
ဒါမဲ့လည်း သူ့ ဘဝ ဇာတ်ကြောင်းလေးနဲ့ တိုးလို့တန်းလန်းထားခဲ့ရတော့ ကိုယ့်မှာ မြိုင် ဟန်ဆောင်ရမလားး ခင်မ ဟန်ဆောင်ရမလားး မဆုံးဖြတ်နိုင်သေးဘူးးး၊ :mrgreenn:
မနေ့က ခေါင် နဲ့ ထူးအိမ်သင် အကြောင်း ကဗျာလေးဖတ်ရတော့ ငိုချင်သွားတယ်။
စိတ်ထဲမှာ ခံစားချက် ဖြစ်ပေါ်တိုင်း ကဗျာတစ်ပုဒ်ရတဲ့ထိ အနုပညာ ဝင်စားလွန်းတဲ့သူကြီးးးး၊
ကဗျာ တစ်ပုဒ် ရေးစပ်ပြီး တင်ပြီးရင် ဘယ် ခံစားချက်က လာတယ်လို့ ပြောတတ်တာမို့ ကျနော် ကိုယ်ပိုင် အဖြစ်သတ်မှတ်ပြီး ယူထားမိတဲ့ ကဗျာ တစ်ပုဒ်ရှိဖူးရဲ့ ဆာဆာရေ။
မောင်ဂီ ပြောပြောနေတဲ့ အနုပညာမှော်အောင်ထားတဲ့ သူ ………
မီးရောင်အောက်မှာ သရုပ်ဆောင်ကောင်းသလို ကင်းဗတ်စ ပေါ်မှာလည်း သရုပ်ဖေါ်ကောင်းတဲ့သူ ……
အွန်လိုင်းစာမျက်နှာတွေပေါ်မှာတော့ “”ကျော်စွာခေါင် “” ရယ်လို့မဖြစ်လာခင်ကတည်းက နာမည်ကျော်ဘလော့ဂါ(……) တစ်ဦးဖြစ်နေခဲ့တဲ့သူ ………
ဘဝတစ်လျောက်မှာ သမိုင်းစုံပြီး လိုင်းစုံအောင် စွမ်းဆောင်နိုင်ခဲ့တဲ့သူ ……
အဂိ္ဂယက် အတတ်ကိုလေ့လာပြီး သွပ်သေ သံသေ ပြဒါးသေခဲ့သလို နိုင်ငံရေးမှာလည်း ယုံကြည်ချက်အတိုင်း အသေခံ လျောက်လှမ်းခဲ့တဲ့သူ ………
အဲဒီ သူ (ဆရာခေါင် ) ကို ပထမဆုံး သိခဲ့ရတာက ရေမျော ပန်းချီကားလေးတစ်ချပ်ကစခဲ့ပါတယ် ။
ဆီဆေးပန်းချီကားတွေ ဘယ်လောက်ခန့်ငြားတယ်ဆိုပေမယ့် ကျနော့်စိတ်ကို ဆွဲဆောင်နိုင်တာကတော့ ရေမျော ပန်းချီကားတွေပါပဲ ။ ရေမျောပန်းချီဟာ ဆွဲရသိပ်ခက်တယ်ဆိုတာ သိကြပါလိမ့်မယ် ။ အမှားလည်းမခံသလို တစ်ထိုင်တည်းနဲ့ စိတ်ခံစားမှုကိုပေါ်လွင်အောင် ပြရတာပါ။ သူ့အကြောင်းတွေဖတ်ပြီးတော့ တစ်ခါက သူကမင်းသား ကျနော်က ဇတ်ပွဲရုံတစ်ရုံရဲ့အပေါက်ဝက လက်မှတ်စစ် ………… အဲဒီလိုများဖြစ်ခဲ့ဖူးမလားလို့ တွေးရင်းးးးးး ……… ဆရာ ခေါင် လေးစားတဲ့ အနုပညာရှင် မန္တလေး သိန်းဇော်ရဲ့ သီချင်းလေးထဲ နာမည်လေးထည့်ဆိုချင်ပါတယ်ဗျာ။
ဂဇက်မင်းသားလေးး ခေါင် ခေါင် နော် ~~
ဂဇက် ရွာကမျှော် ~~~
ဂဇက်မင်းသားလေးး ခေါင် ခေါင် နော် ~~
ဂဇက် ရွာကမျှော် ~~~
မြန်မာ့ အမြင့် သဘင် ထက် ပေါ် ~~~
အောင်စည် အောင်မောင်းးးး
သောင်းးးးး ထိုက်က ကျော် ……… သောင်းးးးး ထိုက်ကကျော် ~~~~~
.
.
၇၃)
ဟမ်မလေးးး !!! ဒီ တက်တူးဆရာရဲ့ တက်တူးပုံတွေမြင်ပြီး တက်တူးရောဂါ ရဖူးတယ် ဆိုရင် ယုံမလား ဆာဆာ။
လက်ရာမြောက်လွန်းလို့၊ နောက်ဆုံး အာဂ ထိုးချင်တယ် ဆိုတဲ့ (ထိုးပြီးပလားတောင် မသိ) ပုံဆို အသည်းယားပြီး ချီးကျူးမိပါရဲ့။
လူချင်းတော့ မခင်တာမို့ ပြောပြပါဦး။
ဂဇက်ရွာမှာပျော်တဲ့ လူငယ် တက်တူဆရာတစ်ပါးပါလေ …… ရွာရဲ့တွေ့ဆုံပွဲတွေမှာ မပျက်မကွက်လာရောက်ချီးမြှင့်ခဲ့သူတစ်ယောက်ပါ ။
ပျော်ပျော်ပါးပါး စာလေးတွေရေးခဲ့ဖူးသလို ရွာရဲ့လူငယ်အဖွဲ့နဲ့လည်းအမြဲထိတွေ့နေပါတယ် ။
ခင်မင်စရာကောင်းတဲ့ ကို သုဝေ နဲ့ ကျနော် အမှတ်တရဓတ်ပုံလေးတောင်ရိုက်ခဲ့ဖူးပါသေးတယ် ။
ဆရာမှော်နဲ့အပါအဝင်ပေါ့ ။
တကယ်တော့ ကိုသုဝေဟာ စာရေးဟန်သွက်တဲ့သူပါ ။
တစ်ခါက ရီစရာဟာသတစ်ပုဒ်ရေးခဲ့ရာကစလို့ သူ့ကိုသတိထားမိခဲ့ပါတယ် ။
နောက်ပိုင်း ဖွဘုတ်မှာမိတ်ဆွေဖြစ်ပြန်တော့လည်း သူ့ရဲ့ တက်တူ လက်ယာလေးတွေကိုရင်သပ်ရှုမောကြည့်ခဲ့ရသေးတာပေါ့ ။
ဟုတ်ကဲ့ …… ကိုသုဝေရဲ့ တက်တူပညာ သိကောင်းစရာလေးများလည်း လာရောက်ရေးသားစေချင်ပါသေးတယ်လေ …………
.
.
၇၅)
ဂရင်းရိုစ့် (သို့) နှင်းဆီ စိမ်းလေး လို့ ဆိုလိုက်ရင် မျက်ခင်းစိမ်းလေးတွေ ပါတဲ့ ဓာတ်ပုံပို့(စ) လေး ရယ်၊ လက်နက်ရောင်းမယ် ဆိုတဲ့ ပို့(စ) လေးရယ်ကို သတိရတယ်။
ကြိုက်လို့။
ပြီးခဲ့တဲ့ တွေ့ဆုံပွဲတွေ မတိုင်ခင် ဆုရစာတွေ ကို ပုံနှိပ်တဲ့ထိ ကြိုးစားပေးထားတဲ့ စေတနာရယ် အပင်ပန်းခံမှုကိုလည်း အရမ်းချီးကျူးပြီး အသိအမှတ်ပြုတယ်။
သူ ရွာကို မလာတာ ကြာပြီနော် ဆာဆာ။
ဂဇက်ရွာကို အထူးသံယောဇဉ်ကြီးသူတွေထဲကတစ်ယောက်ပါ ။
အကျိုးပြု ပို့စ်လေးတွေသီးသန့်ရေးတတ်ပါတယ် ။
“” ဘယ်လိုတောင်းတောင်း မပေးဘူး “” တို့
“”နှမ်းတစ်စေ့နဲ့ဆီကြိတ်မယ်”” တို့ “” လက်နက်ရောင်းမယ်”” တို့ဆိုရင် ဖတ်ပြီး ပြုပြင်ရမှာတွေ မြင်လာမိတယ်လေ ……
ပြီးတော့ အမှတ်တရဖြစ်စေမယ့် ကိစ္စလေးတစ်ခုကိုလည်း စတင်အကောင်အထည်ဖေါ်ခဲ့ပါသေးတယ် ။
ဒါကတော့ ဂဇက်က စာမူတစ်ချ်ို့ကို စာအုပ်ထုတ်ဖြစ်ဖို့ တွန်းအားပေးဦးဆောင်ခဲ့တာပါ ။
ကွန်မန့်တွေတွေ့ရခဲပေမယ့် အမြဲဖတ်နေတဲ့အမာခံရွာသူတစ်ယောက်ဆိုတာ သေခြာပါတယ် ။
ဒါပေမယ့် သူပို့စ်မတင်တာ ကာလအတော်ကြာပါပြီ ။
သူ့လက်ရာလေးတွေလည်း ဖတ်ချင်မိပါသေးတယ်။
ရွာရဲ့တွေ့ဆုံပွဲတွေမှာမပျက်မကွက် တက်ရောက်အားပေးတတ်သလို
ရွာရဲ့စာမျက်နှာတွေမှာလည်း နှင်းဆီနံ့လေး ဆွပ်ဖြန်းပေးဦးမယ် ဆိုရင်ဖြင့် …………
.
.
၇၆)
ရွာရဲ့ ၁ဝ အိမ်ခေါင်း မင်းမော်တိုက် အကြောင်း ပြောရအောင် ဆာဆာ။
ခုတော့ သမီးလေးတစ်ဖက်နဲ့ ရွာမှာ မျက်နှာလာပြလိုက်ပျောက်လိုက်နဲ့။
တွေ့ဆုံပွဲ အတွက်ဆို တက်တက်ကြွကြွ ကူညီတတ်တာ ပျော်တတ်တာ သတိထားမိရဲ့။
“”အစ်ကိုကြီး ရွှေတိုက်စိုးး “”
ဟုတ်ပါတယ် ။ကျုပ်အတွက်တော့ အစ်ကိုကြီးပါ … ရွာသက်အရလေ :mrgreenn:
ပျော်စရာကွန်မန့်လေးတွေနဲ့ ပေါ့ပေါ့ပါးပါးနောက်ပြောင်ရင်း ဂဇက်ရဲ့ အစီစဉ်တင်ဆက်သူတစ်ယောက်ပါဘဲ ။
ဂဇက်ရွာရဲ့တွေ့ဆုံပွဲနဲ့ဆုပေးပွဲတွေမှာ ကိုရွှေတိုက်မပါရင် ပွဲမဖြစ်ဘူး လ်ု့ဆိုနိုင်ပါတယ် ။
အိမ်ရှိပစ္စည်းတွေကို အပင်ပန်းခံသယ်ယူတပ်ဆင်ပြီး ပွဲစည်ကားအောင် ဖန်တီးနိုင်သူပေါ့ ။
မြင်သမျှ တွေ့သမျှကိ်ုစာတစ်ပုဒ်ဖြစ်အောင်ရေးနိုင်တဲ့ကိုရွှေတိုက်ဟာ သရော်စာ အပျော်စာလေးတွေနဲ့ ဖျော်ဖြေတတ်သလို
အတည်အခန့်အနေနဲ့ရေးပြန်တော့လဲ မြန်မာ့ရိုးရာကျောက်ဆစ်ပညာအကြောင်းပို့စ်ဟာ အတော်ကို စိတ်ဝင်စားဖို့ကောင်းခဲ့ပါတယ် ။
ဖခင်ကို တမ်းတတဲ့လွမ်းချင်းလေးတွေဖွဲ့တော့လည်း ရင်ထဲထိ အောင်ရေးတတ်သူပါ ။
ခင်မင်နှစ်လို့ဖွယ် အမြဲပြုံးနေတတ်တဲ့ ကိုရွှေတိုက်ကို တစ်ရွာလုံးက ခင်မင်ကြတာလည်းမဆန်းလှပါဘူး ။
ကူညီစရာရှိရင် တက်တက်ကြွကြွကူညီ ……
လုပ်ပေးနိုင်တာတွေကို စွမ်းစွမ်းတမံဆောင်ရွက်တတ်တဲ့ ရွာအကျိုးတော်ဆောင် ကိုရွှေတိုက်ဟာ …
ဂဇက်ရွာအလှူတို့ရဲ့ အစပထမအလှူပွဲရဲ့ ဦးဆောင်လှုပ်ရှားခဲ့သူတစ်ဦးပါ … လို့ …
.
.
၇၇)
အန်တီအေးး ကို သတိရတယ်။
ကျနော် ရွာထဲ ဝင်စ က အန်တီအေးကဗေဒင် အဟော နဲ့ သက်ဆိုင်တဲ့ ပို့(စ) လေးတွေ ရေးနေတာ။
အန်တီ အေး ပို့(စ) ဖတ်လိုက်၊ ဘေးနားက မှန်မှာ ကိုယ့်မှာ ဘယ် အချက်တွေ ရှိတုန်း စစ်လိုက်နဲ့ စိတ်ဝင်တစားဖတ်ခဲ့ဖူးတာ အမှတ်တယပဲ။ :mrgreenn:
အန်တီအေးရေ ……
သံသရာကိုဖြတ်ဖို့ မပြတ်အားထုတ်နေတာကိုလည်းသာဓုပါဗျာ …… ။
သံသရာအရေးအတွက် ကြိုတင် စီမံနေသလို တစ်ခါကလည်း ဘဝခရီးအတွက်ကြိုတင်စီမံတတ်ပုံလေးတွေဖတ်ခဲ့ရတာလည်းအတုယူအားကျမိတယ်ဗျာ ။
ရိုးရှင်းတဲ့ရေးဟန် …… စေတနာပါအပြည့်ပါတဲ့ အကြောင်းအရာရွေးချယ်မှု ……
စိတ်ဝင်စားဖွယ်ရာ နောက်ခံကာလချယ်မှုန်းမှု ……
ဒါတွေ ဒါတွေ နဲ့ ရေးဖွဲ့ထားတဲ့
“” မုန်းစရာကောင်းတဲ့ ဦး “” လို အခန်းဆက်လေးတွေ ပြန်ဖတ်ချင်မိသေးတယ် ။
အန်တီအေး ရေးသမျှက ခေတ်တစ်ခုနဲ့ လူမှုဝန်းကျင်ကို ထင်ဟတ်စေခဲ့လို့လဲ မသိမမှီလိုက်တဲ့ ကာလ ဒေသ ကဟန်အမူအယာတွေကို ထိတွေ့ခွင့်ရခဲ့ပါတယ်လေ ………
တရားရိပ်သာက ပြန်လာရင်တော့ တစ်ခေါက်လောက်လမ်းကြုံဝင်ခဲ့ပါဦးဗျာ ,.……
.
.
၇၈)
ဆက်ဆက်။ ကျနော့ မောင်လေးး၊
ဘယ်လောက် ဆူဆူ အပြုံးမပျက်၊ အချိန်တန်ရင် မမဂျီး ဆိုပြီး သူ ထင်ရာမြင်ရာ လာလာပြောတတ်တာ။
ကျနော် သူ့ကို ပြောဖူးပါတယ်။
စိတ်ထဲမှာ ရှိတဲ့ အတွေးကို စိတ်ထဲရှိသလို ချရေးနိုင်တဲ့ ရိုးသားမှု သူ့စာမှာ တွေ့ရတယ်။
နားလည်တာ မလည်တာ ကျနော်တို့ အားနည်းချက်မို့ မပြောနိုင်ပေမဲ့ သူ့ အနုပညာ နဲ့ သူ့ ဖန်တီးမှုမှာ ရိုးသားမှု ပါတယ်လို့ ခံစားရတယ်။
ရန်ဖြစ်တာ ပြိုင်ဆိုင်တာလည်း နားမလည်၊ စိတ်ထဲရှိတာ ပြောတတ်လွန်းလို့ အထင်လွဲခံရဟေ့ ဆို သူချည်းပဲဖြစ်နေမှာ စိုးလို့ ကျနော်ရယ် ဆာဆာရယ် ဝိုင်းပြောရတာ မှတ်မိသေးလားဗျ။
မှတ်မိပါ့ဗျာ။ ရွာကို စေတနာထားသူမို့ သူ့ကို မထိခိုက်စေချင်တာကြောင့်လည်း ပါပါတယ်။
အလင်းဆက် လို့နာမည်ကြားတာနဲ့ ကဗျာတွေစာတွေကို အလွန်ခုံမင်နှစ်သက်တဲ့သူ လို့ မြင်ကြပါလိမ့်မယ် ။
ဟုတ်ပါတယ် … ဒီလူငယ်လေးက မော်ဒန်ကဗျာတွေကို အထူးနှစ်သက်ပါတယ် တဲ့ ။
ဒါပေမယ့်လည်း ကဗျာတစ်မျိုးတည်းလား ဆိုတော့လည်း မဟုတ်ပါဘူး ။ မော်ဒန်အတွေး မော်ဒန်အရေးတွေကိုလည်း နှစ်နှစ်သက်သက် ဖန်တီးတတ်ပြန်ရော ။
အက္ခရာတွေအစဉ်လိုက်သုံးပြီး ရေးခဲ့တဲ့ပို့စ်လေးတွေဟာ သူ့ရဲ့မှတ်တိုင်တစ်ခုအဖြစ်ရှိနေမှာပါလေ .။
ရွာ အတွက် ဘယ်လိုဆောင်ရွက်ပေးရင်ကောင်းမလဲလို့ တွေးနေတတ်တဲ့ ဒီလူငယ်လေးဟာ တစ်ခါက ကဗျာပြခန်းတစ်ခုကို တစ်နှစ်နီးပါး အသက်သွင်းခဲ့ဖူးပါတယ် ။
ဂဇက်ရွာကို ချစ်လွန်းလို့ မခွဲနိုင်သေးတဲ့သူတွေထဲမှာ သူကထိတ်ဆုံးကပါ ။
အနေအေးတယ် ၊ ဖေါ်ရွေတယ် ၊ ကူညီတတ်တယ် …… အဲ .… ဒါပေမယ့် ;
ကဗျာတွေနဲ့ပါတ်သက်လာရင်တော့
ရင်ကွဲချင်ကွဲပါစေ ခံစားပစ်မှာဘဲ တဲ့ :mrgreenn:
နိမိတ်ပုံတွေကို ထိထိမိမိသုံးပြီး ခံစား
ချက်ပြင်းပြင်းရှရှနဲ့ ရေးဖွဲ့ထားတဲ့သူ့ကဗျာတွေဟာ ……
ရုတ်တရက်ဖတ်ကြည့်ရင် ဆိုလိုရင်းကိုလိုက်မှီဖြစ်နေတတ်ပေမယ့် …
နောက်ထပ် အကြိမ်ကြိမ်ဖတ်ပြီးရင်တော့
ဖန်တီးသူရဲ့ရင်ဘတ်ထဲကိုမြင်နိုင်ကြမှာပါလေ ………
.
.
၇၉)
နွေးသီး က ကျနော် ဒီ ရွာထဲ ရောက်စ မှာ ပို့(စ) တင် အရမ်းကျဲသွားခဲ့ပြီ။
ဒါပေမဲ့ တောင်ကြီး တန်ဆောင်တိုင် လို ပို့(စ) မျိုးရယ်၊ ရှမ်းစာလေးတွေရယ် တင်တတ်တာတော့ မှတ်မိနေတယ်။
တကယ်တော့ဗျာ …… ကျုပ်ရွာသက် သုံးနှစ်စွန်းစွန်းမှာ ….
နွေးသီး နဲ့ တစ်ခါမှ မဆုံဖြစ်ခဲ့ပါဘူး ။
ရွာထဲမှာ အခုနောက်ပိုင်း စာတွေ ကွန်မန့်တွေမရေးဖြစ်ပေမယ့် ရွာနဲ့ အဆက်ပြတ်တဲ့သူတော့မဟုတ်ပါဘူးလေ ။
ပထမအကြိမ် အလှူမှာကတည်းက ပါဝင်လှုပ်ရှားခဲ့သူပေါ့ ။
အမှတ်မမှားရင် ရခိုင်ဒေသအတွက် အလှူငွေပေးအပ်ပွဲမှာလည်းပါခဲ့သေးတယ်ထင်ပါတယ် ။
ဒါပေမယ့် ကံဆိုးတာက ကျုပ်က အဲဒီနှစ်ကြိမ်လုံးမှာမပါခဲ့ဘူးဗျ ။
သူကလည်းရွာတွေ့ဆုံပွဲတွေမှာ မရှောင်နိုင်တဲ့ အကြောင်းအမျ်ိုးမျိုးနဲ့လွဲခဲ့ပြန်ပါတယ် ။
ဒုတိယအကြိမ် တွေ့ဆုံပွဲတုန်းကတောင် ရှမ်းထမင်းချဉ်လုပ်ပြီးရွာသူားတွေကိုကျွေးဖို့ ပြောပါသေးတယ် ။
မိသားစုတာဝန်တွေနဲ့ မအားတာကိုသိနေတာကတစ်ကြောင်း ၊ ကြိုတင်ပြီး အစားအသောက်တွေမှာပြီးတာကတစ်ကြောင်းမို့ သူ့ကိုတာဝန်မပိစေတော့တာပါ ။
သူတို့တွေက ရွာရဲ့သက်တော်ရှည်အစ်မတော်ကြီးတွေလေ ……
ဘာပဲဖြစ်ဖြစ် တစ်ခါတစ်လှည့် အားရင်တော့ ဝင်လာခဲ့စေချင်သေးတယ် ။
အော် ……… ကျိုင်းတုံ မြီးရှည် စားမိတိုင်းလည်း အမှတ်ရနေပါတယ်ဗျို့ ………
.
.
၈၀)
နွယ်ပင်လေးရဲ့ ဂဂ အကြောင်း ဆက်ပြောရအောင် ဆာဆာ။
မျက်နှာလေးက နုသလောက် သူ့ကိုယ်သူ တက်တူး တွေနဲ့ အကြမ်းဖက်ထားရဲ့။
စကားပြောက ယဉ်ကျေးသမို့ ချစ်ရတဲ့ ဂဇက်မောင်တစ်ယောက်ပါပဲ။
စကားလုံး အားကောင်းတဲ့ ကဗျာရှင်၊
ပေါင်းသင်းဆက်ဆံရေးကောင်းတဲ့ အင်တာဗျူးဝါ တစ်ယောက်မို့ အတုခိုးရတဲ့ သူတစ်ယောက်ပေါ့ဗျာ။
တောက်စ် !! ဆိုပြီး တက်ခေါက်ရင် ကို အာဂ ကို အမှတ်ရလိုက်ပါ ဟဲ ဟဲ ……
ဂဇက်ရဲ့ ဘိုးတော်သက်ရှည် တစ်ဦးပါ ။
ကျနော်တို့ အွန်လိုင်းဆိုတာ ဘာမှန်းမသိခင်ကတည်းက ဂဇက်ရွာမှာ စာတွေရေး ကဗျာတွေရေးနေခဲ့သူပေါ့ ။
စာပေနယ်မှာ ပရိုတစ်ယောက်ဆိုတာ မသိရခင်ကတည်းက သူ့ကဗျာတွေဖတ်မိပြီး လေးစားအားကျမိခဲ့ပါတယ် ။
ထူးခြားတဲ့ ဖြစ်စဉ်လေးတွေကို အသိပေးမျှဝေရင်း နာမည်ရ အနုပညာရှင်တွေကိုလည်းအင်တာဗျူးလေးတွေလုပ်ပြီး ရေးသားခဲ့သေးတာပေါ့ ။
နောက် နာမည်တစ်ခုကတော့ ကိုဘလက်ကြီးရဲ့ ပို့စ်တစ်ပုဒ်ထဲကပါ ။
“”ဒါး အာဂ “” တဲ့ ဘာကြောင့် ခေါ်သလဲဆိုတာတော့ ရှာပြီးသာဖတ်ကြည့်တော့ဗျာ
တကယ်တော့ ကိုအာဂက ဂဇက်ကို အတော်လေး သံယောဇဉ်ကြီးသူပါ ။
မကြာမကြာ ဝင်ဖတ်ပြီး ထိတွေ့နေသူတစ်ဦးပေါ့ ။
ဂဇက်ရွာရဲ့ အမာခံရွာသားတစ်ဦးဖြစ်သလို ဂဇက်ရွာမှာ ပထမဆုံး ဖူးစာဆုံခဲ့သူများ ဖြစ်နေမလား ရယ်လို့ တွေးမိပါသေးဗျာ .………
.
.
၈၁)
နုထွားကြီး (Sorrow) ကို အရည်ဖျော်၊ ပြုတ်သောက်ကြစို့ရဲ့ ဆာဆာ။ :mrgreenn:
ကျနော့ ကော်မန့်တစ်ခုမှာ မေမြို့သားတွေဘက်က မခံချင်လို့ ဝင်ပြောတဲ့ ကောင်လေး အဖြစ်သတိထားမိတာပါ။
ကိုယ့်ထက်ငယ်တာမို့ ရွာသက် ကိုယ့်ထက်နည်းမယ်မှတ်တာ။
သူက ကိုယ့်ကို သိပြီး သူက စာသိပ်မရေးတော့ ကိုယ်က သတိမထားမိဖြစ်နေရတာ။
အင်မတန် ယဉ်ကျေးပြီး ကျား/မ မရွေး ချစ်ခင်တတ်တဲ့ စိတ်ဓာတ်ပိုင်ရှင်လေးမို့ ကျနော် အပြင်မှာ အလုပ် အတူတွဲလုပ်ချင်စိတ်ဖြစ်မိတဲ့ သူငယ်ပေါ့။
(အဟမ်းး စိတ်ဖြစ်တယ်ဆိုတာ ပြောတာနော်။ တကယ် အလုပ်လုပ်ဘူးး ခိခိ) :mrgreenn:
နောက်ပြီး ရေးလက်မှာတော့ မောင်ဂီရော ကျနော်ရော အတင်းမပြောပဲ မနေနိုင်အောင် ရေးပေါက် လှလွန်းတာ သူ့ပို့(စ) တွေဖတ်ကြည့်ရင် သိမဗျာ။
အချစ်ရယ်၊ ဟာသရယ် ရောမွှေရေးတတ်လိုက်ပုံများး ပရိုလက်ပါဗျာ။
ဂျီအမ် မလုပ်တော့ရင် စာရေးစားသင့်တဲ့ မောင်ရင်။
ကျနော်သူ့ ကော်မန့်လေးတစ်ခု ချစ်လို့ ယူယူသုံးချင်သဗျ။ ဘာတဲ့ “ပါစင်နယ် မပါဂျေးး၊ ပါစင်နယ် မပါဂျေးးး” တဲ့။
ကျနော်ကတော့ သူ့ကို ကိုစိုင်းလို့ခေါ်တယ်ဗျ ။
အလွန်ခင်မင်စရာကောင်းပြီး လေးလေးနက်နက်တွေးဆတတ်သူပေါ့ ။
အော် …… ရွာထဲမှာ ပျော်ပျော်နေတတ်လို့ မထင်ရဘူးမဟုတ်လား ……
ဒါက ဒီလိုရှိပါတယ်လေ …… သူ့ရဲ့တက်ကြွလန်းဆန်းနေတဲ့ဟန်ကို ခင်ဗျားတို့မတွေ့ဖူးသေးလို့ပါ ။
တစ်နေ့သောအချိန် တစ်ခုသောနေရာမှာ သူနဲ့ဆုံဖြစ်ခဲ့မယ်ဆိုရင် ခင်ဗျားတို့မထင်ထားတဲ့ တည်ငြိမ်မှုမျိုးကိုတွေ့ရမှာပါလေ ……
ဒါနဲ့ အဲဒီကိုစိုင်းက ရွာမှာတိတ်တိတ်လေးစာဖတ်နေတာကြပြီဘဲဗျ ။
ရွာသက်က သုံးနှစ်နီးနေပြီလေ ။ ဒါကြောင့် ရွာအကြောင်းကိုနောကျေနေတာပေါ့ ။
အဲ …… စာရေးကောင်းပါလျှက်နဲ့ မရေးဖြစ်တာကတော့ တာဝန်တွေပိနေလို့ပါ တဲ့ ……
ရွာ သံယောဇဉ်နဲ့ ဖုန်းလေးဖွင့်ပြီး ဖတ်နေတယ်ဆိုလားဗျာ ။
ဒါပေမယ့် အရေးအကြောင်းရှိရင်တော့ ရောက်လာတတ်ပါတယ် ။
ပေးစရာမက်ဆေ့ချ်တွေရှိရင်လည်း ရွာကိုပို့ပေးသေးတာပေါ့ ။
ဟုတ်ကဲ့ …… ဘာဘာညာညာလေးတွေကိစ္စကတော့ ကျနော်မပြောတော့ဘူးဗျာ သူနဲ့တွေ့မှမေးကြည့်ပေတော့
.
.
၈၂)
ဒီမယ် ဆာဆာ၊ မင်းသမီးမဟုတ်တဲ့ အမျိုးသမီးထဲ မြန်မာအလှ စစ်စစ်ကို ပြပါဆိုရင်တော့ မဝင်းနား (Winner Gets Prize) ကို ဇွတ်ဆွဲခေါ်လာမဗျာ။
သူ့ အလှမှ အပြစ်ဆိုစရာ မရှိသလို စိတ်ဓာတ်ဖြောင့်မှန်တယ် ဆိုတာလည်း ပို့(စ) တွေမှာ မြင်ရမှာပါ။
မိန်းကလေးတွေကို ကောင်းစေချင်တဲ့စိတ်၊ လမ်းမှန်စေချင်တဲ့ စိတ်မျိုးလေးတွေ ကိုယ်တွေ့ အခြေခံရေးထားတဲ့ ပို့(စ) လေးတွေမှာ တွေ့ရမှာမို့ ဂဇက် အလှ တပါး အဖြစ် သတ်မှတ်ရမှာပါပဲ။
“” မြိုင် “” တဲ့ ……… ဪ သူရေးနေကျ ပို့စ်တွေထဲကဇတ်ကောင်နာမည်ပါဗျာ
ဘာပဲဖြစ်ဖြစ် မြိုင်လို့ဘဲ ဆက်၍ခေါ်ပါ့မယ် မြိုင် :kwi:
တကယ်တော့ ဒီရွာသူ မြိုင်က ရေးသမျှပို့စ်လေးတွေမှာ မက်ဆေ့ချ်လေး တစ်ခု အမြဲပေးတတ်တာပါ ။
ဂဇက်ရွာမှာ ပို့စ်တင်တာ နဲပေမယ့် အမြဲလိုလို ဝင်ဖတ်နေမယ်လို့ယူဆမိပါတယ် ။
ဘာလို့လဲဆိုတော့ ထူးခြားဖြစ်စဉ်လေးတွေပေါ်ပေါက်တိုင်း မြိုင် တို့က သိနေတတ်လို့ပါ ။
လေးလေးနက်နက် တွေးဆတတ်တဲ့ အလေ့အကျင့်ရယ် …… စေ့စေ့ စပ်စပ် လုပ်တတ်တဲ့ ဆောင်ရွက်ချက်တွေရယ် …… တာဝန်ယူတတ်တဲ့ ခေါင်းဆောင်ပီသမှုတွေရယ် …… ဒါတွေ ဒါတွေ ကို မြိုင် ရဲ့ပို့စ်တွေမှာ ရောင်ပြန်ဟတ်နေတာ တွေ့ရမှာပါ ။
“” အဆိပ်ခတ်အဖွဲ့ကြီး …… “” တို့ “” အီစီကလီ ယောက်ကျား … “” တို့ ဖတ်ပြီး အမှတ်ရနေတဲ့ပို့စ်တွေပါ ။
“” အီစီကလီ ယောက်ကျား …… “” ပို့စ်ကိုဖတ်ပြီး ဆောင်ရန်ရှောင်ရန်လေးများကိုလည်း သတိထားတတ်နေပါပြီ ။ ဆိုတော့ …… မကြာ မကြာ လာပါ မြိုင်
.
.
၈၃)
ဟဲဟဲ။ ကို ဝေအောင် ကြီး ဘယ်ရောက်နေလဲ မသိဘူးး
ဦးကြောင် ပျင်းနေရော့မယ်။ မ စ ရတာ ကြာလို့။ :mrgreenn:
ဟိုတစ်နေ့က သူငယ်ချင်းတစ်ယောက် မေမြို့ဘက် ခြံဝယ်ပြီး သစ်မွှေးစိုက်ချင်တယ် ဆိုလို့ သူ့ ပို့(စ) တွေ ပြန်မွှေပြီး ရှာပေးလိုက်ရတယ်။ အဲဒါနဲ့ သတိရပြီး ဆာဆာ့ကို မေးရတာ။
သစ်မွှေးးး လို့ဆိုလိုက်တာနဲ့ ငယ်ငယ်က ကြားဖူးခဲ့တဲ့ စန္ဒကူးကျောင်းတော်ရာ ကိုသတိရမိပါတော့တယ် ။
သစ်မွှေးဆိုတာ အလွန်ရှားပါးပြီး ယက္ခ ဂုမာ္ဘန် ခြံရံထားလေတဲ့ အပင်မျိုးလို့တောင်မှ ထင်မိခဲ့တယ်ပေါ့ ။
ဒီလို အတွေး ဒီလို မှတ်သားခဲ့မှုတွေကို ပြောင်းလဲသွားစေတဲ့ သူကတော့ ………… သစ်မွှေးစိုက်ပျိုးရေးပညာရှင် “”ကိုဝေအောင်”” ပါဘဲ ။
ကိုဝေအောင်ရဲ့သစ်မွှေးပို့စ် တွေကိ်ုဖတ်မိပြီးတဲ့အချိန်မှာ အရင်ကဘယ်လိုမှမသိခဲ့တာတွေလည်း သိသွားခဲ့ရပါတယ် ။
တကယ့်ကို ဗဟုသုတ ရစေတဲ့ပို့စ်တွေပါ ။
ကိုဝေအောင်ရေ ……… ရွာထဲမှာ သစ်မွှေးတွေ အော်ဂင်းနစ်မြေဩဇာတွေအကြောင်း လာပြောပါဦးဗျို့ ………
.
.
၈၄)
အဟမ်းး ဒီ တစ်ပိုင်းကို ယောက်ခမွ နဲ့ စ ပြီး ဒက် နဲ့ အဆုံးသတ်တာပေါ့။
ဆွေ့ ဆီမှာ ကျနော် ကြိုက်တဲ့ အရည်အချင်းတွေ များလွန်းလို့ ချက်ချင်းကို မွေးစား အဖေကောက်တော်ထားရတယ်။
အချက်အပြုတ်..
အကအခုန်..
အသောက်အစား..
အမွှေးအကြိုင် …စတာတွေမှာ ဆရာ တစ်ဆူမို့ ကျနော့ ဘရန်းပို့(စ) တွေ အတွက် စွယ်စုံကျမ်းတစ်ခုပါ။ :mrgreenn:
ကိုယ်တိုင် စာရေးဖို့ကို တိုင်ပင်း နှေးတာရယ် စိတ်ပါမှ လုပ်ချင်တဲ့ အကျင့်ရယ်မို့ နောက်က တွန်းအားမပါရင်စာမရေးဘူးခင်ဗျ။
ကျန်တဲ့ ပါစင်နယ်လတီကတော့ စကားမပြောဖူး မတွေ့မမြင်ဖူးတာမို့ ဆာဆာပဲ ပြောတော့ဗျာ။
ရွာထဲရောက်တော့ လူတွေက သူ့ကို “” အဘဆွေ”” တဲ့ …… အင်းးးး သက်တော် ဝါတော်ကြီးကြီး အဖိုးကြီးလားပေါ့ … ရွာထဲမှာကလည်း အဘတွေကများတယ်လေ ။ ဒါနဲ့ဘဲ သူများတွေအဘ ဆိုတော့ ကိုယ်လည်း အဘပေါ့ ။ တကယ်တော့ ကျနော်ရောက်ပြီးနောက်ပိုင်းတွေမှာအဘဆွေက ရွာဝင်အလွန်နဲတယ်ဗျ ။ မကြာမကြာအပြင်ကဘဲ ဖတ်နေလေတော့ သိပ်မဆုံဖြစ်လေဘူး ။ ဒါပေမယ့် ဒီရွာရဲ့သဘောကိုက စာတွေကနေတစ်ဆင့် ပုံဖေါ်ရင်းနှီးနေတာဆိုတော့လေ ……
ဒီလိုနဲ့ …… ၂၀၁၂ လောက်မှာ ကိုဘလက်က ဖက်ဖက်ကက်ကို စာမူဆုဆိုပြးီ တစ်ဦးတည်းသီးသန့်ဂုဏ်ပြုရာကနေ
“”မန်းဂဇက်ချစ်သူများ စာပေဆု “”ဆိုပြီး စတင်စိတ်ကူးကြပါတယ် ။ အဲံဒီမှာ ပထမဆုးံ စပွန်ဆာပေးသူကတော့ ကျနော်တို့ရဲ့ ချစ်လှစွာသော “”ဗေတားဘဆွေ” ပါတဲ့ ခင်ဗျာ ။
ဘဆွေက စာသိပ်မရေးကွန်မန့်အပေးနဲပေးမယ့် ဂဇက်ကို မပြတ်တမ်းဖတ်နေသူပါ ။
ဘယ်လောက် ဇဝနညဏ်ရွှင်လည်းဆိုတာတော့ ဆုံဖူးသူတွေသိကြပါလိမ့်မယ် ။
တကယ်လို့များ …… ခင်ဗျားတို့ဟာ ရ နာရီတိတိ ပါးစပ်မပိတ်အောင် ရီစရာတွေပြောချင်တယ်ဆိုရင်တော့ ကျုပ်တို့ အဘဆွေနဲ့ ခရီးတစ်ခုလောက်ထွက်ကြည့်စမ်းပါဗျို့ ………
အသာလုပ်ပါ။ ဒက်နဲ့ ခရီးထွက်ချင်သူတွေ များလာပါဦးမယ်။ အဟွတ်။ :kwi:
~~~~~~~~~~~~~~~~~~~~
74 comments
နောင် ရိုး
August 19, 2014 at 3:12 pm
အရင်လာအော်တာ…..
ဗြဲ……….
ဇီဇီ ခင်ဇော် (15102012)
August 19, 2014 at 3:21 pm
ငင်။
မြန်ထာ။
မအော်နဲ့။
နိ အလှည့်ကျရင် အော်ငိုရအောင် ပြောပေးမယ်။
:kwi:
ကထူးဆန်း
August 19, 2014 at 3:13 pm
ဟိုလူ့ သတိရ ..
ဒီလူ့ သတိရ ဖြစ်အောင် လုပ်ပေသကိုး …
သံယောဇဉ်မဖြတ်နိုင်အောင်လုပ်နိုင်ကြပါပေရဲ့ ….. :kwi:
ဇီဇီ ခင်ဇော် (15102012)
August 19, 2014 at 3:22 pm
ဖြတ်တဲ့ သူတွေက ဖြတ်ကုန်ပါပေါ့။
သံယောဇဉ်!!
:a:
ကိုပေါက်(မန္တလေး)
August 19, 2014 at 3:36 pm
ဒီပိုစ်ထဲ လူ တွေ ထဲ က ကျနော် သ တိအ ရ ဆုံးလူ လို့ ပြောရ ရင် နွေးသီးပါဘဲ။
သူလဲ ကျနော့်ကိုအမှတ်ရမယ်ထင်ပါတယ်။
သူ့နာမယ် နွေး သီး (နွေးသီးဆိုတာအင်းလေးဒေသ က အာလူးသီးကိုခေါ်တာပါ)
ကို ယူ ပြီး ကျနော် က နွေး သီး ဆို တဲ့ ဝတ္တုလေး တစ်ပုဒ် ဖန်တီး ဘူးလို့ ပါ။
ကျနော်ရန်ကုန် ရောက်တဲ့ အခါ တိုင်း သူအားလပ်ရင် နှစ်ယောက်ဆုံခဲ့ဘူးလို့ပါ။
မှတ်မှတ်ရရ ကတော့ မယ်သဲ ရယ် မခိုင်ရယ် နွေးသီးရယ် မဒမ်ပေါက်ရယ် ကျနော်ရယ် ရွှေတိဂုံ ဘုရားပေါ်မှာ ကဆုန်လပြည့် နေ့ မှာ ဆုံ ဘူး ကြ တာပါ။
ဇီဇီ ခင်ဇော် (15102012)
August 19, 2014 at 3:38 pm
နွေးသီးလည်း ပျောက်သွားတာကို ၂ နှစ်နီးပါး ရှိရော့မယ်။
အပြင်မှာ အဆက်အသွယ်ရှိရင် ပြောပေးပါ လေးပေါက်။
🙂
မွသဲ ( 17082011 )
August 19, 2014 at 7:18 pm
ဟုတ်ပါ့လေးပေါက်ရယ် ဒါ့ပုံလေးတွေပြန်ကြည့်ဖြစ်တိုင်းသတိယတယ်
sorrow
August 19, 2014 at 3:53 pm
အဟိဟိဟိ ..ပျော်လွန်းလို့ ဘာမှမပြောနိုင်အောင်ဖြစ်ရပါတယ် …
ဇီဇီ ခင်ဇော် (15102012)
August 19, 2014 at 6:44 pm
အာ့ဆို လက်ဖက်ရည်တိုက်..!!!
:s:
ခင် ခ
August 19, 2014 at 4:46 pm
ဒီပဉ္စမလမ်းမှာ ကိုမိုက်ကယ် ဂျော်နီအောင်ပု နေတာကိုး။ ဟိုရင်တုန်းက သူ့အိမ်ရှေ့ ဆိုးဆိုးဝါးဝါးအော်သံကြားရင် ထွက်ထွက်ပြီး ကလော်တုတ်လေ့ရှိသော်လည်း အခုတော့ ပျောက်ချက်သားကောင်းနေလေရဲ့ အိမ်များပြောင်းသွားရော့လားကွယ်။
သတိရမိပါရဲ့ဗျာ။
ဇီဇီ ခင်ဇော် (15102012)
August 19, 2014 at 6:35 pm
ဟုတ်ပါ့ဗျာ။
အလစ်သုတ် (ဟုတ်ပေါင်) အလုပ်သစ်ဝင်တယ် ဆိုလား ဘာလားမို့။
:kwi:
ရွှေတိုက်စိုး
August 19, 2014 at 5:00 pm
မင်းမော်တိုက် ဆိုပါလား… ဟေ့ဟေ့
ခီများဒို. ကျုပ်ဟာကျုပ ်ကလေးထိန်းနေတာကို… စာဖတ်ပို.စ်တင်ချင်အောင်လာဆွပြန်ဘီ…. ဟွင်းဟွင်း..
ဒီရွာမှာ ပုပုလေးနဲ.ချောတာ ကျုပ်ဆိုတာလဲ ထည့်ပြောအုံးမှပေါ့ဗျာ………ခုခိခုခိ….
ကိုပေါက်(မန္တလေး)
August 19, 2014 at 5:26 pm
မိတိုက်မ
ညည်းသမီးလေးအကြောင်းပိုစ်တွေ ရေး လေ
ပုပုလေးနဲ့ချောတာ ကိစ္စ န မရှိ ဘူးနော်
စိမ်းဒဗလယ်စိမ်း က စိတ်မချဖြစ်နေမယ်
ရွှေတိုက်စိုး
August 20, 2014 at 9:59 am
ဟုတ်လေးပေါက်ရေ….
အုပ်ထိန်းသူစိတ်မချလဲ စိတ်မချချင်စရာပဲလေ… သများက ပုချောလေးဂိုးးးးးးးအေ့ ခစ်ခစ်ခစ်
ဇီဇီ ခင်ဇော် (15102012)
August 19, 2014 at 6:32 pm
အေးပါ
ပုချောလေးရယ်။
သမီးလေးကို ခဏ ခဏ ခွင့်တောင်းပြီး ရွာထဲကို ခဏခဏ ဝင်ပါဟယ်။
:kwi:
ကိုပေါက်(မန္တလေး)
August 19, 2014 at 5:02 pm
ကိုခ မိုက်ကယ်ဂျော်နီ အောင် ပု က ကျနော်ကိုပုန်းနေတာဖြစ်မယ်။
သူက ကျနော်ဓါတ်ပုံတစ်ပုံ ကို ပေါက်ကရ လုပ်သွားတာလေ။
အဲဒါလျော်ကြေးပေးရမှာ စိုးလို့ ရှောင် နေတယ် ထင် တာဘဲ။
အာဂ
August 19, 2014 at 5:21 pm
အဟမ်း…အဟမ်း…..ဘယ်တော့များပါလဲစောင့်နေတာ…အဟမ်း..ဟမ်း….။ ကိုယ့်အကြောင်းကို ဖတ်လိုက်ရပြီး အဟမ်း…နည်းနည်း လေပေါ်မြောက်သွားပါကြောင်း…။ အဟမ်း…အဟမ်း…ကျေးဇူးပါ။ အဟမ်း…အဟမ်း….။
ဇီဇီ ခင်ဇော် (15102012)
August 19, 2014 at 6:29 pm
ဟုတ်ပါ့ အေ။
နာ တို့ က ညလေး နွယ် ကို အရင်းရေးမိပြီး
မောင်လေး ဂ က နောက်ကျနေတာကိုးးး
ရှောဒီးးး
ရှောဒီးး
အဟမ်းးး အဟမ်းး
:s:
Mr. MarGa (12512)
August 19, 2014 at 6:26 pm
အဟွတ် အဟွတ်
ဒီအပိုင်းမှာတော့ မသိတဲ့သူမချိသလောက်ဖြစ်သွားပြီ
ဟို ကချင်နုထွားကြီးကိုတော့ သိပ် ကျေနပ်သေးဘူးဗျာ
(ခုထိ ထမင်းလိုက်မကျွေးသေးလို့) :s:
ဇီဇီ ခင်ဇော် (15102012)
August 19, 2014 at 6:30 pm
အာ့ဆို ခဏစောင့်ကြပါအူးးး
နာ လည်း နုထွားကြီးကို ညှင်းချင်လို့ပါ။
အဟွတ်
:s:
မွသဲ ( 17082011 )
August 19, 2014 at 6:46 pm
ဟေးးးးးးးးးးးးးးးးးးးးပါပြီကွ။ အဲ့ ချီးမွမ်းတာတွေများလို့ မျက်နှာဂျီးဘယ်နားထားရမှန်းမတိ
အဲ့ စည်ဘင်ရဲရှာနေဒယ်ဆိုလို့ပုန်းနေတာပေါဒါဘာ 🙂
ချွေးမွလေးကိုတော့အားဂျီးချစ်။ သူအပြင်ဘဝသိတော့ ပိုချီးကျူးမိပါတယ်။ တော်ရုံမိန်းကလေးတွေအဖို့မလွယ်ပါဘူး။ တကယ်လေးစားပါတယ်။
အိုက်ထဲကမှ ဂဏန်းရီးနဲ့ကညိဖူးဒယ်။ အရင်ကမုန်းချက်။ ဒါပေသိ စကားပြောကျိမှ ပြောပေါက်ဆိုးတာသိတာ။ ခုတော့ခင်သွားဘီ 😀
နောက်ဗေတား သူ့ကိုတော့ပထမ အတော်ရှိန်တာ။ နောက်တော့မှ အဟိ ခင်တွားဒါ။
နွေးသီးလဲ ကလေးလေးနဲ့နေကောင်းလားမသိ သတိယတယ်။
ဒီတပိုင်းမယ်တော့ ဝေအောင်နဲ့မြိုင်ကို သိသလိုလို မသိသလိုလို။
အဲ့လှဒယ်ပြောလို့ပြန်လာရင်မုန့်ကျွေးမယ် :sar:
ဇီဇီ ခင်ဇော် (15102012)
August 19, 2014 at 6:50 pm
အဟီးဟီးးး
ဒီလူ ဒီလူ မပါစရာလားးး
ဟင်းအိုးသွန်မှာ ကြောက်ရို့။
:s:
မွသဲ ( 17082011 )
August 19, 2014 at 7:20 pm
ဟိဟိ ဒီနေ့အမောပြေချက် ခွစ်ခွစ်ခွစ်
ဇီဇီ ခင်ဇော် (15102012)
August 19, 2014 at 7:21 pm
ခွိခွိ
အာ့တွေ ချစ်ရတာ။
ဂျီး ဝါး ကို ပြောပေးပါအူးး မွသဲ။
:chit:
မွသဲ ( 17082011 )
August 19, 2014 at 7:42 pm
ဟုတ်ပါ့ တူ ဖဘမှာတောင်မတွေ့ဘူးလွမ်းနေတယ် ။ ရှာကြပါအုံး
မွသဲ ( 17082011 )
August 19, 2014 at 7:44 pm
ဂျီဝါးကိုတော့ စိတ်တူတယ် ထင်လို့ ချစ်တယ်။ ကိုယ့်လိုပဲဂွကျကျ ပေတေတေမို့ ထိပ်ဆုံးခင်မင်သူတွေထဲပါသပေါ့။
ဦးဦးပါလေရာ
August 19, 2014 at 11:40 pm
.ဒီစီးရီးက ကောင်းတာကတော့ ထားပါတော့
.သရုပ်ဖေါ်ပုံကလေးတွေကလဲ လက်လန်အောင် ကောင်းလှပါကလားနော..
ဇီဇီ ခင်ဇော် (15102012)
August 20, 2014 at 8:57 am
ဥဥပါ
သရုပ်ဖော် ပုံထဲ ပါချင်သလားဟမ်?
သများ အိမ်စာပေးလိုက်မယ်နော်။
မြစာကလေး (23122011)
August 20, 2014 at 1:33 am
ဒီ Post လာတိုင်း ဘယ်သူတွေ ပါမယ် ဆိုတာထက် မနန်း တစ်ယောက် ဇီဇီ နဲ့ ဆာဆာ ကို ဘယ်လို ပုံ ပြင်ပေးမယ် ဆိုတာ ကို ပိုပြီး စိတ်ဝင်စားပါတယ် ဆိုရင် ဇီဇီ ဆာဆာ မျက်စောင်းထိုး မလားဘဲ။ 😉
ပုံလေး တွေ ကို အရမ်းကြိုက်တယ် မနန်း။
တကယ်တော်တယ်။
ကဲ အခုတော့ ဘိဇနက် စမှဖြစ်မယ်။
(၆၆) သဲနု – သူ့မှတ်ချက်တွေ Post တွေ ဖတ်လိုက်ရင် ခပ်ထက်ထက် မိန်းမ တစ်ယောက် လို့ တန်း သိကြမှာပါ။
ဒါကြောင့်လဲ ကဘုန်းကျော် နဲ့ အချီအချ ပြောနိုင်သပေါ့။
အချက်အပြုတ်မှာလဲ စွန့်ဦးတီထွင်နိုင် တာ အများအသိ။ ချဉ်ပေါင်ထဲ မန်ကျည်းနှစ် ဘူသူ ထည့်ဖို့ သိမလဲ။
ကဲ အခုတော့ တို့ မွသဲ ကြောင့် စားရကောင်းမှန်း သိကြပေါ့။
အင်းယားမှာ မီးပျက်တာကို အော်ထားတာလဲ သတိရတယ်။ လမ်းပေါ် ကို့လို့ ကန့်လန့် တွေ့သမျှ မှတ်တန်းတင်တာလဲ အမှတ်ရတယ်။
နောက် သဲနု Post တစ်ပုဒ် မှာ ပုံကြည့်ပြီး ပဲကြာဇံ၊ ဆန်ကြာဆံ ဇဝေဇဝါဖြစ်ကြတာ သတိရပါ့။ ရွာ ထဲက ဟင်းချက် နည်းတွေ ထဲ က လုပ်စားခဲ့ဘူး တဲ့ ကြက်သား နဲ့ ပေါင်း တဲ့ ကြာဇံ ပေါ့။
နောက် သဲနု ကို မောင်ပေ ဝင်ဝင်ပြီး “သဲလေး” ခေါ်တာလဲ မှတ်မိနေတယ်။
(၆၇) ရာမည – ရွာ လုံခြုံရေး ရဲ ကြီးပါ။
တကယ်တော့ စာရေးကောင်းသူ တစ်ယောက် ဖြစ်ပြီး မေ့သလောက်ရှိမှ ပေါ်ပေါ်လာသူ ပေါ့။
ဥပဒေ ရေးရာ နှံ့နှံ့စပ်စပ် သိသူပြီး ခင်မင်ဖို့ ကောင်းတဲ့လူတစ်ယောက် လို့လဲ မှန်းမိတယ်။
သူက “အခြောက်ဆန့်ကျင်ရေး” တဲ့ ကွန်ဆာဗေးတစ်ကြီး။
ကိုယ်က “အခြောက် လက်ခံရေး” ကွန်ဆာဗေးတစ်ကြီး။
သို့ပေသည့် ပူပေါင်းစစ်ဆင်ရေးတော့ ဝင်လို့ ရပါတယ်နော်။ 😉
(၆၈) မှော်ဆရာ – ရွာအဝင် မှာ ကြိုဆိုခဲ့ သူထဲ မှော်ဆရာ တစ်ယောက်လဲ ပါပါ့ရှင်။
မှော်ဆရာထက် မှော်သားလေး ကို ပိုပြီး သတိရမိတယ်။
သနပ်ခါး ပါးကွက်ကြား နဲ့ ချစ်စရာ ကလေးလေး က ကစားတဲ့ ဓားကြီး နဲ့ ကစားနေတဲ့ ပုံလေး ကို ပေါ့။
ဒီ ကလေးလေး လဲ အခု အတော်လေး ကြီးရော့မယ်။
သူလဲ ဓာတ်ပုံဆရာ တစ်ယောက်မို့ အမြဲ အလုပ်များ နေသူလို့ ထင်မိတယ်။
ဒါပေမဲ့ အားချိန် အသံလေး ပြု ပါ မှော်ဆရာရေ။
(၆၉) ဘပု – မယုံမရှိနဲ့။
သူ့ကို ရွာထဲ မဝင်ခင် ဟို ဆိုက် တစ်ခု မှာ ထဲက မျက်မှန်းတန်းမိ ခဲ့တာ။
ရွာထဲ မှာ လဲ တွေ့တော့ အတော်ခြေများ သူကြီး လို့ တောင် မှတ်ခဲ့တာ။
အခုတော့ ခြေရာပျောက်နေပါရော့လား ဘပု ရဲ့။
သူ့ကို မှတ်မှတ်ထင်ထင် ခင်မင် သွားတာကတော့ ရွာ့ ပထမဆုံး အလှူ မှာ သူလဲ အစောကြီး ထ ရွာထဲ ဝင်ပြီး နိဗ္ဗာန်ဆော် လုပ်လိုက်ချိန်ပေါ့။
သူ့ကြည့်ရတာ အပြောကြမ်းပေမဲ့ အသဲက နုနု လေးလားဘဲ။
သူ့ Post ကို မှတ်မိတာကတော့ သူ့မွန်ပုဆိုး အနီကျား ကြီးပြပြီး တောက်တဲ့ အကြောင်းရေးထားတာ။
(၇၀) Wow – ဒါလဲ ရွာ့ ရဲ့ လက်စွမ်းထက် ကွမ်းတောင်ကိုင် တစ်ယောက်ပေါ့။
အပျိုချော ပေမဲ့ သိပ်တော့ အပြောချို မယ် မထင်။
သူ့ဟာသူ မိန်းမ ဖြစ်ကြောင်း သက်သေပြ ခဲ့တဲ့ Post ကိုလဲ မှတ်မိပါတယ်။
အဲ့ဂလို ဟာသတွေ လဲ ရေးပါဦး။
ဒီဇိုင်နာ အတွေး လိုမျိုး လေးတွေ လဲ မျှပါဦး။
လှုပ်စိစိ နှုတ်ခမ်းလေး ကို မပြင် ဘဲ ထား လို့ သစ္စာကြီးသူ လားလို့ ကြုံတုန်းမေးဗျ စေ ကွယ်။
(၇၁) နိဂိမိ – အာဟား။
ကျုပ်ရဲ့ ပထမဆုံး ရန်သူတော်ကြီး (မွှား လို့ ) အချစ်တော်လေး လာပါပြီရှင့်။
မျှော်လိုက်ရတာ။
ဇီကလေး ရဲ့ တကယ်တော့ ဟိုးအရင်က ဂဇက် ရွာ က အဝင် မှာ ယက္ခ ဂုမ္ဘာန် ဝန်းရံ စောင့် ခဲ့တာ။ ဟုတ်တယ်မဟုတ်လား မောင်ဂဏန်း။
Post တစ်ပုဒ် မှာ သူ့ ကိုရီးယားချဉ်ပတ် အကြောင်း ပြောပြီး ဘာမဆိုင် ညာမဆိုင် ရခိုင်သူလေးများ ဟာ ဖြင့် အရပ်အမောင်းကောင်းဝပြီး အသားအရေ စိုပြေ ကြောင်း အင်မတန် ကြည့်ကောင်းကြောင်း ဝင်ကြော်ငြာ ခဲ့တာ မမေ့ပါ။
အဲ့ ရခိုင်သူ အပျိုချော လေးက များ ဒီ ဂဏန်း ကို ချက်စားလိုက်ပြီလားမသိ။
အသံလေးများ ပြန်ပေးပါဦးတော့လား။
(၇၂) ပန်းချီဆရာ – ရွာ့ပန်းချီ လက်ရာကျော် ကိုခေါင် ရဲ့ ပုံလေးတွေ ရသမြောက်တဲ့ စာလေးတွေ မတွေ့ရတာ ကြာပေါ့။
ရွာထဲ ဒီ ပုံ လေး တွေ ဒီ စာလေးတွေ ဖန်တီး တဲ့ သူ ရှိနေတာ ကို ဂုဏ်အယူကြီး ဂုဏ်ယူနေရ တာပါ ပန်းချီဆရာ။
အလုပ်များတာရယ် မျက်စိကြောင့် ရယ် နဲ့ ပျောက်နေတာလို့ ဘဲ တစ်ဆင့်ကြားနိုင်တော့ တယ်။
အတင်းပြန်လာပါ မပြောရက်ပါဘူး။
ဒါပေမဲ့ မျှော်နေသူများ အပြည့်ရှိနေကြောင်းလေး ကိုတော့ သိစေချင်ပါတယ်။
(၇၃) သုဝေ – တက်တူးဆရာ ကို သိနေပေမဲ့ သိပ်ပြီး စကားမပြောဖြစ်လိုက်ပါ။
တက်တူး အကြောင်း အမှတ်တရလေးတွေ နဲ့ အသံလေး ပြန်ပြုပါဦး ကိုသုဝေ။
(၇၄) ဂရင်းရိုစ့် – သူလဲ တော်တော်လေး ထက် တဲ့ မိန်းကလေး ထင်ပါတယ်။
သူ့ လေး တွေ က မများ ပေမဲ့ အနှစ် တွေ ပါအောင် ရေးသူပါ။
“အတတ်ပညာနဲ့ ဘာသာစကား ဘာကိုရွေးကြမလဲ” ဆိုတာလေး က ရွာထဲ ဝိုင်းပြီး ဆွေးနွေးပွဲလေးဖြစ်ခဲ့တာ အမှတ်ရပါတယ်။
အားရင် ရွာထဲ ပြန်ဝင်လာစေချင်ပါရဲ့။
(၇၅) ရွှေတိုက်စိုး – တိုက်တိုက် ဆိုတာ နဲ့ သူ့ မီးပုံးပျံ Post ကို တန်းမြင်တာဘဲ။
အံအားသင့် သွားအောင်ကို အနုပညာလက်ရာမြောက်အောင်လုပ်နိုင်တာ ပါ။
မျက်နှာချိုချို လေးမှာ မထင်ရင်မထင်သလို ဂွစကားပြောတတ်သူလေး။
ဒီ တိုက်တိုက် တစ်ယောက်တော့ အုပ်အုပ် ကို ဘယ်လောက် မြတ်နိုးတယ်၊ သမီးလေး ကို ဘယ်လောက် ယုယ နေမယ် ဆိုတာ အရီး တွေးနေလေ့ ရှိတယ်လို့ ပြောရင် ယုံ မယ်မထင်ဘူး။
သူ့ သမီးလေး ပုံ ပို့ ဖို့ စာရေးမယ် လို့ စိတ်က ရောက်လဲ လက် က မပို့ ဖြစ်ခဲ့။
အခုသိ ရင် ပို့ ပေးပါနော်။
အုပ်အုပ် ကိုလဲ အရီးက သတိရပါတယ်လို့။
(၇၆) အစ်မအေး – ကိုယ်ရွာသူ ဖြစ်စ မှာ ညဖက် ရွာထဲ ဝင်ချိန် အစ်မအေး Post လေးတွေ တက်လာတတ်တယ်။
သူ့ဘကြီး ရဲ့ အကြောင်းတွေ၊ သူတို့ ငယ်တုန်း က မိသားစု အကြောင်းတွေ၊ သူ့ အစ်မ ချောချောလေး အကြောင်းတွေ ဖွဲ့နွဲ့ပြီး ရေးတတ်တာလေး ကို လွမ်းနေပါတယ်။
တီချယ်ကြီး တီတီနု နဲ့ အစ်မ အေးကေကေ တို့ မွေးနေ့ အမှတ်တရ တူကြတာလဲ သတိရမိလိုက်ပါရဲ့။
သံသရာပြတ်လမ်း ရှာနေသူ ကို အနှောက်အယှက်တော့ မပြုချင်ပေမဲ့ သတိရနေတာလေး ကြောင့် အသံလေး ပြုနိုင်ရင် ပြန်ပြီး ပြုပါ ဦး အစ်မရေ။
(၇၇) အလင်းဆက် – အောင်သိန်းလင်း လား အောင်သန်းလင်းလား ။ ဘူသူနဲ့ တူ ဆိုလား။
ဒီ ဆက်ဆက် ပေါ့။
တော်ရုံ နားမလည် နိုင်တဲ့ ကဗျာ တွေ ရေးနိုင်တာ တော်ရုံ အစွမ်းတော့ မဟုတ်ဘူး ဆက်ဆက် ရဲ့။
ကဗျာပြခန်းလေး ကို လဲ လွမ်းပါတယ်။
ရွာထဲ စကားများ သူ က အပြင်မှာ စကားနဲ မှာ လို့ မှန်းကြည့် ထားတယ်။
ရိုးသားတဲ့ သွင်ပြင်လေး ကိုလဲ သတိပြု လေးစားရပါတယ်။
မင်းသမီးလေး ချစ်သုဝေ ကို ချိန်တော့ ဟို က ကြင်ဖော်တွေ့ သွာတာ ကြား က စိတ်တောင် မကောင်းဘူး။
စိတ်မကောင်းတာတောင် မပြောရသေး ဖွေးဖွေး တဲ့။
မပြောတော့ဘူး။
(၇၈) ရင်ငြိမ်းနွေး – အတော်လေး စာရေးကောင်း တဲ့ ရှမ်းမချောချောလေးပါ။
အိမ်ထောင်ကျ သမီးလေး ရတာ တိုက်တိုက် တို့ နဲ့ ရှေ့နောက် ဘဲ။
တောင်ကြီး မှာ ရလ နီးပါး အလုပ်လုပ်ခဲ့လို့ တောင်ကြီးသူ ဆိုတာနဲ့ ပစ်ပြီး ခင်မိတာဘဲ။
သူ့ရဲ့ “ကျွန်မနှင့် သမ္ဘူလ ” Post မှာ ကိုစံလှကြီး အားဖြည့် ပေးခဲ့တာ အတော် ပျော်ဖို့ကောင်းပါတယ်။
သူက နယ်ကမို့ ရန်ကုန်မှာ အဆောင်နေ အတွေ့အကြုံ လေးတွေပြောပြောပြတာ တကယ်ဘဲ စိတ်ဝင်စားဖို့ကောင်းတယ်။
သမီးလေး ကြီး လာရင် ရွာထဲ ပြန်ဝင်ခဲ့ပါ ရင်ငြိမ်း ရယ်။
(၇၉) အာဂ
ဒီ “ဂဂ” ကလဲ ကိုယ့် အချော်တစ် လေးထဲက တစ်ယောက်ပေါ့။
ဘာလို့ လဲ ဆိုတော့ သူ တီထွင်လိုက်တဲ့ “တောက်စ်” ကို ကြိုက်လွန်းလို့ သုံးသုံးနေရတာ မို့ပါ။
စာနယ်ဇင်း သတင်းလောက ထဲက ထက်မြက်တဲ့ ကလေးတစ်ယောက် လို့လဲ မှန်းမိတယ်။
သူ့ရဲ့ အင်တာဗျူး လေး တွေ က တကယ်ဘဲ စိတ်ဝင်စားဖို့ ကောင်းတယ်။
နောက် မန်းလေး က ဝက်တုတ်ထိုး အကြောင်း အင်တာဗျူး ကတော့ အရသာ အရှိဆုံးဘဲ၊
ရှလွတ်။
(၈၀) Sorrow – သူ့ဟာသူ ကချင်နုထွားကြီး တဲ့။
ဒါနဲ့ သူ့ပုံ ကို မျက်စိထဲ ဖော်ကြည့် ထားပါတယ်၊
ဘေဘီမျက်နှာလေးနဲ့ အာနိုး ဘော်ဒီကြီး။
သူဝင်ဝင်ပေး တဲ့ မှတ်ချက်လေးတွေ မှာ မှတ်သားစရာ တွေ အများကြီးပါ။
ဒီလို ဘေဘီမျက်နှာ အာနိုး ဘော်ဒီကြီး နဲ့ အိုင်းစတိုင်း ဦးဏှောက် ကို ရွာထဲ ခင်မင်ရလို့ ဂုဏ်ယူပါတယ်။ (ကျီး ဘုတ် မြှောက်၊ ဘုတ် ကျီး မြှောက်ပေါ့ နော)
သူ့ရဲ့ လိန်ပျံမယ် လေးကိုလဲ ကြော်ငြာ ဝင်ရတာ အမော။
မိန်းကလေးကတော့ အတော် စမတ် ဖြစ်မှာလို့ မှန်းမိတယ်။
(၈၁) Winner Gets Prize – နာမယ်ဆန်းဆန်း လေး နဲ့ အတွေးအမြင် ထက်ထက် မှတ်ချတ်လေးတွေ ပေးတတ်တာ သတိပြုသပေါ့။
ဇီဇီ ပေးလိုက်တဲ့ “ဂဇက် အလှ တပါး” ဆိုတာ ကို အတော်လေး သဘောမျှလိုက်မိတယ်။
တစ်ခါတစ်ခါမှ ဝင်လာတာမို့ သိပ်ပြီး ရင်းရင်းနှီးနှီး မရှိလှ ပေမဲ့ ခင်မင်ပါတယ်။
သူ့ကို ဒေါ်ဝင်းနား လို့ လဲ ခေါ်ကြပါတယ် ဟုတ်။
အဆိပ်ခတ်အဖွဲ့ကြီး က သူ ကိုယ်တွေ့ များလားဆိုပြီး စိတ်မကောင်းဖြစ်လိုက်ရတဲ့ လေးပါ။
ဒါပေမဲ့ မြိုင် ဆိုတာကိုတော့ သတိမထားခဲ့မိဘူး။
ဖော်ထုတ်ပေးလို့ ကျေးဇူးပါ ဆာဆာ။
(၈၂) ဝေအောင် – ကလောင် နာမည် ကို သိတ်မမှတ်မိဘူး။
သစ်မွှေး တွေ အကြောင်းရေးတာတော့ မှတ်မှတ်ရရ ရှိခဲ့တယ်။
အခု မပေါ် လာတာကြာပေါ့။
သစ်မွှေး အပြင် တစ်ခြား စိုက်လို့ ရတာ လေးတွေ ထပ်မျှပေးပါဦးလား။
(၈၃) အဘဆွေ – ကိုဆွေ ရဲ့ အသံ ကို အရှင်လတ်လတ်ကြီး ကြားဖူးပါရဲ့။
အောင်မြင်ခန့်ငြား ပြီး ဩဇာသတ္ထိ ရှိတဲ့ အသံ ပိုင်ရှင်ပါ။
ဒီတော့ သူ့ပုံ ကို အပြင်မှာ ဖြူဖြူ နွဲ့နွဲ့ လေးဖြစ်နေမယ် လို့ မမှန်းခဲ့ဘူး။
ခင်မင်ဖို့ အလွန်ကောင်းပြီး စကားအပြော ကောင်းပါတယ်။
မျက်စိထဲ မြင်အောင် ဖွဲ့နွဲ့ ပြောတတ်ပါတယ်။
သူနဲ့ စကားပြောရင်း အချိန်တွေ ကုန်သွားတာ မသိလိုက်အောင်ကို စကားပြော ကောင်းသူပါ။
သူ ပြည်တော်ပြန်ချိန်မှာ ကိုယ်က အိမ်ပြောင်းချိန်ဖြစ်ခဲ့တာမို့ မနှုတ်ဆက်နိုင်ခဲ့တာ စိတ်မကောင်းပါဘူး။
ရင်းဂလိပ်လဲ ကောင်း အင်မတန် ထက်မြက်ပြီး အရည်အချင်း ပြည့်ဝ သူမို့ ရွှေပြည်ကြီး မှာ ထိပ်တန်းက အောင်မြင်မှာ လို့ တစ်ထစ်ချပြောရဲပါတယ်။
အတွေ့အကြုံ အဟောင်းလေးဘဲ ဖြစ်ဖြစ် အသစ်ဘဲ ဖြစ်ဖြစ် ရွာထဲ မျှပေးပါဦး မောင်လေးကိုအဘဆွေ ရှင့်။
:-)))
ဇီဇီ ခင်ဇော် (15102012)
August 20, 2014 at 9:07 am
ခိခိ။
အဲလာဆို ပုံတွေ သုံးဖို့ ဆုံးဖြတ်လိုက်ပြီ။
အများကြီးကျန်သေးတယ်။
:s:
•*¨နန်းတော်ရာသူ •*¨
August 20, 2014 at 1:25 pm
အရီးရေ ပုံးလေးတွေကြိုက်လို့ကျေးဇူးပါ။
အိုက်ပုံတွေရဖို့ ဖုန်းဘီလ်လည်းအတော်ဖြတ်ပါတယ်
အရီးရဲ့ ကွန့်မန့်တွေကလည်း ဇီဇီဆာဆာထက်ငေ်ပိုမိုပြည့်စုံပြီး ချစ်ခင်မှုကိုအတိုင်းသားမြင်စေတာဟာ တရွာလုံးအတွက် အားဆေးတစ်ခွက်ပါပဲ။
🙂
ဇီဇီ ခင်ဇော် (15102012)
August 20, 2014 at 1:27 pm
အဟိ။
ထပ်လုပ်ပေးဦးနော။
ဒီခါတော့ စိုင်းစိုင်းနဲ့ တွဲမယ်နော်။
ဘူမှ မသိစေနဲ့။
စိုင်းစိုင်းမက်နှာကို ဆာဆာ့ မက်နှာလို့ ပြောဂျမယ်နော်။
:k:
အာဂ
August 20, 2014 at 5:30 pm
အရီးနော်…တားတားကို အရူးဘုံမြှောက်လုပ်နေပြန်ပါကော…။ ခိခိခိ..အခုအရီးရေးပေးလိုက်မှ အနော် တော်တော်လေးရူးသွားတော့တယ်။
မွသဲ ( 17082011 )
August 20, 2014 at 7:21 pm
အဟိအရီးရေးမှ ကွ့ကိုယ် စွန့်ဦးတီထွင်မှန်းတိဒေါ့ဒယ် အဟိအဟိ ရှက်ထှာ ငိငိငိ
အလင်းဆက်(24/05/2011)
August 20, 2014 at 6:06 am
အလင်းဆက် ဆိုတာာလေ
ကဗျာတွေ စာတွေအပြင် အင်မတန် နှစ်သက်မြတ်နိုးတာတစ်ခု
ထပ် ရှိသေးတယ်။
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
ဖွေးဖွေး
———————-
ဒါနဲ့
မမဂျီးနဲ့ ဦးဆာတို့ ပြောထားတဲ့ ကိုယ်အကြောင်း ကိုယ်ပြန်ဖတ်ရတာ
ရင်ခုန်စရာကြီး။
ဒါမယ့် ဆိုးပါဘူး ။
_________
အပေါ်က comment မှာ အရီး ရေးထားတာလေး ဖတ်ပြီး
တဂစ်ဂစ်နဲ့ ရီသွားပါသေးတယ်လို့
ဂစ်ဂစ်
ဇီဇီ ခင်ဇော် (15102012)
August 20, 2014 at 9:08 am
မဆိုးပါဘူး ဆိုတာ သများတို့ ကော်မန့်ကို ပြောတာလားဟင်?
:k:
အလင်းဆက်(24/05/2011)
August 20, 2014 at 10:25 am
ကိုယ့်အကြောင်းက ဆိုးပါဘူးလို့ ပြောတာပါ။
ဖွေးဖွေးနဲ့ ညားနေလေသတည်းးးးး ဆိုရင် ပိုကောင်းမှာ
သာာာာာာဓု သာာာာာာဓု သာာာာဓု
ဂစ်ဂစ်
Nyo Win
August 20, 2014 at 9:48 am
သရုပ်ဖေါ်ပုံကလေးတွေကသဘောကျစရာ….
အရီးခင်ရဲ ့အပိုင်း တိုင်းကိုအားဖြည့်ပေးတာကလည်းလေးစားစရာ.. 🙂
ဇီဇီ ခင်ဇော် (15102012)
August 20, 2014 at 9:50 am
ပို့(စ) တိုင်း အားပေးလာတဲ့ လူဂျီးကလည်း ချစ်စရာ။
:s:
manawphyulay
August 20, 2014 at 10:34 am
ရွှေတိုက်စိုးက ဘယ်ပေါ်လာမလဲ… ခုထဲက သမီးမျက်နှာမငယ်ရအောင် သမက်အတွက် ရှာဖွေစုဆောင်းနေပြီလေ….
မှောင်ဆရာကတော့ မြန်အောင်ရဲ့ မှော်ဝင်တောမှာ ပြန်ထွက်မလာသေးတော့ ရောက်မလာတာ ဖြစ်မယ်။
နွယ်ပင်ကိုကျတော့ ပထမဆုံး အပိုင်း၁ မှာ ထည့်ပြီး အာဂကို ခုမှ ဘာလိုကြောင့် ထည့်ရပါသလဲရှင်….
နွေးသီးလည်း ပျောက်ခြင်းမလှပျောက်နေပါရောလား….
အဘဆွေလည်း တွေ့ဆုံပွဲထဲက မတွေ့တော့တာ ကြာပါပေါ့….
မိုက်ကယ် ဂျော်နီအောင်ပုကတော့ ဒီမှာ ဗိုလ်လုပ်လို့မရလို့ ဘယ်မှာ ဗိုလ်သွားလုပ်နေလဲ မသိ….
လေးဖက်တို့လည်း ဘယ်ရောက်နေပါသလဲ…
ဇီဇီ ခင်ဇော် (15102012)
August 20, 2014 at 11:45 am
ဂဂနဲ့ နွယ်ပင်ကို အပြင်မှာ ခွဲလို့ မရလို့ ပို့(စ) ထဲမှာ ခွဲထားတာ။
:k:
သတိရတဲ့ သူတွေကို အပြင်မှာ သိရင်လည်း ပြန်ဝင်ဖို့ ပြောပေးကြပါ။
အဟင့်။
:a:
ဗုံဗုံ
August 20, 2014 at 11:26 am
အို..ဒီအထဲမှာရော.. ပြီးခဲ့တဲ့အထဲမှာရော
ချင်ကျားပူက ခမ်းရောင်လေးနဲ့
မမဂျီးမပါသေးပါလား… အက်ဒစ်လုပ်လို့ရအောင်
ထည့်ရေးပေးလိုက်ပါဦး…
By the way တော်တော်ပိန်သွားပြီလား..
လွမ်းလို့.. 😥
ဇီဇီ ခင်ဇော် (15102012)
August 20, 2014 at 11:40 am
အဟီးဟီးးး
ကွကိုယ် တော့ ကိုယ့် အကြောင်းကိုတော့ မပြောပေါင်။
မပိန်တဲ့ အပြင် ဝဝလာလို့ ဓာတ်ပုံတောင် မရိုက်ဖြစ်တော့။
ခိခု ခုခိ
:chit:
Kaung Kin Pyar
August 20, 2014 at 11:27 am
အရင်ဆုံးးး
အပေါ်ဆုံးကပုံလေး..သဘောကျလိုက်တာ…
ဒီတစ်ပိုစ့်လဲ…ထုံးစံအတိုင်း သိသူမသိသူ … ရောနေတယ်…
မဇီဇီနဲ့ ဦးဆာ တင်ထားတဲ့အကြောင်းတွေအပြင်..အရီးရဲ့ အနှစ်ချုပ်လေးကလဲ…တကယ့်အနှစ်လေးပါပဲလို့…
ဇီဇီ ခင်ဇော် (15102012)
August 20, 2014 at 11:43 am
ဟိဟိ
ကိုရီးယား ဇီ နဲ့ ကိုရီးယား ဆာ။
အဲ!! ကင်ချီတွေတော့ မဟုတ်ဘူးနော်။
:s:
•*¨နန်းတော်ရာသူ •*¨
August 20, 2014 at 1:26 pm
တီလုတ်ဇီနဲ့တီလုတ်ဆာပါချစ်မွယီးရေ
🙂
ဇီဇီ ခင်ဇော် (15102012)
August 20, 2014 at 1:29 pm
ငင်။
သများ က ကိုရီးယားမှတ်လို့…
ကံကောင်းလို့ အိုပါးတွေဘာတွေ ခေါ်အူးမို့။
:k:
ကောကော ဆာ နဲ့
မဲ့မဲ့ ဇီ ပေါ့နော်၊
လုံမလေးမွန်မွန်
August 20, 2014 at 2:12 pm
ပြေးပြေးလွှားလွှား သွားသွားလာလာနဲ့မို့.. ကောင်းကောင်းမန့်ချိန်မရှိလို့ပါ့..
အပိုင်းတွေအကုန်လုံးကို စောင့်ဖတ်နေပြီး.. အတူတူလွမ်းနေပါကြောင်း.. ဝင်ပြောတာပါ.. :hee:
ဇီဇီ ခင်ဇော် (15102012)
August 20, 2014 at 2:18 pm
တနားပါတယ်ဟယ်။
ပြေးပြေးလွှားလွှား ဝင်လာပြီး လွမ်းသွားတာကို ကျေးဇူးပါကွီ..
:s:
kyeemite
August 20, 2014 at 2:41 pm
-ဒီတစ်ခေါက်ပါသူရွာသူားတွေလည်း အားလုံးသိပါ့
-အားလုံးကိုလည်းသတိရပါ့…
-စာရေးရာမှာတော့ ခပ်ညံ့ညံ့တစ်ယောက်မှမပါပါဘူး
-ဟုတ်တယ်လေ..ညံ့ရင်ဒီရွာထဲဘယ်ရောက်ပါ့မလဲနော့…ဂဇက်ပါဆို :k:
-သူများသာပြောနေ ကျုပ်ခမျာလည်းသနားစရာ…စာတောင်မရေးနိုင်တာကြာပေါ့…
-အလုပ်နဲနဲပိနေတာကြောင့် စာရေးဖို့အာရုံမလာဖြစ်နေတယ်
-မှတ်မှတ်ရရ ကိုပုကြီးစာတွေဖတ်ပြီး အသံထွက်ရီမိတာတွေ သတိရပါတယ်
ဇီဇီ ခင်ဇော် (15102012)
August 20, 2014 at 7:26 pm
စာမရေးး ပဲ ဘယ် သွားးနေမှန်းးမှ မသိ???
:k:
ကူမားရ်
August 21, 2014 at 4:02 am
ဇီနဲ့ဆာပြောတဲ့ ..ဆွေ့ရဲ့ အကြောင်းပေါ့နော်…ဖတိပြီး သဘောကျလိုက်တာ ..ပြီးမှ ပြောသလောက်မဟုတ်တဲ့ ကိုယ့်အကြောင်းကိုယ်သိနေ တော့ မျက်နှာပူမိတယ်..ဒီကြားထဲအရီးကပါ ဝင်ပင့်တော့ ရှက်လိုက်တာ…
အရီး ဇီနဲ့ကိုဆာတို့ပြောသလို တော်တတ်အောင်ကြိုးစားပါ့မယ်လို့ ကတိပေးပါတယ်..
ဘာမှအဖြစ်မရှိတဲ့ လူဆိုးကြီး ကို ဝိုင်းပြီးအကောင်းမြင်ပေးကြတာ ကိုကျေးဇူး အရမ်းတင်ပါတယ်..
ပြန်လာဖို့ တိုင်ပင်တုန်းကလည်း..စကားလုံးတွေနဲ့စိတ်ခွန်အား သတ္တိတွေကို ပေးခဲ့တဲ့ အရီးကို ကျေးဇူးတင်စကား နုတ်ဆက်စကားမပြောခဲ့ရဘူး..ဒိကနေပြောလိုက်ပါတယ် အရီးရေ…ခုထက်ထိလည်း အရီးကော်မန့်တွေကိုဖတ်လိုက်တိုင်း ကျနေတဲ့ စိတ်ဓါတ်တွေ ပြန်တက်ပြီးအားရှိရပါတယ် အဲဒီအတွက်လည်း ဒီနေရာကပဲ ဂါရဝပြုလိုက်ပါတယ် အရီးရေ..
စိတ်ရောလူပါ နေမကောင်းလို့ တရားစခန်းသွားတာ သုံးရက်ထဲနဲ့ပြန်လာခဲ့ရတယ် ရွာထဲလည်းမဝင်ဖြစ်တော့ ခုမှကော်မန့်ပေးနိုင်တာကိုလည်း ဇီဇီနဲ့ကိုဆာ နားလည်ပေးနိုင်မယ်လို့မျော်လင့်မိပါတယ်…ပိုစ့်မှာနာမည်နဲ့တစ်ကွ တင်ရေးပေးလို့ ရရှိလိုက်တဲ့ သင်္ဂါရ သန္တ ဝီရ ရသ တို့အတွက် ကျေးဇူး အမှန် အစစ်ကိုရင်ထဲကတင်မိပါတယ်ဆိုတာ….
အားလုံးကိုချစ်တဲ့……
ဘဆွေ
ဇီဇီ ခင်ဇော် (15102012)
August 21, 2014 at 7:43 am
အီးးး
ဒက် ပြန်လာသေးတယ်နော်။
ပါသွားပြီ အောက်မေ့လို့.။
:a:
ခွီးခွီးးး
ဒါတောင် ပြောချင်သလောက် မပြောပဲထားခဲ့တာ။
:k:
အလင်းဆက်(24/05/2011)
August 21, 2014 at 7:54 am
ဟိုဒင်းလေ
ဟိုဟာ လာပြောတာပါ
တူညားတွေကို ဒဂလောက် တူးဖော်ပေးနေတဲ့ မမဂျီးနဲ့ ဆာဆာဂျီးတို့ကို
သားသားကလည်း နည်းနည်း ပြန်တူးပါမယ်လို့။
ရေးပြီးပြီ။
မတင်သေးတာ
ဂစ်ဂစ်
ဇီဇီ ခင်ဇော် (15102012)
August 21, 2014 at 8:05 am
ဟမ်မငေးးး
ယောက်ခမွ
ခု ရက်ပိုင်းအတွင်း ထိန်းထိန်းသိမ်းသိမ်းနေပါ။
ပါပါရာဆက် လိုက်နေပြီ။
black chaw
August 21, 2014 at 10:56 am
ပို့စ်ထဲ ပါသူတွေ ကိုယ်စား
ကျေးဇူးအထူးတင်ရှိပါကြောင်းနဲ့
ပို့စ်ထဲပါသူတွေကိုလည်း
ကော်ဖီသောက်တိုင်းလွမ်းနေတယ် ဆိုတဲ့အကြောင်း…။
ဆိုင်ဆိုင်မဆိုင်ဆိုင်ဗျာ။
အာဟီး။
ဇီဇီ ခင်ဇော် (15102012)
August 21, 2014 at 10:59 am
ဘာရယ်။
အင်သာဗျူးတဲ့ လူတွေကိုတော့ အရက်သောက်တိုင်း လွမ်းလိုက်ပါ။
ဒါမှ နေ့တိုင်း လွမ်းဖြစ်အောင်.။
JackSkellington
August 21, 2014 at 1:40 pm
ဒါနဲ့ ဆြာဦးစိန်သော့ ကြီး ကော ခင်ဗျ။
သူ့ သတိရထှာ….
သူရေးတဲ့ ဖိုတိုဂရပ်ဖီ အကြောင်း တွေ ဖတ်ပြီး ရွစိတက် ခဲ့ ရတာလဲ မနည်းဘူးကိုး။ 🙂 🙂
ဇီဇီ ခင်ဇော် (15102012)
August 21, 2014 at 1:51 pm
ဟင်?
အပိုင်း ၄ မှာ ပါပြီးပြီလေ။
ပြန်ဖတ်။ပြန်ဖတ်။
နာ ဆို သူ့ ပို့(စ) တွေ အကုန် စကရင်ရှော့ ဖမ်းထားတာ၊။
ဟိဟိ..!!
:k:
ကိုပေါက်(မန္တလေး)
August 21, 2014 at 4:03 pm
ကိုစိန်သော့နဲ့ကျနော်နဲ့ကတော့ အပြင်မှာလဲ တွဲပြီး ဓါတ်ပုံ အတူရိုက်ဖြစ်တယ်။
အခုထိ လဲ သူ မန်းလေးရောက်တာ နဲ့ ကျနော်တို့ ဓါတ်ပုံ အတူထွက်ရိုက်ဖြစ်ကြပါတယ်။
ရွာထဲဝင်ဘို့ပြောရင် ဘာမှ ပြန်မပြောဘူး။
ဘာလို့ လဲ ဆို တာ တော့ ကျနော် လဲ ထပ် မမေး မိဘူး။
မေးလဲဖြေမှာမဟုတ်။
ကိုစိန်သော့လို လူ ရွာထဲမလာတာကတော့ အားလုံးအတွက် နစ်နာပါတယ်။
သူရေးခဲ့ တဲ့ဓါတ်ပုံပိုစ်တွေက သူကိုယ်တို်င် သိလို့ ရေးခဲ့ တဲ့ ပိုစ်တွေလေ။
စာအုပ်ဖတ်ပြီး ဘာသာပြန်တာမဟုတ်။
သူ က ဖလင် ခေတ်က တည်း က ဓါတ်ပုံ ရိုက်လာတဲ့ သူဆိုတော့
ဓါတ်ပုံနဲ့ပါတ်သက်ရင် စာတွေ့ ရော ငါ တွေ့ ပါ စုံ တဲ့ လူ။
ဇီဇီ ခင်ဇော် (15102012)
August 21, 2014 at 6:44 pm
ဪ။
ဘာလို့ များပါလိမ့်ကွယ်။ 🙄
သေချာမပြောတော့ သို့လော သို့လော ထင်စရာပေါ့။ 🙄
သေချာ ဘယ်သူ့ကြောင့်ပါ လို့ ပြောထွက်တာကမှ ရှင်းသေးလားမသိ။ 🙄
နို့မို့ ကိုယ့် ကို အကြောင်းပြုပြီး အကြောင်းအရာ ကစား လို့ ရနေတာကို။ :((
ဦးစိန်သော့ကြီး နှယ်။
နှမြောစရာ။
:a:
ရွာထဲ မလာတော့တဲ့ ဓာတ်ပုံဆရာတွေနဲ့များ ဆိုင်သလားဟမ်?? 🙄
🙄
🙄
🙄
စဉ်းစားရကြပ်လိုက်တာ။
kai
August 21, 2014 at 2:09 pm
ဟိုလူကြီးမပါသေးဘူးလား… လို့…။
ဟို.. လေဒီရောပဲ..
.. :k:
ဇီဇီ ခင်ဇော် (15102012)
August 21, 2014 at 2:56 pm
ငင်??
ဟို ဒေါင်းပြာကြီးက နောက်ဆုံးမှ ပါမှာ။
ခိခိ။
:k:
kyeemite
August 22, 2014 at 3:30 pm
ဒေါင်းပြာကြီးမီဟုတ်ပါဝူး…စာကလေးပြာလေးပါ ဇီဇီရယ် :k:
-တူလည်းမိန်းမကျောက်ရတယ် ခိခိ သိသာတယ် :k:
မ " တတ် ပါ့ "
August 22, 2014 at 12:57 pm
ဆက်ရန်ရှိသေးသည်ပေါ့…. dက စောင့်နေတူ …။
ဇီဇီ ခင်ဇော် (15102012)
August 22, 2014 at 3:52 pm
ဟယ်။
ခဏစောင့်ပါအူးအေ။
မတတ်ပါ့ လာမှပဲ ကျုပ် အလုပ်ရှုပ်ကာလမို့ စိတ်ရှည်ရှည်စောင့်ပါဦးး
:k:
ဦးကျောက်ခဲ
August 22, 2014 at 3:41 pm
အခု အပိုင်း ၅ အထိ မသိတဲ့သူဆိုလို့ TNA ၊ Sorrow နဲ့ အဘဆွေ ပဲရှိသေးတယ်…
ဟို… စာကလေး အမွှေးနှုတ် ဒွန်ကင်းအကြောင်းကိုတော့ ပို့စ်သက်သက်ရေးပါလေ…
:k:
ဇီဇီ ခင်ဇော် (15102012)
August 22, 2014 at 3:51 pm
ဟိ။
သူတို့ကို မသိဘူးလားး
ဟုတ်မယ်။
အနော် လည်း မသိဘူးး။
ရမ်းသန်း မှန်းသန်းရေးရတာ။
ဟို ခေါင်း အမွှေးနှုတ်ကို ပို့(စ) သပ်သပ် ရေးစေချင်တဲ့သူ လက်ညှိုးထောင်။
ဟိ။
:k:
sorrow
August 23, 2014 at 10:44 am
ဆြာရယ်..ဆြာ့တပည့်အညံ့ဆုံးလေးကို မသိဘူးတဲ့လားဗျာ ။ ဟောင်ကောင်ကပြန်လာရင် .. သံဗူးလေးနဲ့ အခါးရည် …ယူခဲ့ပေးပါ အဟိဟိ ..
ကျော်စွာခေါင်
August 23, 2014 at 9:32 pm
ဇီဇီ ဆာဆာ …ချစ်သော ရွာသူရွာသားမိတ်ဆွေများနှင့် သူကြီးကို ပထမဆုံးပြောချင်တာက တောင်းပန်စကားပါ..
တော်တော်ကို နောက်ကျမှရောက်လာတာရယ် ..ရွာဘက်ကို စိတ်ရှိတိုင်း မလာနိုင်တာရယ်အတွက်..
တောင်းပန်ပါတယ်..
ရွာသူ ရွာသားတိုင်းကို အမှတ်တရ ခင်ခင်မင်မင် စာဖွဲ့ ရေးထားတဲ့ အတွက် ဇီဇီဆာဆာကို ချီးမွမ်းပါရစေ..
တစ်ကယ့် ချစ်ခင်ဖွယ် ရွာသားစိတ်ဓါတ်ပါ…
ရွာကို လာနိုင်အောင် စာတွေ ရေးနိုင်အောင် ကျိုးစားပါဦးမယ်..
….
….
ဒါပေမယ့် ကျနော်က ဒီပို ့စ်မှာ ရေးထားသလောက်တော့ မဟုတ်ပါဘူးနော်..
စာတွေက ရေးချင်နေပါပြီ…
ပန်းချိအလုပ်တွေက ထပ်ထပ်ရောက်လာတော့ မအားသေးလို ့ပါ..
ခင်မင်လျှက်
ခေါင်
TheWinner Getprize
August 24, 2014 at 10:47 am
ဒါလေးကို ဖတ်ပြီး တာဝန်မကျေတဲ့ အတွက် ကိုယ့်ဘာသာလည်း စိတ်မကောင်းဖြစ်မိပါတယ်…
ရွာထဲကို ပြန်လာဖြစ်အောင် တိုက်တွန်းထားတဲ့ ဇီဇီဆာဆာတို့ရဲ့ ချစ်စဖွယ်အရေးအသားလေးတွေကိုလည်း လေးစားမိပါတယ်…
လုပ်ရ၊ ကိုင်ရ ရုံးကန်ရတာတွေ များလွန်းလို့ comment ဝင်မထားမိပေမယ့် အချိန်ရတိုင်းတော့ ရွာထဲကို ဝင်ဖတ်နေဖြစ်ပါတယ်…
ရွာသူ၊သား အားလုံးကို ချစ်ခင်လေးစားလျက်…
မြိုင် (ဇီ၂ဆာ၂ပေးသော အမည်)…
Alinsett @ Maung Thura
May 7, 2015 at 2:37 pm
မမဂျီး…ဆာဆာ့ကို လွမ်းဘူးလား…
:kwi:
အောင် မိုးသူ
May 7, 2015 at 3:54 pm
တားတိလိုက်ပါဘီ မဂျီး…… !_!
မောင်ရိုး
September 27, 2018 at 12:43 am
အောင်မိုးသူရေ . .
တကယ်တော့ ရေးလက်စနဲ့ရပ်သွားရတာပါ ။
တကယ့်လူရင်းတွေနဲ့ အလွန်ထင်ရှားခဲ့တဲ့သူတွေအများကြီးကျန်နေခဲ့သေးပါတယ် ။
ဘာကြောင့်ဆိုတာအတိအကျမမှတ်မိတော့ပေမယ့် အဲ့ဒိအချိန်က ရွာထဲမှာ ပြဿနာတစ်ခုခု ဖြစ်နေတဲ့အချိန်ပါဘဲ။
ဒါကြောင့် ရေးလက်စအပိုင်းလေးတွေ အဆုံးမသတ်ဘဲရပ်သွားတာပါ ။
တကယ်တော့ ဖတ်ဖူးတဲ့စာတွေကနေတဆင့် ပုံရိပ်တွေဖေါ်ပြီး ရင်းနှီးခဲ့ကြတာမဟုတ်လား . . .
အခုချိန်ရွာထဲပြန်ဝင်ရင် ပိုပြီးသတိယစရာတွေဖြစ်ရပါတယ်လေ ။
အခုလည်း ပို့စ်တစ်ပုဒ်ကိုဝင်ရှာရင်း ဒီပို့စ်တွေကိုတွေ့လိုဖတ်မိရာက စိတ်မကောင်းစွာနဲ့ အကြောင်းပြန်ပေးလိုက်တာပါ ။
တကယ်တော့ ရင်ထဲမှာ ရှိသလောက် မပြသနိုင်ခဲ့တဲ့ ကိုယ့်ရဲ့လိုအပ်ချက်ပါဘဲလေ . .