အငိုလွယ်ပြီး အရှိုက်ခက်တဲ့ ပုစာ္ဆတစ်ပုဒ်ကို ညီမျှခြင်းတွေ အထပ်ထပ်ချ ထပ်တူညီဖို့ ဆန္ဒတစ်ခုထဲနဲ့ ရူးရူးမူးမူး တွက်ချက်မိခဲ့တယ် ။ ဒီနည်းနဲ့ အဖြေမတွက်လည်း နောက်တနည်းပေါ့ ပုစ္ဆာရှိလျှင် အဖြေရှိမယ်တဲ့…အတွေးကို ပိုက်ပြီး တစ်နေ့ တစ်လံ…. ပန်းတိုင်ရောက်မှာပဲဆိုတဲ့ အသိနဲ့ ကိုယ့်စိတ်ကို တင်း ၊ အားပြင်းပြင်း နင်းကန်အဖြေရှာမိတော့ … ။ ငါ ကြိုးစား အဖြေရှာနေမိတာ ပုစ္ဆာတစ်ခုမှ မဟုတ်ပဲ …. အကြမ်းရေးခြစ်ထားတဲ့ ချဲဂဏန်းစာရွက်တစ်ခုပါပဲ … အမေးမရှိပဲ အဖြေထွက်ချင်နေတဲ့ ငါ့အဖြစ် ရယ်စရာများဖြစ်နေခဲ့တာလား …. ခဲလေသမျှ သဲရေကျမို့ … ရင်နာနာနဲ့ ရွေးချယ်မိတယ် ၊ တိတ်လေးကြေကွဲ ၊ မျက်ရည်ဝဲဝဲနဲ့ပဲ ၊ဘေးချောင်မှာ ငေးငေါင်ကာ အားလုံးကို မေ့ပစ်လိုက်ချင်တယ် …။ […]