weiweiDecember 11, 20102min43640
ညီလာခံသဘင် … ဆင်ဆရာကြွက်ဖြူများရှင် အကြီးအကဲကြီးမှ စီးတော်ယာဉ်ပြသနာအတွက် ညီလာခံသဘင် ကျင်းပနေပုံ … အကြီးအကဲကြီးက ထိုင်ခုံတစ်ခုပေါ်တွင် မှုန်ကုတ်သော မျက်နှာတော်ဖြင့် ထိုင်နေပါသည်။ လက်ဝဲဘက်တွင် လက်ရုံးရည်နဲ့ပြည့်စုံသော ကြောင်တစ်ကောင်ကဲ့သို့ပေါ့ပါးသော သိုင်းပညာတတ်ေသော လက်ဝဲရံ ဗိုလ်ကြောင်၊ လက်ယာဘက်တွင် ဆဲနည်း၊ တွယ်နည်း၊ ချော့နည်း၊ ခြောက်နည်းမျိုးစုံဖြင့် နှလုံးရည်ပြည့်ဝသော လက်ယာရံ ဗိုလ်ပု၊ အနောက်တည့်တည့်တွင် တန်းစီပြီး အသင့်အနေအထားဖြင့် ရပ်နေကြသော သူရဲကောင်းလေးယောက် (အာဂ၊ ဘုန်းလှံ၊ ကြယ်လေး၊ ပေါက်ဖော်)၊ အကြီးအကဲကြီး၏ အရှေ့ဘက်တွင် ဘဏ္ဍာတော်ထိန်း၊ စားဖိုမှူးနဲ့ အကြံပေးရာထူး ၃ မျိုးကို တစ်ဦးတည်းမောင်ပိုင်စီးထားသော ဝေဝေနှင့် ရွာရိုးကိုးပေါက် အကုန်လိုက်စပ်စုပြီး သူမသိတာမရှိ၊ နေရာတကာပါတတ်သော ဘွားတော်ဆူး၊ အရှေ့ဘေး တစ်ဖက်တစ်ချက်စီမှာတော့ ထိုင်ခုံပေါ်ထိုင်ပြီး ငိုက်မျဉ်းနေကြသော သက်တော်ရှည် […]