ကြောင်လေးDecember 2, 20111min1416
သူ့နေရာနှင့် သူ   ရွာတစ်ရွာတွင် မိသားစု တစ်စုနေထိုင်ကြသည်။ အိမ်ထောင်ဦးစီး လုပ်သူမှာ အဖွဲအစည်းတစ်ခုမှ အရာရှိအဆင့် ဖြင့်ကျန်းမာရေးပင်စင် ယူထားသူဖြစ်ပြီး မိဘအမွေအနှစ်ဖြစ်သော ခြံဝန်းလေးထဲတွင် အေးချမ်းစွာ သီးပင် စားပင်များ စိုက်ပျိုးစားသောက်ကြလေသည်။ ဇနီးမှာမူ မောင်တစ်ထမ်း မယ်တရွက် ဆိုသကဲ့သို့အိမ်ရှေ့တွင် ကုန်စုံဆိုင်လေးနှင့်တွဲ၍ မုန့်ဟင်းခါး ခေါက်ဆွဲ အသုတ်များကို သွားရေစာအဖြစ် ရောင်းချကာ တဖက်တလမ်းဝင်ငွေရှာလေသည်။ သူတို့တွင် သားနှစ်ယောက်ရှိပါသည်။ သမီးလေးတစ်ယောက်လည်း ရှိလေသည်။ အကြီးဆုံးနှင့် အငယ်ဆုံးမှာ သားများဖြစ်ကြသည်။သမီးကတော့ အလတ်မလေးဖြစ်ပါသည်။ စုပေါင်းညီညာအောင်ကြောင်းဖြာ၊ တစ်ယောက်တလက် ကျောင်းသားလက် ဆိုသလို ကလေးများဟာလည်း မိဘရဲ့ လုပ်ငန်းတွေမှာ ဝိုင်းဝန်းကူညီလုပ်ကိုင်ကြရင်းပညာသင်ကြားနေကြတာ၊ အကြီးကောင်က အထက်တန်းရောက်လို့ မြို့ကိုတက် ပြီးပညာသင်ကြားနေပြီဖြစ်ပါသည်။ အလတ်မကတော့ အလယ်တန်းရဲ့ အမြင့်ဆုံးအဆင့်ရောက်နေပြီး သားထွေးလေးကတော့ အလယ်တန်းရဲ့အောက်ဆုံးတန်းမှာပညာသင်ကြားလျှက်ရှိပါသည်။ အကြီးဆုံးသားကတော့ […]