manawphyulayNovember 29, 20111min15412
လမင်းရယ်… တကယ်တော့ ကိုယ်ဟာ မင်းပျော်ပါးနေထို်င်ရာ ထက်ကောင်းကင်ဝေယံမှာ နေနိုင်သူလည်း မဟုတ်ခဲ့ပါ… မင်းရဲ့အလင်း လင်းသထက်လင်းအောင် ဆောင်ကြဉ်းပေးနိုင်တဲ့ ညခင်းလည်း မဟုတ်ခဲ့ပါ… မင်းရဲ့အနား ဝန်းရံခစားနေတဲ့ တောက်ပတဲ့ အလင်းနှင့် ကြယ်ကလေးများရဲ့ အဆင်းကိုလည်း ယှဉ်နိုင်သူ မဟုတ်ခဲ့ပါ… မဖြစ်နိုင်မှန်း သိရက်နှင့် မင်းကိုမှ သံယောဇဉ်ဖြစ်မိတဲ့စိတ်ကိုလည်း တားဆီးလို့ မရနိုင်တော့ပါ… အဲဒီတော့ လမင်းရယ် ဟိုတစ်ချိန်တစ်ချိန်ဆီက မင်းဆီက ရဖူးတဲ့ အကြင်နာ အတုအယောင်တွေကိုပဲ ပြန်လည် မြင်ယောင်ရင်း တမ်းတစိတ်ကူး အိပ်မက်မှာပဲ မျှော်လင့်ရင်း ငါတစ်ယောက်ထဲ နေပါ့မယ်….