လဝန်းရဲ့အရိပ်

manawphyulayNovember 29, 20111min14912

လမင်းရယ်…
တကယ်တော့ ကိုယ်ဟာ
မင်းပျော်ပါးနေထို်င်ရာ
ထက်ကောင်းကင်ဝေယံမှာ
နေနိုင်သူလည်း မဟုတ်ခဲ့ပါ…
မင်းရဲ့အလင်း
လင်းသထက်လင်းအောင်
ဆောင်ကြဉ်းပေးနိုင်တဲ့
ညခင်းလည်း မဟုတ်ခဲ့ပါ…
မင်းရဲ့အနား
ဝန်းရံခစားနေတဲ့
တောက်ပတဲ့ အလင်းနှင့်
ကြယ်ကလေးများရဲ့ အဆင်းကိုလည်း
ယှဉ်နိုင်သူ မဟုတ်ခဲ့ပါ…
မဖြစ်နိုင်မှန်း သိရက်နှင့်
မင်းကိုမှ သံယောဇဉ်ဖြစ်မိတဲ့စိတ်ကိုလည်း
တားဆီးလို့ မရနိုင်တော့ပါ…
အဲဒီတော့ လမင်းရယ်
ဟိုတစ်ချိန်တစ်ချိန်ဆီက
မင်းဆီက ရဖူးတဲ့
အကြင်နာ အတုအယောင်တွေကိုပဲ
ပြန်လည် မြင်ယောင်ရင်း
တမ်းတစိတ်ကူး
အိပ်မက်မှာပဲ မျှော်လင့်ရင်း
ငါတစ်ယောက်ထဲ နေပါ့မယ်….

12 comments

  • alinsett

    November 29, 2011 at 7:31 pm

    ခံစားမှု စာစုကလေးက ကောင်းလွန်းလို ့…..အမှတ်တရ သိမ်းသွားပါတယ်နော်။

    နောက်များမှာ ဒါမျိုး ထိ မိ တိုရှင်းတဲ ့စာစုလေးတွေ တင်ပါဦး.။

    ခင်မင်စွာ

  • koyinmaung

    November 29, 2011 at 8:32 pm

    အားပေးသွားပါတယ်
    မနောဖြူလေးရေ
    လောကကြီးမှာ
    ရတာမလိုလိုတာမရ
    ဆိုတဲ့အကြောင်းတွေကလဲ
    အများသား………………………….

    • manawphyulay

      December 1, 2011 at 10:22 am

      လိုတရ အမွေးတိုင်တော့ ဆောင်ထားပါတယ်။ 😛

      • ဆူး

        January 22, 2012 at 5:25 pm

        လိုတရထဲ့ အဆင့်မြင့်တဲ့ တတိုင်းရ ဆိုတာ ရှိသေးတယ်။ လိုမှ ရတာ မဟုတ်ဘူး.. တ လိုက်တာနဲ့ ရမယ်။ ကြော်ညာ ပရိုမိုးရှင်းဆင်းတယ် ထင်နေအုန်းမယ်။

  • E.T

    November 29, 2011 at 9:58 pm

    အပျိုကြီး မမလုပ်မယ်ပေါ့လေ မ မနော်ဖြူ 😛

  • Moe Z

    November 30, 2011 at 8:41 am

    အဓိပ္ပာယ်မရှိတာသိလည်းပဲ တစ်ခါတစ်လေတိုက်ဆိုင်မှုတွေရှိလာတော့
    အမှတ်တမဲ့နင့်ကိုလွမ်းပါတယ် (လေးဖြူသီချင်း 🙂 )

    • inz@ghi

      November 30, 2011 at 8:44 am

      ဟိုတဖတ် သည်တဖတ် ဝက်သားဖတ်…
      အရင်လို ပြုတ်မစားပေမယ့် ကျော်စားတယ်….
      😀

      • ဆူး

        January 22, 2012 at 5:30 pm

        ကျော်စားတာ အဆီများလို့ အသည်းအဆီဖုံး ဖြစ်သွားတယ်။

  • small cat

    November 30, 2011 at 9:10 am

    ခံစားချက်လေးတွေကိုဖော်ပြနေတယ်ပေါ့။

  • snow white

    March 13, 2012 at 12:29 pm

    တယောက်ထဲနေခဲ့ရမယ့်ဘဝရောက်နေပြီ လေ ဒီကဗျာကိုအရမ်းကြိုက်တယ်

    • jujuma

      March 13, 2012 at 1:11 pm

      အမလေးနော် ပြောရက်လိုက်တာသူများအမကို…

  • snow white

    March 13, 2012 at 5:31 pm

    အမကိုပြောတာမဟုတ်ဘူး ကိုယ်ဘာသာကိုယ့်ကိုယ့်ကိုပြောတာပါ သူများကိုမပြောတက်ပါဘူး

Leave a Reply