ညဟာ ဆူညံလွန်းလှတယ်။ အမြဲလိုလို အိမ်ပြန်နောက်ကျတတ်တဲ့သူတစ်ယောက်အတွက် ညဟာ ဘယ်တော့မှ တိတ်ဆိတ်စွာ စောင့်ကြိုမနေခဲ့ဘူး။ ကားသံ ဆိုင်ကယ်သံတွေ ဆူညံနေတဲ့လမ်းမတွေဟာ တိတ်ဆိတ်ခြင်း ဆိုတာကို ရှိတယ်လို့တောင် ထင်ပုံမရ။ ဆူညံရှုပ်ထွေးတဲ့ လမ်းမတစ်လျှောက် ဆိုင်ကယ်ကို အသော့နှင်လာရင်းနဲ့ မြို့လယ်ကို ဖြတ်ကျော်ပြီး အသွားအလာ တဖြည်းဖြည်း ကျဲပါးလာတဲ့ ဆင်ခြေဖုံးဘက်ကို ရောက်လို့လာတယ်။ ဒီအချိန်ဟာ ကိုယ့်အတွက်တော့ အတိတ်ဆိတ်ဆုံး လို့ ပြောရမယ့် တစ်ဒင်္ဂ အချိန်လေးပါပဲ။ အဓိက လမ်းမကြီးတွေကနေ ဖဲခွာပြီး နေထိုင်ရာ ရပ်ကွက်လေးဘက်ကို ချိုးဝင်လိုက်တာနဲ့ ကားသံ ဆိုင်ကယ်သံတွေ လျော့သွားပြီး လက်ဖက်ရည်ဆိုင်၊ ဘီယာဆိုင်နဲ့ အိမ်တွေက အသံတွေဟာ ထပ်ပြီး လွင့်ပျံလာလေရဲ့။ တစ်နေကုန် မောပန်းလာသူအတွက်တော့ ဒီအသံတွေဟာ သာယာသံထဲမှာ မပါဝင်တာ […]