ပုဂ္ဂလိက ဝန်ထမ်းများလည်း ပင်စင်လစာ ခံစားခွင့် ရရှိတော့မည်ဟု အလုပ်သမားဝန်ကြီးဌာန လူမှုဖူလုံရေးအဖွဲ့မှ သိရသည်။ ၁၉၅၅ အောက်တိုဘာလ ၂၂ ရက်နေ့က ပြဋ္ဌာန်းခဲ့သော  လူမှုဖူလုံရေး ဥပဒေကို ပြန်လည် ပြင်ဆင်မှုတွင် အဆိုပါ အချက်ကို ထည့်သွင်းခဲ့ခြင်းကြောင့် ယင်းကဲ့သို့ ခံစားမှုများ ရှိလာမည်ဖြစ်ကြောင်း လူမှုဖူလုံရေးအဖွဲ့ဥက္ကဋ္ဌ ဦးယုလွင်အောင်က ပြောသည်။ ၎င်းက ဆက်လက်၍ “ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် နှစ်ခုကတော့ အတည်ပြုပြီးသွားပြီ။ ပြည်ထောင်စုလွှတ်တော်ပဲ ကျန်တော့တယ်” ဟု ပြောသည်။ လုပ်သားများအနေဖြင့် လုပ်ငန်းခွင်မှ အနားယူပြီး ပင်စင်လစာ ရရှိရန်မှာ လုပ်သားတစ်ဦးသည် လုပ်ငန်း တစ်ခုတည်းတွင် အနည်းဆုံး လုပ်သက် ၁၅ နှစ် ရှိရမည့်အပြင် အလုပ်ရှင်နှင့် အလုပ်သမားတို့မှ လစဉ် အချိုးကျ သတ်မှတ်နှုန်းထား ပမာဏကို […]