manawphyulayApril 26, 20121min854
ဒါဆို ထိုင်းကနေ တစ်ဆင့်သွားရတာပေါ့ ဟုတ်လား။ ဒါဆို ထိုင်းအတွေ့အကြုံလေး ပြောပြပါဦး ခေါင်းစဉ်ပေးရင်တော့ ကျွန်တော်နဲ့ ထိုင်းအတွေ့အကြုံဘဝ ပေါ့…. ဟုတ်တယ်။ ထိုင်းကိုဝင်ပြီးမှာ မလေးနယ်စပ်ကို ဆက်သွားခဲ့ရတာပါ။ ကျွန်တော်တစ်ယောက် ထိုင်း လူဝင်မှု ကြိီးကြပ်ရေးကောင်တာမှ ထွက်ခွာလာပြီးတဲ့နောက် စက်လှေကားနဲ့ ဆင်းသက်လာခဲ့ပြီး မိမိ ရွေးယူရမဲ့ အိတ်နေရာကို ရောက်ခဲ့ပါတယ်ခင်ဗျာ။ရွေ့လျား လည်ပတ်နေတဲ့ အိတ်တွေထဲက မိမိအိတ်ကို ယူပြီးတဲ့နောက် မိမိကို လာကြိုမဲ့ အေးဂျင့်ထံကို ထွက်လာခဲ့ပါတယ်။တွေ့ပါပြီ အေးဂျင့် မြန်မာ လူမျိုးနှစ်ယောက်ပါ။ သူတို့နဲ့ အတူတူ မိန်းကလေး သုံးယောက်၊ ယောကျင်္ားလေး သုံးယောက်ဆုံကြတယ်ဆိုပါတော့လေ။ အားလုံး လူစုံတာနဲ့ လေဆိပ်ကနေ ထွက်ခွာခဲ့ပါတော့တယ်။ အဲဒီမှာ ဈေးကြီးတဲ့ အငှားကားတွေအစား တုတ်တုတ်(မြန်မာပြည်မှာ အရင်တုန်းက သုံးခဲ့တဲ့ သုံးဘီးကားပေါ့နော်-မြင်ဘူးကြမယ်ထင်ပါတယ်) အဲဒီကားနှစ်စီးကို […]