မလေးရောက်သူတစ်ဦးကို အတွေ့အကြုံ အင်တာဗျူး အပိုင်း ၂

manawphyulayApril 26, 20121min824

ဒါဆို ထိုင်းကနေ တစ်ဆင့်သွားရတာပေါ့ ဟုတ်လား။ ဒါဆို ထိုင်းအတွေ့အကြုံလေး ပြောပြပါဦး

ခေါင်းစဉ်ပေးရင်တော့ ကျွန်တော်နဲ့ ထိုင်းအတွေ့အကြုံဘဝ ပေါ့….

ဟုတ်တယ်။ ထိုင်းကိုဝင်ပြီးမှာ မလေးနယ်စပ်ကို ဆက်သွားခဲ့ရတာပါ။ ကျွန်တော်တစ်ယောက် ထိုင်း လူဝင်မှု ကြိီးကြပ်ရေးကောင်တာမှ ထွက်ခွာလာပြီးတဲ့နောက် စက်လှေကားနဲ့ ဆင်းသက်လာခဲ့ပြီး မိမိ ရွေးယူရမဲ့ အိတ်နေရာကို ရောက်ခဲ့ပါတယ်ခင်ဗျာ။ရွေ့လျား လည်ပတ်နေတဲ့ အိတ်တွေထဲက မိမိအိတ်ကို ယူပြီးတဲ့နောက် မိမိကို လာကြိုမဲ့ အေးဂျင့်ထံကို ထွက်လာခဲ့ပါတယ်။တွေ့ပါပြီ အေးဂျင့် မြန်မာ လူမျိုးနှစ်ယောက်ပါ။ သူတို့နဲ့ အတူတူ မိန်းကလေး သုံးယောက်၊ ယောကျင်္ားလေး သုံးယောက်ဆုံကြတယ်ဆိုပါတော့လေ။ အားလုံး လူစုံတာနဲ့ လေဆိပ်ကနေ ထွက်ခွာခဲ့ပါတော့တယ်။ အဲဒီမှာ ဈေးကြီးတဲ့ အငှားကားတွေအစား တုတ်တုတ်(မြန်မာပြည်မှာ အရင်တုန်းက သုံးခဲ့တဲ့ သုံးဘီးကားပေါ့နော်-မြင်ဘူးကြမယ်ထင်ပါတယ်) အဲဒီကားနှစ်စီးကို ငှားပြီး ဈေးအသက်သာဆုံး ဟော်တယ်(Hotel) လေးဆီ ချီတက်ကြပြီပေါ့။အဲဒီမှာ အေးဂျင့်တွေကို ကျေးဇူးတင်ရမှာပေါ့။ မှန်လုံ လေအေးစက်ပါတဲ့အငှားကားတွေအစား သဘာဝလေ ရစေတဲ့ တုတ်တုတ်ခေါ် သုံးဘီးကားကို ငှားရမ်းခဲ့လို့ပါ။ လေအေးစက်လေထက်

သဘာဝလေသာ သုံးစွဲနေကြတဲ့ မြန်မာပြည်သားကျွန်တော်တို့အတွက် သဘာဝလေက ကားငှားခ သက်သာစေတာပေါ့။ ဟားးးးးး အေးဂျင့်တွေလည်း တွက်တတ်တယ်နော်။ အဲဒီနောက် မိုတယ်(ဟော်တယ်တွေထက် သက်သာတယ်လေနော်)ဆီကို ရောက်ခဲ့ပါတယ်။ မိန်းကလေး သုံးယောက်ကတော့ အေးဂျင့် မြန်မာလူမျိုး အမျိုးသားနှစ်ယောက်နဲ့ လေအေးစက်တပ်ထားတဲ့အခန်းမှာ

တည်းခိုခဲ့ရပြီး ကျွန်တော်တို့မြန်မာ လူငယ်(အဲဒီတုန်းက ငယ်သေးတာကိုး ဟား ဟား)၄ယောက်ကတော့ လေအေးစက်မပါ ပန်ကာနဲ့သာ စခန်းသွားခဲ့ရတာပေါ့။ လေအေးစက်က ကျွန်တော်တို့ကို အအေးပတ်မှာ စိုးလို့နေမှာပေါ့။ လူငယ်စကားပြောရရင်တော့ အောက်ပါ အရည်အချင်းကွာတာပေါ့နော်။ တဏှာ မတွေးနဲ့နော် သူတို့ကမိန်းကလေးဆိုတော့ အခုခေတ်အခေါ်ရုပ်ရည်

ပြေပြစ်ရမယ်။ အသက်ငယ်ရမယ်။ ဘာညာဆိုတဲ့ အောက်ပါ အရည်အချင်းလေ ။ ခင်ဗျားတို့လည်း အလုပ်လျှောက်ရင် အောက်ပါ အရည်အချင်းဖြည့်ရတယ် မဟုတ်လား။
ညပိုင်းရောက်တော့ အေးဂျင့်က ခေါ်တာနဲ့ အေးဂျင့်(မြန်မာအခေါ် ပွဲစားနော်)စားသောက်တန်း ရောက်လာတာပေါ့။ မြန်မာပြည်က တရုတ်တန်းကလို လမ်းပေါ်မှာ ခုံလေးတွေချပြီး
တွန်းလှည်းကလေးတွေနဲ့ရောင်းတဲ့ ဆိုင်တွေပေါ့ဗျာ ။ထိုင်ပြီး သူတို့ မှာပေးတာ စားရတာပေါ့ ကိုယ်မှ ထိုင်းစကား မတတ်တာကိုး။ သူတို့ကတော့
ကိုယ်တွေထက်စာရင် အနည်းအကျဉ်းတတ်တာပေါ့။ ရောက်လာပါပြီ ခေါက်ဆွဲကြော်ထဲမှာ ခရုလေးတွေနဲ့လေ (အဲဒီခေတ်အခါက ခရုဆို ကျွန်တော်တို့တစ်တွေက မိုးဦးကျ အိမ်တွေမှာ

အပင်တွေမှာ တွယ်ကပ်နေတာမြင်နေကြမို့ ရွံ့တာပေါ့။ ခုခေတ်ကတော့ စားလို့ရတာ အကုန်စားခေတ်မို့မတွေ့သလောက်ပဲပေါ့နော်)။မကြိုက်ပေမဲ့ ကြိတ်မှိတ်ပြီး မြိုချရတာပေါ့ဗျာ။ အခုတော့

လာထား အကုန်စားပြီဗျို့ ဟားးးးးဟားးးးးးးးးးးး။

အရင်တုန်းကတော့ ပင်လယ်ခရု၊ အိမ်ခရု မခွဲခြားတတ်သေးတော့ မြင်သမျှ ခရုပဲပေါ့နော်(စာကြွင်း)။စားသောက်ပြီး အခန်းရောက်တော့ အိပ်လို့ ရပါဘူးခင်ဗျာ။ဘယ်ရမတုန်းနေ့မဝင်မြို့တော် ထိုင်းမှာ တစ်ညလုံး နိုက်ကလပ်က ပြန်တဲ့သူတွေ။ တက္ကစီတွေ။ အငှားကားဆိုင်ကယ်သံတွေက ညလုံးပေါက်ကိုး။ ကျွန်တော်တို့ မြန်မာပြည်ကတော့ အရင်တုန်းက ညဆို ပုဇင်းရင်ကွဲ အော် သံတောင် ကြားရတယ် မဟုတ်လား။ ညဘက်ကားသံမကြားရဘူးပေါ့နော်။အခုတော့ ခေတ်မှိီလာပါပြီ ကာရာအိုကေ။ နိုက်ကလပ်ပြန်တွေလေ ဟဲ ဟဲ သိပါတယ်နော်။နောက်တစ်နေ့ မိုးလင်းတော့ အထုပ်အပိုးတွေ သိမ်းဆည်းပြီး ဘူတာကြီးကို ထွက်လာခဲ့ကြပါတယ်။ ထိုင်းနယ်စပ်ကို သွားဘို့လေ။ အဲဒီမှ တစ်ဆင့် မလေးရှားကို ဝင်လို့ရမယ် မဟုတ်လား။ ဘူတာကြီးကတော့ အရင်တုန်းက ကိုလိုနီခေတ်ပုံပေါ့နော် မြန်မာပြည်ထက် အနည်းငယ် သာတယ်ဆိုယုံပေါ့နော်။ အခုတော့ မိုးပျံရထားတွေနဲ့ ဖြစ်ကုန်ပြီလေ။ကိုဇာဂနာ တစ်လောက အမေရိကားအသွား ထိုင်းကို ရောက်တုန်းပြောသွားတဲ့ စကားလေးကြားမိတယ်လေ ဘာတဲ့ “ထိုင်းမှာ မြင်မြင်သမျှ ရှော့ဖြစ်ရတယ်တဲ့” သူပြောချင်တာက မြန်မာပြည်နဲ့ အရမ်းခြားနားပြီး တိုးတက်နေတာပြောချင်တာလေ ဟုတ်ဘူးလား။ဒီလိုနဲ့ဘဲ ရထားစီးပြီး တစ်ညအိပ်လာခဲ့တာ နယ်စပ်မြို့ တစ်မြို့ဖြစ်တဲ့ ဟတ်ချိုင်း(Hattyai)ကို နံနက် ၉နာရီလောက်မှာရောက်ခဲ့ပါပြီခင်ဗျာ။ အဲဒီမှာ ဈေး ချိုသာတဲ့ မိုတယ်လေးမှာ တစ်ညလောက်အိပ်ခဲ့ရတာပေါ့နော်။ နောက်တစ်နေ့မှာတော့ စင်းလုံးငှား ဗင်ကားလေးနဲ့ အားလုံးသော ကျွန်တော်တို့ မလေးရှားနိုင်ငံ နယ်စပ်ဆီသို့ စတင်ထွက်ခွာလာပြီပေါ့ ခင်ဗျာ။

ဆက်လက်ဖော်ပြပါမည်။ ထိုင်းနှင့် မလေးရှားနိုင်ငံ နယ်စပ် အတွေ့အကြုံလေးများကို မရောက်ခင် အတွေ့အကြုံလေးပေါ့။

4 comments

  • ရောင်ခြည်ခ

    April 26, 2012 at 2:38 pm

    အတွေ့အကြုံလေးတွေက ဖတ်လို့ကောင်းတယ်၊ ဗဟုသုတရတာပေါ့နော်…

  • ဗိုက်ကလေး

    April 26, 2012 at 7:07 pm

    အဲဒီနေရာမှာသာ ကျောက်သထေး အူးပေလူသွားဖြစ်ရင် လူ ့သက်တမ်းပြည့်နေရမယ်မထင်ဘူးဗျာ..
    အဲလူက လွှတ်ကဲတာကိုးဗျ

  • ကြောင်ကြီး

    April 27, 2012 at 10:42 am

    မလေးမှာ
    အကြွေးနဲ့
    သူဌေးဖြစ်ခဲ့
    အတွေးကမာ္ဘ
    ဆွေးစရာပေမဲ့
    ပြေးစရာမြေမရှိ..။

  • Diamond Key

    April 27, 2012 at 1:23 pm

    အားပေးသွားပါတယ်။ ဆက်လက် စောင့်မျှော်နေပါကြောင်း 😆

Leave a Reply