moonpoemAugust 9, 20111min67631
ရန်ကုန်မြို ့တွင် ကန်တော်ကြီးနှင့် အင်းလျားကန်ရှိရာတွင် နှစ်ခုစလုံးသည် စည်ကားလှပါသည်။ ကန်တော်ကြီးကတော့ ကျွန်မအထင်ပြောရမည်ဆိုလျှင် ဝင်ပေါက်များစွာ ရှိသည့်အနက် မျှော်စင်ကျွန်းရှိရာ ဝင်ပေါက်သည် အစည်ကားဆုံးဖြစ်မည် ဟုထင်ပါသည်။ ကျွန်မသည် မကြာခဏဆိုသလို မြို့ထဲမှ အလုပ်သွားရာတွင် ဗဟန်းသုံးလမ်းမှတ်တိုင်ကို ဖြတ်ရခြင်း၊ ရတနာပုံတယ်လီပို့ကို သွားရာတွင် မာလာမှတ်တိုင်ကို ဖြတ်ရခြင်းတို့ကြောင့် ထိုကန်နှစ်ခုလုံးကို ဖြတ်သွားတိုင်း ကြည့်မိပါသည်။ ကြည့်မိတိ်ုင်း မပြောင်းလဲသည့်မြင်ကွင်းကတော့ လက်ချင်းချိ်တ်ပြီး လမ်းလျှောက်နေသောအတွဲများ၊ ထီးဆောင်းပြီးထိုင်နေသော အတွဲများ၊ပုံစံမျိုးစုံ စတိုင်မျိုးစုံသာဖြစ်ပေသည်။ ကန်တော်ကြီးကတော့ မိသားစုတွေ ကလေးတွေရော လာတတ်သည့်နေရာဖြစ်သည့်အတွက် အင်းလျားကန်လောက်တော့ အတွဲတွေက အခြေအနေဆိုးမည်ဟု မထင်ပါ။ တစ်ခါတစ်ရံတွင် ကျွန်မတို ့အိမ်ကို ဧည့်သည်လာသော အခါ လူကြီးပိုင်းဖြစ်ပါက ရွှေတိဂုံဘုရားကို ပို ့ရသည်မှာ စိတ်ချမ်းသာစရာကောင်းသလောက် လူငယ်နှင့်ကလေးများက သူတို ့ဗွီဒီယိုကားထဲတွင် […]