စာဖတ်သူများ ခင်ဗျာ … အောက်တွင် ဖော်ပြထားသည့် ကျနော့်ရဲ့ “ထူးဆန်းသော ဝတ္ထု” မှာ ရှည်သည့်အတွက် အချိန်ရမှ ဖတ်ပေးပါရန် ကြိုတင်၍ ပြောကြားအပ်ပါတယ် ခင်ဗျာ။ ထူးဆန်းသော ဇရပ်ကလေး မြန်မာပြည်အလယ်ပိုင်း အညာဒေသရှိ ကျေးရွာ တစ်ရွာတွင် ဖြစ်လေသည်။ ထိုကျေးရွာ၏ အမည်မှာ တိုင်းတာကျေးရွာဟူ၍ ဖြစ်၏။ တိုင်းတာရွာ၏ အနောက်မြောက် ခပ်လှမ်းလှမ်း အရပ်တွင် ရွာဦးဘုန်းကြီးကျောင်း ရှိလေ၏။ ထိုဘုန်းကြီးကျောင်းတွင် ဥပုသ်နေ့ အခါသမယများ၌ ဥပုသ်သီတင်းသီလ ဆောက်တည်သူများ နားနေနိုင်ရန်အတွက် ဆောက်လုပ်ထားသော ဇရပ်တစ်ဆောင် ရှိလေသည်။ ထိုဇရပ်ကလေးသည် လူ ၃ဝ ခန့် နားနေနိုင်သော အကျယ်အဝန်းရှိလေသည်။ ဥပုသ်နေ့များတွင် မည်သို့သော ထူးခြားမှုမျိုးကို မပြတတ်သော်လည်း ဥပုသ်နေ့ပြင်ပ အခြားသော နေ့များတွင် […]