ထူးဆန်းသော အဆက်

 

ပထမပို့စ်တွင် ….

 

ထူးဆန်းသော ဇရပ်ကလေး

မြန်မာပြည်အလယ်ပိုင်း အညာဒေသရှိ ကျေးရွာ တစ်ရွာတွင် ဖြစ်လေသည်။ ထိုကျေးရွာ၏ အမည်မှာ တိုင်းတာကျေးရွာဟူ၍ ဖြစ်၏။ တိုင်းတာရွာ၏ အနောက်မြောက် ခပ်လှမ်းလှမ်း အရပ်တွင် ရွာဦးဘုန်းကြီးကျောင်း ရှိလေ၏။ ထိုဘုန်းကြီးကျောင်းတွင် ဥပုသ်နေ့ အခါသမယများ၌ ဥပုသ်သီတင်းသီလ ဆောက်တည်သူများ နားနေနိုင်ရန်အတွက် ဆောက်လုပ်ထားသော ဇရပ်တစ်ဆောင် ရှိလေသည်။

ထိုဇရပ်ကလေးသည် လူ ၃ဝ ခန့် နားနေနိုင်သော အကျယ်အဝန်းရှိလေသည်။ ဥပုသ်နေ့များတွင် မည်သို့သော ထူးခြားမှုမျိုးကို မပြတတ်သော်လည်း ဥပုသ်နေ့ပြင်ပ အခြားသော နေ့များတွင် ထိုဇရပ်ပေါ်၌ အိပ်စက်သော သူများသည် ထူးဆန်းသော အိပ်မက်ကို မြင်မက်တတ်လေ၏။

ထိုအိပ်မက်ထဲတွင် သမီးရည်းစား ဖြစ်ဟန်ရှိသည့် လွန်စွာ ရုပ်ဆိုးသော ယောက်ျား တစ်ယောက်နှင့် လွန်စွာ လှပသော မိန်းကလေးတို့သည် တစ်ဦးနှင့်တစ်ဦး ဖက်တွယ်ထားသည့် အခိုက် ဓားလှံများ ကိုင်ဆောင်ထားသည့် လူများသည် ရောက်ရှိလာပြီး ၎င်းတို့ နှစ်ဦး ကြိုးများဖြင့် တုပ်နှောင်ကာ ဖမ်းဆီး ခေါ်ဆောင် သွားလေသည်။ ယင်းနောက် ချောက်ကမ်းပါး တစ်ခု၏ ထိပ်တွင် ကြိုးဖြင့် တုတ်နှောင်ထားသော ယောက်ျားတစ်ယောက်အား ထိုချောက်ထဲသို့ တွန်းချလိုက်သည်ကို တွေ့ရလေ၏။ ယင်းနောက်တွင် ထိုယောက်ျားသားသည် အိပ်မက်နေသူ၏ ဘေးသို့ ရောက်လာသကဲ့သို့ရှိပြီး “ကျွန်ုပ်ကား သေခဲ့လေပြီ၊ သို့ရာတွင် ကျွန်ုပ် မသေသေး၊ ကျွန်ုပ်အား အသေသတ်၍ ကောင်းရာသို့ ပို့ပါလော့” ဟူ ပြောကြားကာ ပျောက်ကွယ်သွားတတ်လေ၏။

အထက်ပါ အိပ်မက်သည် ကွဲပြားခြင်း မရှိပေ။ ဥပုသ်နေ့ပြင်ပ နေ့ရက်များ၌ အဆိုပါ ဇရပ်ပေါ်၌ အိပ်စက်သောသူ အများစုသည် ထိုအိပ်မက်အား မြင်မက်တတ်လေသည်။ ထိုအိပ်မက်ကား တိုင်းတာရွာတွင် လူပြောများသော အိပ်မက်တစ်ခု ဖြစ်ခဲ့ပြီး နောက်ပိုင်းတွင် ထိုအိပ်မက်အား အကြောင်းပြု၍ “အိပ်မက် မက်ချင်ရင် ဇရပ်ပေါ်သွားအိပ်” ဟူသော စကားသည် တိုင်းတာရွာလေး၌ ပေါ်ထွက်လာခဲ့လေတော့သတည်း။

x x x x x x x x x x

ထူးဆန်းသော လူကြီးတစ်ဦး

တစ်နေ့သ၌ အသက် (၄၀) အရွယ်ခန့်ရှိ လူကြီးတစ်ဦးသည် တိုင်းတာရွာလေး၏ ရွာဦးဘုန်းကြီးကျောင်းသို့ ဦးတည် လျောက်လှမ်းလာသည်ကို တွေ့ရလေသည်။ ထိုလူကြီး၏ မျက်နှာတွင် နှုတ်ခမ်းမွေး၊ မုတ်ဆိတ်မွေးများ ထူထပ်စွာ ပေါက်ရောက်နေလေသည်။ ထိုလူကြီးသည် သန်မာ ထွားကျိုင်းဟန်ရှိပြီး လွယ်အိတ်ကြီးတစ်လုံးကိုလည်း လွယ်ထားလေသည်။

ထိုလူကြီးသည် ကျောင်းဝင်းအတွင်းသို့ ဝင်လိုက်သည်တွင် ကျောင်း၌ မွေးမြူထားသော ခွေးများက ဝိုင်း၍ ဟောင်ကြလေသည်။ ကိုရင်လေးများ ရောက်လာပြီး ထိန်းလိုက်တော့မှပင် ခွေးများသည် ငြိမ်သွားကြလေသည်။ ထိုအခါ လူကြီးက ကိုရင်လေးများအား “ဆရာတော် ရှိသလား ဘုရား” ဟူ၍ မေးမြန်းလေ၏။ ကိုရင်လေးများက ဆရာတော် ကျောင်းပေါ်တွင် ရှိကြောင်း ပြောသောအခါ ထိုလူကြီးသည် ကျောင်းပေါ်ထပ်သို့ တက်သွားလေတော့သည်။

ထိုလူကြီးသည် ကျောင်းပေါ်ထပ်သို့ရောက်လျင် ကုလားထိုင်ပေါ်တွင် စာဖတ်နေသော ဆရာတော်အား ဦးချလေ၏။ ထိုအခါ ဆရာတော်က ထိုလူကြီးအား အထူးအဆန်းသဖွယ်ကြည့်ပြီး “ဒကာကြီးက ဘယ်သူတုံး” ဟူ၍ မေးမြန်းလေသည်။ ထိုလူကြီးက “တပည့်တော် မြစ်ကြီးနားဘက်က ဆင်းလာတဲ့သူပါ ဘုရား၊ ဒီရွာနားတစ်ဝိုက်မှာ တပည့်တော် အမျိုးတွေ ရှိတယ်ဆိုလို့ တပည့်တော် လာပြီး စုံစမ်းတာပါ ဘုရား” ဟူ၍ လျောက်ထားလေ၏။

ထိုအခါ ဆရာတော်က ထိုလူကြီးအား သေချာစွာကြည့်ကာ “ဒကာကြီးက အမျိုးတွေရှာရင်း ဒီကျောင်းမှာ တည်းချင်တယ် ဆိုပါတော့” ဟူ၍ ပြောလေရာ ထိုလူကြီးက “မှန်ပါဘုရား၊ တပည့်တော် ဒီကျောင်းမှာ ခေတ္တခဏ တည်းခိုချင်လို့ပါ ဘုရား” ဟူ၍ လျောက်ထားလေသည်။

“အေးကွယ် … တည်းဖို့ ခွင့်ပြုတာက အကြောင်းမဟုတ်ဘူးကွယ့်၊ ဒါပေမယ့် …” ဆရာတော်သည် စကားကို မဆက်သေးဘဲ ရှိနေစဉ် ထိုလူကြီးက “တပည့်တော် ပုံစံကို ကြည့်ပြီး ဆရာတော် အနေနဲ့ လူဆိုးလို့ ထင်ကောင်း ထင်နိုင်ပါတယ် ဘုရား၊ တပည့်တော် လူကောင်းပါ ဘုရား၊ တပည့်တော်မှာ အိမ်ထောင်စု ဇယားရော၊ မှတ်ပုံတင်ပါ ပါလာပါတယ် ဘုရား” ဟူ၍ ဆိုကာ ၎င်း၏ လွယ်အိတ်ကြီး အတွင်းမှ စာရွက်များအား ထုတ်ယူပြီး ဆရာတော်အား ကပ်လေ၏။

ဆရာတော်သည် စာရွက်များအား ကြည့်ရှုပြီးနောက် “အေးကွယ် .. ဒကာကြီး တည်းချင်တယ်ဆိုရင်လည်း ကျောင်းဝေယျာဝစ္စ လုပ်ရင်းနဲ့ နေပေါ့၊ သံဃာ့ပစ္စည်း အဆိပ်သီးတဲ့ကွယ့်” ဟူ၍ ပြောလေသည်။ လူကြီးသည် “မှန်ပါ့ဘုရား၊ ကျေးဇူးတင်ပါတယ် ဘုရား” ဟူ၍ ပြန်လည် လျောက်ထားလေ၏။

“ဒကာကြီး နေမယ်ဆိုရင် ဟောဟို ဇရပ်လေးပေါ်မှာ နေပေါ့ကွယ်” ဟူ၍ ဆရာတော်က ကျောင်း၏ ပြတင်းပေါက်မှနေ၍ ကျောင်း မြောက်ဘက်တွင်ရှိနေသော ဇရပ်လေးအား ညွှန်ပြလိုက်လေ၏။ ထိုအခါ လူကြီးသည် ဆရာတော်အား ဦးချပြီး ထသွားမည် အပြုတွင် ဆရာတော်က “ဒကာကြီး နာမည်က ဘယ်သူတုံးကွယ့်” ဟူ၍ မေးမြန်းရာ လူကြီးသည် မတ်တပ်ရပ်လျက် လက်အုပ်ချီရင်း “တပည့်တော် နာမည် အောင်မောင်းပါ ဘုရား” ဟူ၍ လျောက်ထားကာ ၎င်း နေထိုင်ရမည့် ထူးဆန်းသော ဇရပ်လေးဆီသို့ လျောက်လှမ်းလာခဲ့လေတော့သတည်း။

x x x x x x x x x x

ယခုပို့စ်မှာ ….

 

ထူးဆန်းသော မျက်လှည့်

တိုင်းတာရွာလေး၏ အနောက်ဖက် တံခါးအနီးတွင် ကင်းတဲလေးတစ်လုံး ရှိလေသည်။ ထိုကင်းတဲလေးပေါ်တွင် အသက် (၃၀) အရွယ်ခန့်ရှိ လူရွယ်တစ်ဦးသည် ဖဲချပ် သုံးချပ်အား ကစားလျက် ရှိသည်ကို တွေ့ရလေ၏။ ထိုအခိုက် အခြားသော လူသုံးဦးသည် ထိုလူရွယ် ရှိနေသော ကင်းတဲပေါ်သို့ တက်၍ ထိုင်လေသည်။

“ဘယ်လိုလဲ မောင်သု ရဲ့၊ တစ်ယောက်တည်း ပျင်းနေသလား” ဟူ၍ ထိုလူရွယ်ထက် အသက်ကြီးပုံရသော လူတစ်ဦးက မေးလိုက်လေရာ မောင်သု ဆိုသူ လူရွယ်က “မပျင်းပါဘူး ဦးအောင်မူးရယ်၊ ဟောဒီ ဖဲချပ်လေးတွေ ဘယ်လို ဖြစ်လာတယ်ဆိုတာ စဉ်းစားနေတာပါ” ဟူ၍ ပြန်ပြောလိုက်လေသည်။ “ဒါလေးများ မောင်သုရယ်၊ ဘာများ ထွေထွေထူးထူး စဉ်းစားစရာ လိုသေးလို့လဲ၊ ဖဲချပ်ဆိုတာ စက္ကူနဲ့ လုပ်ထားတာ၊ စက္ကူဆိုတာက ဝါးက ဖြစ်လာတာလို့ ကြားဖူးတယ်၊ ဒီတော့ကာ အဲဒီ ဖဲချပ်လေးတွေက ဝါးက ဖြစ်လာတာပေါ့” ဟူ၍ ရယ်ကျဲကျဲဖြင့် ပြောလေ၏။

“ဒီဖဲချပ် သုံးချပ်က ပေါ့သေးသေး ဖဲချပ်တွေ မဟုတ်ဘူးဗျ၊ ဟောဒီမှာပဲ ကြည့်လိုက်ဗျာ” ဟူ၍ မောင်သု ဟူသော လူရွယ်သည် ဦးအောင်မူးနှင့် အခြား လူနှစ်ဦးအား ဖဲချပ်များ၏ နောက်ကျောဘက်အား ပြလိုက်လေသည်။ လူသုံးဦးသည် ဖဲချပ်များအား ကြည့်ရှုလိုက်သည့်အခါ ၎င်းတို့၏ မျက်နှာများသည် တွေးဝေသွားသည့်ဟန် ဖြစ်သွားလေ၏။ အဘယ်ကြောင့်ဆိုသော ၎င်းဖဲသုံးချပ်၏ နောက်ကျောဘက်သည် ရိုးရိုး ဖဲချပ်များကဲ့သို့ မဟုတ်ဘဲ စကြာပုံသဏ္ဍာန်နှင့် အဆိုပါ စကြာသဏ္ဍာန်၏ အတွင်း၌မူ မျက်နှာတစ်ခြမ်းသာ ရှိသော အမျိုးသမီးတစ်ဦး၏ ရုပ်ပုံတို့ ပါရှိနေသောကြောင့်သာ ဖြစ်လေ၏။

“မောင်သုရဲ့ ဖဲချပ်က ဆန်းတော့ အဆန်းသားကွ” ဟူ၍ ဦးအောင်မူးက ပြောသောအခါ မောင်သုဟူသော လူရွယ်က “ဖဲချပ်ထဲကပုံ ဆန်းတာက စဉ်းစားမရသေးလို့ အမြင်ဆန်းတယ်လို့ပဲ ပြောနိုင်ဦးမယ်။ ဒီဖဲချပ်ကို တစ်ထွာလောက် အကွာက ကြည့်မိသူတွေတိုင်းဟာ ကြည့်ပြီး ခဏအတွင်းမှာ အိပ်ပျော်သွားတတ်တယ်လို့လည်း ကြားဖူးထားသေးတယ်ဗျ” ဟူ၍ ပြောကြားလိုက်လေ၏။

ဦးအောင်မူးဆိုသူက မောင်သု ဆိုသူ လူရွယ်၏ စကားအား ပြန်လည် ချေပရန် စကား စသည့်အနေဖြင့် “ဒါကတော့” ဟူ၍ ပြန်လည် ပြောကြားစဉ်မှာပင် ဦးအောင်မူး၏ ဘေးမှ လူနှစ်ဦးသည် တဝါးဝါးသန်းလာကာ အိပ်ပျော်ခြင်း အဖြစ်သို့ ရောက်သွားလေတော့၏။

ထိုအခါ “တော်သေးတယ် မောင်သုရယ်၊ ငါသာ အစောကတည်းက ဆေးမစားမိခဲ့ရင် တစ်ခါတည်း အိပ်ပျော်သွားမှာ အမှန်ပဲကွ၊ အခုတောင် ရီဝေဝေရယ်” ဟူ၍ ပြောလိုက်ရာ မောင်သု ဟူသော လူရွယ်က “ကိုင်း … မြင်ပြီ မဟုတ်လားဗျ။ ဒါ လက်တွေ့ပဲ” ဟူ၍ ပြန်လည် ပြောကြားလိုက်လေ၏။

“ဒီနှစ်ယောက်က ရွာဦးကျောင်းမှာ ရောက်နေတဲ့ လူကြီးနဲ့ တစ်နည်းတစ်ဖုံ ပတ်သက်မှုရှိလိမ့်မယ်လို့ ကျုပ်ကတော့ ထင်မိတယ်ဗျ။ ဒါကြောင့် ဦးအောင်မူး အကူအညီနဲ့ သူတို့ကို သိပ်လိုက်ရတာပဲ။ သူတို့ကို ခေါ်သွားပြီး စစ်မေးရမယ်ဗျို့။ ဦးအောင်မူးမှာ ထန်းရည် အဆင့်သင့်ပါရဲ့ မဟုတ်လားဗျ” ဟူ၍ လူရွယ်က မေးလိုက်ရာ ဦးအောင်မူးက ၎င်း၏ ခါးကြားတွင်မှ ထန်းရည်ပုလင်းထုတ်၍ ပေးလေ၏။

မောင်သု ဆိုသော လူရွယ်သည် အိပ်ပျော်လျက် ရှိသော လူနှစ်ဦး၏ ပါးစပ်နှင့် အင်္ကျီများပေါ်သို့ ထန်းရည်များ လောင်းချကာ ထိုလူနှစ်ဦးအား ဦးအောင်မူးနှင့်အတူ ထမ်းပိုးကာ ကင်းတဲအနီးရှိ ဦးအောင်မူး၏ အိမ်သို့ ထမ်းပိုး သယ်သွားလေတော့၏။

x x x x x x x x x x

ထူးဆန်းသော ကျောက်ပြားလေး

တစ်နေ့သ၌ တိုင်းတာရွာ၏ ရွာဦးဘုန်းကြီးကျောင်းဝင်း အတွင်းရှိ မန်းကျည်းပင်ကြီးအောက်တွင် ကိုရင်လေးနှစ်ပါးသည် ထိုင်လျက်ရှိနေသည်ကို တွေ့ရလေ၏။ ထိုကိုရင် နှစ်ပါးအနက် ငတက် ဟူသော ကိုရင်မှ ဖိုးတူ ဆိုသော ကိုရင်အား ဤသို့ ပြောလေ၏။

“ဟေ့ကောင် ဖိုးတူ၊ ဒီမနက် ဇရပ်ပေါ်မှာ ငါ တံမျက်စည်း သွားလှည်းတော့ ဘာတွေ့ခဲ့လဲ သိလား” ဟူ၍ ပြောလေရာ ဖိုးတူ ဟူသော ကိုရင်မှ –
“ဘယ်သိမလဲကွ၊ တံမျက်စည်းလှည်းရင် အမှိုက်တွေပဲ တွေ့မှာပေါ့”
“ဟေ့ကောင်၊ ငါက အကောင်းပြောနေတာကွ၊ အမှိုက်တွေ့တယ်ဆိုတာတော့ မင်းပြောမှလားကွ၊ ငါတွေ့ခဲ့တာ ထူးဆန်းလို့ အဲဒါ မင်းကို ပြောချင်တာ”
“ဟေ့ကောင် ငတက်၊ ထူးဆန်းတော့ဆိုတော့ မင်းကို အိပ်မက်ထဲက လူကြီးက ကိုယ်ထင် ပြလိုက်တာလားကွ၊ ဒါဆိုရင်တော့ ငါ ဇရပ်နား မသွားရဲတော့ဘူး”
“မင်းကလည်း ထူးဆန်းတယ်ဆိုတာနဲ့ သရဲကို သွားပြေးမြင်တော့တာပဲ။ ပြီးတော့ မင်းကို ပြောရဦးမယ်၊ ဒီကျောင်းဝိုင်းထဲမှာ ငါတို့က အိမ်ရှင်တွေကွ၊ သရဲဆိုတာ အိမ်ရှင်ကို မခြောက်ရဲဘူးလို့ လူကြီးတစ်ယောက်က ပြောဖူးတယ်ကွ၊ အိမ်ရှင်ကို ပြန်ခြောက်လို့ အိမ်ရှင်က မောင်းထုတ်လိုက်ရင် သူတို့က ထွက်သွားရတယ်တဲ့ကွ၊ ငါ ကတော့ ကြောက်ဘူး၊ ငါကို လာခြောက်လို့ကတော့ မောင်းထုတ်လိုက်မှာပဲ”
ဟူ၍ ကိုရင်ငတက်မှ ၎င်း၏ သူငယ်ချင်းဖြစ်သူ ကိုရင်ဖိုးတူအား ရှည်လျားစွာ ပြောပြလိုက်လေ၏။ ထိုအခါ ကိုရင်ဖိုးတူမှ –
“ဟုတ်လားကွ၊ ဒါဆို ငါလည်း သရဲ မကြောက်တော့ဘူးကွာ”
“အေး … အဲဒီလို လုပ်စမ်းပါကွ၊ မင်းက သရဲဆိုတာနဲ့ ငါပြောမယ့် စကားတောင် ဘယ်ရောက်သွားမှန်း မသိဘူး”
“ထူးဆန်းတာ တွေ့ခဲ့တယ်လို့ ပြောတာလေကွာ”
“အေး … ဟုတ်တယ်။ ငါ ထူးဆန်းတာ တွေ့ခဲ့တယ်ကွ၊ မင်း ဘယ်သူမှတော့ လျောက်မပြောနဲ့ဦး၊ ငါ တွေ့ခဲ့တဲ့ ထူးဆန်းတာက ဟိုလူကြီးရဲ့ ခေါင်းဦးအောက်က တွေ့ခဲ့တာကွ” ဟူ၍ ကိုရင်ငတက်မှ ကိုရင်ဖိုးတူ၏ အနီးသို့ကပ်က တိုးတိုးလေး ပြောလိုက်လေ၏။

ထိုအခါ ကိုတင်ဖိုးတူမှ “မင်း ခေါင်းအုံးအောက်က ဘာတွေ့ခဲ့လို့တုန်းကွ၊ ငါ့ကိုလည်း ပြဦး” ဟူ၍ ပြောလေရာ ကိုရင်ငတက်မှ “မင်းတော့ ပြလို့မရဘူးကွ၊ မင်း ကြည့်ချင်ရင် ဇရပ်ပေါ် တံမြတ်စည်း လှည်းတော့မှ သူ့ခေါင်းအုံးအောက် သွားကြည့်ပေါ့ကွ” ဟူ၍ ပြန်လည် ပြောဆိုလေ၏။

“အေး .. ဒါဆိုရင် မနက်ဖြန်ကျ မင်း တံမျက်စည်း မလှည်းနဲ့ကွာ၊ ငါ လှည်းမယ်၊ ဒါနဲ့ မင်းတွေ့ခဲ့တာက ဘာမို့လို့ ထူးဆန်းတယ်လို့ ပြောရတာတုန်းကွ” ဟူ၍ ပြောလေရာ “ငါ တွေ့ခဲ့တာ အနက်ရောင် ကျောက်ပြားလေးကွ၊ အဲဒီ ကျောက်ပြားလေးပေါ်မှာ အင်းကွက်တွေလည်း ရေးထားတယ်ကွ” ဟူ၍ ကိုရင်ငတက်က ပြောလိုက်လေတော့၏။

x x x x x x x x x x

ကြိုးစားလျှက် …
အံစာတုံး

 

25 comments

  • water-melon

    July 11, 2012 at 6:14 pm

    ထူးဆန်းသော ပစ္စည်း
    တနေ့၌ လူကြီးတစ်ဦးသည် မြို့မှ ပစ္စည်းတစ်ခုဝယ်လာရာ
    အိမ်ရောက်တော် သူ့မိန်းမသည် အဲပစ္စည်းကို ကြည့်လိုက်ရာ သရဲသရဲဆိုပြီးအော်ပြီး မေ့သွားပါသည်
    ဤအရာကား မှန် ဖြစ်လေသည်

    တနေ့၌ ဖရဲသီးသည် အီးပုံးကီးအား ရေပုံးထင်ပြီး အမှတ်တနိုးကိုင်ထားလေရာ နောက်မှသိလေတော် ရှက်ရှက်နှင့် ပန်းတနော်အလှူ၌ ထမင်းနှစ်ပွဲစားခဲ့တော်

  • water-melon

    July 11, 2012 at 6:16 pm

    တနေ့တ၌ bus ကားပေါ်၌ ကွမ်းစားနေသော် ပိန်ညောင်ညောင်ကောင်လေးကိုတွေ့ရာ
    သူသည် အံဇာတုံးဖြစ်နေသတည်း
    လောက၌ မထင်မှတ်ထားတာတွေဖြစ်တတ်ပါတယ် ချစ်သား အံဇာ

    • မစ္စတာ တောက်တဲ့

      July 11, 2012 at 6:21 pm

      အလို …
      သင်၏ အဖြစ်သနှစ်ကား ထူးပေစွတကား ..
      သို့ရာတွင် ကျွန်ုပ် မစ္စတာ တောက်တဲ့ ၏ အဖြစ်ကို ကြည့်ပါလေ …
      တစ်နေ့သောအခါ ကျွန်ုပ်သည် …
      နှစ်နေ့သောအခါ ကျွန်ုပ်သည် ….
      ဤသို့ ဤနှယ် ဖြစ်ခဲ့လေတော့သတည်း …
      (မထူးဆန်းပေဘူးလားကွယ့် … 😀 )

      ဗြဲသီး ..
      တလောက ဘယ်ပျောက်နေတာတုံး ..
      ဆော်နောက်လိုက်နေလို့ မအားတာလား … 😀

      • water-melon

        July 11, 2012 at 6:27 pm

        ဘယ်ပျောက်ရတုန်းဆိုတော့
        လိုက်နေတဲ့ကောင်မလေး တခြားလူနောက်ပါသွားလို့
        အသည်းကွဲနေတာပါ
        ညည်းရဲ့ ကန်ဒရီဦးထုပ်ဆီက စော်ကြည်ဆေးလေးရှိရင်
        နာ့အတွက်တောင်းပြီး မန်းလေးကိုပို့ပေးနော် 😀

        • water-melon

          July 11, 2012 at 6:28 pm

          ဒါနဲ့ ညည်းကြိုက်နေတဲ့ တောက်တဲ့မကြီး တရုတ်ပြည်ရောက်သွားပြီဆို
          စိတ်မကောင်းလိုက်တာအေ
          ဘယ်ဈေးရလဲ

        • မစ္စတာ တောက်တဲ့

          July 11, 2012 at 6:39 pm

          သိပ်မရလိုက်ပါဘူးအေ …
          သိန်း ၃၀၀ဝ စွန်းစွန်းလောက်ရယ်ပါ .. 😀
          နင့်အတွက် ဆော်ကြည်ဆေးကို ဂန်ထရီ ဥူးဦးထုပ်ဆီက
          ငါ ပန်ကြားကြည့်ပါဦးမယ် …
          အဲ့အခါကျမှ ဆေးစွမ်းထက်လို့ ဆော်တွေ ဝိုုင်းဝိုင်းလည်နေရင်
          နာဂ မျှဝေ မယူနိုင်ဘူးနော် ..
          ဒီမှာတောင် လက်မအားဘူးရယ် .. (စာရိုက်နေတာကိုး ဘယ်အားမလဲ)
          😀

  • ဇောက် ထိုး

    July 11, 2012 at 7:05 pm

    ဖတ်ရှုအားပေးသွားခဲ့ပါတယ်။
    ပြီးတဲ့အထိ စိတ်ကိုတော့ဝင်စားနေစေပါတယ်ခင်ဗျာ။

    • မစ္စတာ တောက်တဲ့

      July 11, 2012 at 7:15 pm

      ဥုဇောက်ဂ ဆိတ်ပဲ ခေါ်လာလို့ပါ ခည ..
      နွားပါပါရင် နွားပါ စားနိုင်ပါတယ် ခည ..
      (နောက်တာပါနော့)
      ခုလို ဖတ်ရှုအားပေးသွားတဲ့အတွက် ကျေးဇူးပါ ခင်ဗျာ ..

  • ဝေးလွင့်တိမ်

    July 11, 2012 at 7:16 pm

    အတွေ့အကြုံရှိတဲ့ စာပေဝါသနာရှင်တစ်ဦးဖြစ်မယ်ထင်တယ် ။ ကောင်းပါတယ် ။ ဆရာရွှေဥဒေါင်းနဲ့ ဆရာကြီးမင်းသိင်္ခကိုပြန်အမှတ်ရစေတဲ့စာမျိုးပါ။ အရေးအသားပိုင်နိုင်လှပါပေတယ်။

    • မစ္စတာ တောက်တဲ့

      July 11, 2012 at 7:27 pm

      ဝေးလွင့်တိမ်ရေ …
      ခုလို မြှောက်ပြော .. အဲ .. ချီးကျူးတဲ့အတွက်တော့
      ကျေးဇူးတင်ပါတယ်လို့ ပြောပါရစေခင်ဗျာ ..
      သို့ပေမယ့်လို့လည်း
      ကျနော်က ဘာဆို ဘာမှ မဟုတ်တဲ့ လူတစ်ယောက်ပါ ..
      တကယ်တမ်း ပြောရမယ် ဆိုရင် ကျနော်က ဆရာကြီးတွေရဲ့ ခြေဖဝါးအောက်က အမှုန်လေးတစ်မှုန်သာ ဖြစ်ပါတယ် ခင်ဗျာ ….
      ဒါပေမယ့် ဆရာကြီး ရွှေဥဒေါင်းနဲ့ ဆရာကြီး မင်းသိင်္ခတို့ရဲ့ အရေးအသားကို အားကျ အတုယူမိသူပါလို့လည်း ပြောပါရစေဗျာ …

      ခုလို လာရောက် ဖတ်ရှုအားပေးသွားတဲ့အတွက်လည်း ကျေးဇူးတင်ပါကြောင်း …

  • ဝေးလွင့်တိမ်

    July 11, 2012 at 7:48 pm

    နှိမ့်ချတတ်တဲ့ မစ္စတာတောက်တဲ့ ကိုလေးစားပါတယ်ဗျာ။

  • မောင်ပေ

    July 11, 2012 at 9:04 pm

    ယခင်ပို ့စ်တုန်းက ကျွန်ုပ် ဘကြီးပေ ၏ ကွန်မင့်မှာ အောက်ပါအတိုင်းဖြစ်သည်
    ““
    တစ်ရံရော တစ်ခါတွင် ဖြစ်အိ
    မြန်မာနိုင်ငံထဲက အလုပ်အကိုင်သိပ်မကောင်းသော မြို ့လေးတစ်မြို ့တွင်
    အသက်ငယ်ငယ် မျက်စိမမြင်ရရှာသော လူငယ်တစ်ယောက် ရှိလေသည်။
    သူ ့နာမည်မှာ ငပြူး ဖြစ်ရွေ ့၊ သူ ့အသက်မွေးဝမ်းကြောင်းမှာ ၊ သူ ့မြို ့ကလေးရှိ ဈေးနားတွင် တောင်းစားရရှာလေသည် ။ မျက်မမြင်တို ့၏ ထူးခြားသော စွမ်းရည်တစ်ခုမှာ သာမန်လူများထက် အကြားအာရုံ ပိုစူးစိုက်နိုင်သည် ။ သူ ့ကို ငပြူး ဟု ခေါ် လျှင် သူ သည် အသံအကျယ်ကြီး ဖြင့် ပြန်ပြန် ထူးတတ်သည် ။ ထူးပြီးသည်နှင့် တစ်ပြိုင်နက် ၊ အသံလာရာဘက်သို ့၊ သူ ့လက်များဖြင့် သူ ့အား ကရုဏာကြေးများပေးသွားလို ့ပေးငြား လိုက်စမ်းလေ့ရှိသည် ။
    အီသို ့ဖြင့် သူ၏ တစ်နေ ့တာ အလုပ်မှာ ထူးလိုက် စမ်း လိုက် နှင့် စကာ
    ထူးဆန်းသော ဟူရွေ ့ဖြစ်လာတော့လေသတည်း ။
    အီကား ကျွန်ုပ် မောင်ပေ အိ ကိုယ်တွေ ့ဖြစ်ရပ်တစ်ခု ကို မခြွင်းမချန်ပြန်လည် ဖော်ပြလိုက်ခြင်းပေတကား
    ””
    အဆိုပါ ကွန်မင့်ပါ ဇါတ်ကို ဆက်ရသော်
    *** ထူးဆန်းသော ထီလက်မှတ် ***
    တစ်ရက်တွင် ဖြစ်သည် ။
    မျက်မမြင် ငပြူး ၊ သူ ့ထုံးစံအတိုင်း ဈေးနားတွင် ထူးလိုက် စမ်းလိုက်ဖြင့် တောင်းရမ်းနေစဉ်သကာလ ၊ ပိုက်ဆံစက္ကူလို စက္ကူတစ်ရွက်ကို ကောက်ရလိုက်သည် ။ ငပြူးလဲ ဝမ်းသာအားရဖြင့် ၊ ပိုက်ဆံစက္ကူဟု ထင်ကာ ၊ ဈေးနားမှ ဆိုက်ကားသမား ကိုရှောက်ဝူ ကို သွားပြကြည့်ရာမှ ၊ ထီလက်မှတ် တစ်စောင် ဖြစ်နေသည် ကို သိလိုက်ရသဖြင့် လွန်စွာ စိတ်ပိန်သွားသည် ။ သို ့သော် ထိုထီလက်မှတ် မှာ နောက်လဆန်းတွင် ထွက်မည့် ထီလက်မှတ် အသစ်ဖြစ်သည်ဆိုသောကြောင့် ၊ ငပြူးလဲ သိမ်းထားလိုက်သည် ။ နောက်နေ ့များကတော့ ငပြူးတစ်ယောက် သူ ့ထုံးစံအတိုင်း….
    သို ့ဖြင့် လကုန်ပြီးနောက် ၊ လဆန်း၁ရက်နေ ့ ထီဖွင့်သောနေ ့သို ့ရောက်သောအခါ ၊ ငပြူးတောင်းနေကြ ဈေးနားတွင် အသက်၃၅နှစ်ခန် ့အမျိုးသမီးကြီး တစ်ယောက် ( ရုပ်က သိပ်မလှသော်လည်း ၊ ရေဆေးငါးကြီး ) ရွှေထုပ်ကျပျောက်သလို ပြူးတူးပြဲတဲ ဖြစ်နေသည်ကို ဈေးနားရှိ လူများအားလုံး သတိထားမိကြသည် ။ ထိုအမျိုးသမီးကြီး သည် ငပြူးနားသို ့ရောက်လာပြီး ငပြူးကို
    “ ဒီမယ်…ဒီမယ် ”
    “ ဟုတ်ကဲ့…အမကြီး ကျန်းမာပါစေ ၊ ချမ်းသာပါစေ ၊ ကျွန်တော် မွေးရာပါ မျက်မမြင်လေး ငပြူးကို ထမင်းဖိုးလေး မစခဲ့ပါဦး ၊ အမကြီးတို ့လင်မယား ကျန်းမာ ချမ်းသာ ထီပေါက်ကြပါစေ ”
    “ ဟဲ့.. ငပြူးရဲ ့ ငါက အပျိုကြီးဟဲ့ … အို..နင့်ဆုတောင်းတွေနဲ ့ ငါ့ စကားတွေတောင် လွဲကုန်ပြီ ၊ ငါပြီးခဲ့တဲ့ ၂ပတ်လောက်က ဒီနားမှာ ထီလက်မှတ် တစ်စောင်ကျပျောက်ခဲ့တာ ၊ အဲဒါ နင်တွေ ့မိလားလို ့”
    “ ဘာဖြစ်လို ့လဲ အမကြီး ရဲ ့”
    “ ဟဲ့..ငါ့ကျပျောက်သွားတဲ့ ထီက သိန်း၅၀ဝ ဆုပေါက်နေလို ့ဟဲ့ ၊ လုပ်ပါဦးဟယ် .. နင် တွေ ့မိခဲ့ရင် ငါ့ကို ပြန်ပေးပါနော ”
    “ ဟုတ်ကဲ့ ၊ အမှန်အတိုင်း ပြောရရင် ကျွန်တော် ကောက်ရထားပါတယ် ၊ ဒါပေမယ့် ဒီအတိုင်းရိုးရိုးတော့ မရဘူးလေ ၊ ရေအဆုံး ကုန်းတစ်ဝက် ဆိုတဲ့ စကားကိုလဲ အမကြီး ကြားဖူးမှာပါ ”
    “ သိပ်သိတာပေါ့… ၊ နင့်ကို ထီလက်မှတ်ဖိုး တစ်ဝက်ပေးမယ်လေ ၊ ထီတစ်စောင်က ၃၀ဝကျပ် နဲ ့ထိုးခဲ့တာဆိုတော့ ၊ ၁၅ဝပေါ့ ၊ ရော့..ရော့ ၂၀ဝကျပ်ယူလိုက် ”
    “ လွယ်လှချီလား အမကြီးရဲ ့၊ သိန်း၅၀ဝကျပ်တန်ဖိုးရှိတဲ့ ထီလက်မှတ် အတွက် ကျွန်တော် ရမယ့် ငွေ က ၂၀ဝကျပ်တဲ့လား ”
    သို ့ဖြင့် ၊ ငပြူး နှင့် အပျိုကြီးတို ့စကားအခြေအတင် များကြရာမှ ၊ ဈေးနားရှိ လူများအားလုံး သိရှိသွားကြပြီး ၊ ဈေးလူကြီး ၊ ရပ်ကွက်လူကြီးများပါ ဝင်ညှိနှိုင်းပေးကြရာ ၊ နောက်ဆုံးတွင် ၊ ရေအဆုံး ကုန်းတစ်ဝက် ဆိုသည့်စကားအတိုင်း ၊ ထီလက်မှတ်ပျောက်သည့် အပျိုကြီးက ထီလက်မှတ် ကောက်ရထားသည့် ငပြူး ကို ထီပေါက်ငွေ ၏ တစ်ဝက်တိတိ ခွဲပေးရန် ဆုံးဖြတ်လိုက်ကြလေသည် ။ အီတွင်… ထီပေါက်ထားသော ဆုငွေ သိန်း၅၀ဝ ကျပ် ကို တစ်ဝက်မပေးချင်သော အပျိုကြီးမှာ ၊ သူ ့ပိုက်ဆံ ကိုယ့်ပိုက်ဆံ ဖြစ်ရလေအောင် ၊ အကြံကြီးကြီး ဖြင့် ၊ “ငပြူး” အား လက်ထပ်လိုက်လေသတည်း ။
    သူရို ့နှစ်ယောက် မင်္ဂလာဆောင်မှာ ဝက်သားဟင်းဖြင့် ထမင်းကျွေးရာ တစ်မြို ့လုံး လာကြလေသည် ဟူသတတ် ။ မင်္ဂလာဆောင်ပြီးနောက် ငပြူး နှင့် အပျိုကြီးတို ့မှာ ချစ်ခင်ကြင်နာလွန်းသော လင်မယားနှစ်ယောက်အဖြစ် ပျော်ရွှင်စွာ ပေါင်းသင်းသွားကြတော့သည် ။
    အီတွင် ““ထူးဆန်းသော ထီလက်မှတ်”” အကြောင်းပြီးအိ ။

  • pooch

    July 12, 2012 at 1:12 am

    စိတ်ဝင်စားစရာအခန်း ရောက်ရင် ဖြတ်ပြီ။ မြန်မြန်တင်ပါဗျို့။ 😀

  • အရီးခင်လတ်

    July 12, 2012 at 4:47 am

    ဘာမန့်ရမှန်းမသိလို့။
    တကယ်ဘဲ စိတ်ဝင်စားစွာ စောင့်ဖတ်နေပါတယ်။လို့ဘဲ ပြောရင်း ၁၅ ကျပ်ဖိုး စီးပွါးရေး လုပ်သွားပါတယ်။

    ဒါနဲ့
    ခေါင်းစဉ် ကို ဖြတ်ကနဲ “ထူးဆန်း ရဲ့ အဆက်” လို့ ဖတ်မိသွားလို့။ 😛

    • htoosan

      July 12, 2012 at 7:07 am

      ရှိတယ်လို့ ထင်သွားတာ ဂုဏ်ယူချင်စရာကြီး .. 😀

  • ကြည်ဆောင်း

    July 12, 2012 at 8:58 am

    စကြာင်္ပုံ ဖဲချပ်တော့လိုချင်သား …..
    အိပ်ချိန်တန်တောင် မအိပ်တဲ့ အိမ်ကတူတွေ တူမတွေကို သမချင်လို့ :mrgreen:

  • thar ag

    July 12, 2012 at 9:12 am

    ထူးဆန်းခါနီးကျ တော့ မထူဆန်းတော့ဘူး ဖတ်ရတာ ကောင်မလိုလိုနဲ့ အဆုံနား ရောက်တော့မှ ရပ်ပစ်တယ်

  • shwe kyi

    July 12, 2012 at 11:35 am

    ကိုတောက်တဲ့ ဆက်ပါဦးရှင့်။ အကျွနုပ်ရွှေကြည်သည် စိတ်ဝင်တစားရှိလှသောကြောင့် ဆက်လက်၍ဖတ်ရှုရန် စိတ်အားထက်သန်နေပါသည်။

  • Wow

    July 12, 2012 at 12:19 pm

    တောက်တဲ့အံ… သို့ အံတောက်တဲ့…
    ထူးဆန်းတဲ့လူဂျီးက ဘာလို့ အသက် ၄ဝ လောက်ဖြစ်ရတာလဲဟင်…. ငယ်ငယ်ရွယ်ရွယ်ဆိုမဖြစ်ဘူးလား….
    😛
    စာရေးကောင်းထှာ… တောက်တဲ့တို့များ…

  • စိန်ဗိုက်ဗိုက်

    July 12, 2012 at 12:49 pm

    မစ်ဆတာ တောက်တဲ့ရေ..
    နင့်ပို ့စ် ဖတ်ရတာ ရေလည်ထူးဆန်းသကွာ..
    ရေလည် မိုက်တယ်..
    ရေလည်ခိုက်တယ်.
    ဗဲဒီးဗဲဒီးဗယာကြော်..စမူဆာကြော်..အာလူကတ်သလိပ်ကြော်ပါ..ဗျား..

    ထူးဆန်းသော တောက်တဲ့ပေတကား..
    ဖမ်းပြီးရောင်းစားဦးမှ..

  • Shwe Ei

    July 12, 2012 at 1:23 pm

    သရဲက အိမ်ရှင်ကို မခြောက်ဖူး ဟုတ်လား။ ထူးဆန်းထှာတော်။ ပို့စ်ကကောင်းပြီ ကောင်းရက်နဲ့ ဘာလို့ တန်းလန်းကြီးဖစ်သွားဒါဒုန်း။ အမြန်ဆက်ပါအုံး မဟာတောက်တဲ့ ရဲ့။

  • Khaing Khaing

    July 12, 2012 at 2:24 pm

    ဟွန်း …… လည်တောင်လည်လာပီ …. ပြတ်တောင်း ပြတ်တောင်းနဲ့ ကိုအံချာတုံး ညကျမှ အင်တာနက်ဆိုင် လာပီးဇာတ်လမ်းအစအစဆုံးလာတောင်းဖတ်မယ် …….. ဒါဗြဲ ……..

  • မစ္စတာ တောက်တဲ့

    July 12, 2012 at 8:31 pm

    ခုကဲ့သို့ ကျွန်ုပ်၏ မဖြစ်စတောက် စာများအား
    လာရောက် ဖတ်ရှုကာ အားပေးသွားတော်မူကြပါကုန်သော
    အရပ်ကတို့အား ကျွန်ုပ် မစ်ချတာ တောက်တဲ့မှ
    အထူးပင် ကျေးဇူးတင်ရှိပါကြောင်း …….

    အထက်ပါ ပို့စ်များတွင် ပြတ်တောင်းပြတ်တောင်း ဖြစ်နေခြင်းမှာ
    အရှည်ကြီး ရေး၍ တင်လိုက်ပါက စာဖတ်သူများ
    ငြီးငွေ့သွားမည် စိုး၍ ဖြစ်ပါကြောင်း ….
    (အမှန်ဂ ရေးပြီးသလောက် တင်ဒါဘဲ .. ဂွဲဂွဲ .. 😀 )

  • kyeemite

    July 13, 2012 at 9:13 am

    တစ်နေ့သ၌ အလွန်တရာ မိုက်လုံးကြီးလှသော
    အသက်လည်းကြီးလှပြီ ဖြစ်သော ကြီးမိုက် တစ်ယောက်သည်
    အလွန်တရာထူးဆန်းလှပြီး အလွန်တရာမှလည်း
    ပြတ်တောင်း ပြတ်တောင်း နိုင်လှသော နံရံကပ် သတ္တဝါတစ်ဦး
    ရေးသားထားသည့် စာမူတစ်ပုဒ်ကို ဖတ်ရှု့သွားလေတော့သတည်း။

Leave a Reply