ဒီပို့စ်လေးဟာ ကျွမ်းကျင်သူ၊ သိပြီး တတ်ပြီးသူများအတွက် ရည်ရွယ်ရေးသားခြင်း မဟုတ်ပါ။ မသိသေးသူများ သိစေရန်အတွက် တစ်နည်းအားဖြင့် အထောက်အကူ ရစေရန်အတွက် ကျနော် အနေနဲ့ မျှဝေခြင်း ဖြစ်ပါတယ်။ မျှဝေတယ် (share) ဆိုကတည်းက ဆရာကြီး လုပ်တာ မဟုတ်ဘူးဆိုတာ သိစေချင်ပါတယ်။ အချို့သော သူများက ဒီလို နည်းပညာ မျှဝေတာကို ဆရာကြီး လုပ်ချင်တယ်လို့ ထင်တတ်ကြလို့ပါ။     မျှဝေခြင်း တစ်နည်း share ခြင်းကို ဥပမာ အနေနဲ့ အနည်းငယ် ပြောချင်ပါသေးတယ်။ တစ်နေရာမှာပေါ့ လူငါးယောက် စုပြီး စကားပြောနေကြတယ်။ အဲဒီအချိန်မှာ လူတစ်ယောက်က သူတို့ဆီ ပြေးလာပြီး အကိုတို့ရေ ဟိုဘက်ရပ်ကွက်မှာ မီးလောင်နေတယ်ဗျို့ လို့ ပြောပြီး ပြေးထွက်သွားပြန်ပါရော။ စုပြီး […]