ဒါတွေက ဒီလိုပါ

ဒီပို့စ်လေးဟာ ကျွမ်းကျင်သူ၊ သိပြီး တတ်ပြီးသူများအတွက် ရည်ရွယ်ရေးသားခြင်း မဟုတ်ပါ။ မသိသေးသူများ သိစေရန်အတွက် တစ်နည်းအားဖြင့် အထောက်အကူ ရစေရန်အတွက် ကျနော် အနေနဲ့ မျှဝေခြင်း ဖြစ်ပါတယ်။ မျှဝေတယ် (share) ဆိုကတည်းက ဆရာကြီး လုပ်တာ မဟုတ်ဘူးဆိုတာ သိစေချင်ပါတယ်။ အချို့သော သူများက ဒီလို နည်းပညာ မျှဝေတာကို ဆရာကြီး လုပ်ချင်တယ်လို့ ထင်တတ်ကြလို့ပါ။

 

Share .... Share

 

မျှဝေခြင်း တစ်နည်း share ခြင်းကို ဥပမာ အနေနဲ့ အနည်းငယ် ပြောချင်ပါသေးတယ်။ တစ်နေရာမှာပေါ့ လူငါးယောက် စုပြီး စကားပြောနေကြတယ်။ အဲဒီအချိန်မှာ လူတစ်ယောက်က သူတို့ဆီ ပြေးလာပြီး အကိုတို့ရေ ဟိုဘက်ရပ်ကွက်မှာ မီးလောင်နေတယ်ဗျို့ လို့ ပြောပြီး ပြေးထွက်သွားပြန်ပါရော။ စုပြီး စကားပြောနေတဲ့ လူတွေလည်း မီးငြိမ်းရအောင်ဆိုပြီး မီးလောင်တဲ့နေရာ ပြေးသွားကြတယ်။

ဒီနေရာမှာ မီးလောင်တယ်လို့ လာပြောတဲ့လူဟာ သတင်းပေးတဲ့လူ လို့ ဆိုနိုင်သလို၊ သူ မြင်လိုက် သိလိုက်တဲ့ အကြောင်းအရာကို မသိသေးတဲ့ လူတွေ သိအောင်လို့ သူသိထားတာကို လာရောက် မျှဝေသွားတယ်လို့လည်း ယူဆလို့ ရပါတယ်။ ဒါကို ဒီကောင် ဆရာကြီး လာလုပ်သွားတယ်လို့ ပြောရင် ဘယ်လိုမှ အဓိပ္ပါယ် မရှိနိုင်ပါဘူး။ ဒါကတော့ ကျနော့်ရဲ့ မျှဝေခြင်း (share) နဲ့ ပတ်သက်တဲ့ ဟိုမရောက်ဒီမရောက် ဥပမာ ဖြစ်ပါတယ်။

ထားပါတော့ … ။ အခုနောက်ပိုင်း ကျနော်တို့ ဂေဇက်မှာ တင်တဲ့ ပုံတွေနဲ့ ပတ်သက်ပြီး ပြောချင်တာလေး ရှိပါတယ်။ ဒါကတော့ ပုံကြီးခြင်း ပြဿနာ၊ ဒီပြဿနာကို ဖြေရှင်းဖို့ ကျနော်တို့ သူကြီးဦးခိုင်က ဆော့ဖ်ဝဲတစ်ခု ဝယ်မယ်လို့ သိရပါတယ်။ ဒါဆော့ဖ်ဝဲ ဝယ်ပြီး run ပြီးသွားရင်တော့ ပြေလည်သွားဖို့ ရှိပါတယ်။ အဲဒီလို မပြေလည်ခင်စပ်ကြားမှာ ဒီလိုလေးလုပ်ပြီး ပုံသေးလို့ ရစေပါတယ်။

 

ကြီးနေသည့်ပုံများအား ချုံ့ခြင်း၊ သေးခြင်း

 

ကျနော်တို့ ပုံတွေကို upload လုပ်ပြီးသွားလို့ ပို့စ်ထဲ ရောက်လာတဲ့အခါ အဲဒီ ပုံက အရမ်းကြီးနေမယ် ဆိုပါစို့။ ဒါဆို ပုံကို ပြန်သေးဖို့အတွက် ပုံပေါ်ကို Left Click လေး တစ်ချက် နှိပ်လိုက်ပါ။ Icon လေးနှစ်ခု ပေါ်လာပါလိမ့်မယ်။ ရှေ့က icon က ပုံတွေကို ပြန်ပြင်ဖို့နဲ့ နောက်က icon က ပုံကို ပြန်ဖျက်ဖို့ ဖြစ်ပါတယ်။ ကျနော်တို့ ပုံကို ပြန်ပြင်မှာဆိုတော့ ရှေ့က icon လေးကို နှိပ်ရမှာပေါ့ဗျာ။

 

ပုံပေါ်ကို ကလစ်တစ်ချက် ထောက်လိုက်ရင် ပေါ်လာမယ့် အိုင်ကွန်လေး နှစ်ခု (မှတ်ချက် ။ ။ Watermark ကို စမ်းသုံးထားပါသည်)

 

ရှေ့က icon ကို နှိပ်လိုက်ရင် သူက Loading လုပ်ပြီး ပေါ်လာပါလိမ့်မယ်။ အဲဒီအခါ ပုံလေးရဲ့ ညာဖက်အခြမ်း Size ရဲ့အောက်မှာ 100% 80% 70% စသည်ဖြင့် ရှိပါတယ်။ အဲဒီ ရာခိုင်နှုန်းပေါ်လေးတွေကို မောက်စ် တင်လိုက်တာနဲ့ ညာဖက်အခြမ်းက ပုံက နမူနာအနေနဲ့ အသေး၊ အကြီး ပြပေးပါလိမ့်မယ်။ အရမ်းကြီးလွန်းတဲ့ ပုံတွေဆို 40% 50% လောက်အထိ ချုံ့လိုက်ပေါ့ဗျာ။ အဲလို ချုံ့ဖို့ကလည်း ကိုယ်ထားချင်တဲ့ ရာခိုင်နှုန်းပေါ်မှာ ကလစ်ကလေး တစ်ချက် နှိပ်လိုက်ရုံပါပဲ။

 

ဒါကတော့ အိုင်ကွန်လေးကို နှိပ်ပြီး ပေါ်လာတဲ့အခါ ပြင်ဆင်ရမှာတွေပါပဲ

 

ပုံကို ချုံ့ပြီးသွားရင်တော့ ပို့စ်ထဲမှာပေါ်ချင်တဲ့ ပုံရဲ့ တည်နေရာ၊ ပုံအောက်မှာ ပေါ်ချင်တဲ့ စာသားတွေကို လိုသလို ပြင်ဆင် ထည့်သွင်းနိုင်ပါတယ်။ ပုံအောက်မှာ ပေါ်ချင်တဲ့ စာသားကိုတော့ Caption ရဲ့ဘေးမှာ ရိုက်ထည့်ရမှာပဲ ဖြစ်ပါတယ်။ ဒီလောက်ဆို ကြီးနေတဲ့ ပုံတွေကို ပြန်ချုံ့ဖို့ အဆင်ပြေလောက်ပါပြီ။

 

နှေးကွေးနေတဲ့ ကွန်နက်ရှင်မှာ ပုံတွေကို Upload တင်မယ်ဆို

 

မြန်မာပြည်ရဲ့ ကိုးနတ်ရှင် (ကွန်နက်ရှင်) ကတော့ သိတဲ့အတိုင်းပါပဲ။ ဖွတ်ချပ်ဖွတ်ချပ်ရယ်။ ဒီလို ကွန်နက်ရှင်မျိုးမှာ ပုံတွေကို Upload တင်ဖို့ဆိုတာ တယ်ပြီး မလွယ်လှဘူး။ သို့ပေသိ နည်းလမ်းလေးတစ်ခုကို ညွှန်းချင်ပါတယ်။ ကျနော်တို့ ပုံတွေပါတဲ့ ပို့စ်တစ်ခု ရေးတော့မယ်ဆိုပါစို့။ ဒါဆို ပုံကတော့ မဖြစ်မနေ ထည့်ရတော့မယ်။ ပို့စ် တစ်ခါတည်းရေးရင်း ပုံတွေကို တင်မယ်ဆိုရင် သိပ်ပြီး အဆင်မပြေလှပါဘူး။ ဒါကြောင့် ပို့စ် မရေးခင် တင်ကြည့်ကြရအောင်။

ကျနော်တို့ Dashboard ရဲ့ ဘယ်ဘက်အခြမ်းမှာ Media ဆိုတာ ရှိပါတယ်။ အဲဒါကို နှိပ်ပါ။ ပြီးရင် Add New ကို ရှာပြီး နှိပ်ပါ။ Dotted Box ကြီး ပေါ်လာပါလိမ့်မယ်။ အဲဒီအခါမှာ ကိုယ်ထည့်ချင်တဲ့ ပုံကို သွားပြီး မောက်စ်နဲ့ နှိပ်ထား၊ ပြီးရင် Browser ထဲက အဲဒီ Dotted Box ထဲကို မောက်စ် နှိပ်ရင်း ပုံကို ဆွဲလာပြီးတော့ box ထဲကို ရောက်မှ မောက်စ်ကို လွှတ်ချလိုက်ပါ။ ပုံကို အော်တို upload တင်သွားပါလိမ့်မယ်။ အဲဒီ Drag & Drop function ကတော့ အင်တာနက်မှာ အခုနောက်ပိုင်း လူကြိုက်များ ခေတ်စားလာတဲ့ ပုံ upload တင်တဲ့ function တစ်ခုပါပဲ။

 

ဒါကတော့ dotted box ထဲကို ပုံဆွဲထည့်တဲ့ ပုံစံလေးပါ

 

Upload တင်နေတုန်း ခဏတော့ စောင့်ပေါ့ဗျာ။ ပြီးသွားရင် ကိုယ်တင်လိုက်ပုံရဲ့ နမူနဲ့တကွ ပေါ်လာပါလိမ့်မယ်။ ဒီအခါ အောက်နားလေး ဆင်းကြည့်ပြီး ပုံရဲ့ လင့်ခ်ကို Copy ယူပြီး Notepad ထဲမှာဖြစ်ဖြစ် Word ထဲမှာဖြစ်ဖြစ် ခဏ မှတ်ထားလိုက်ပါ။ ပြီးရင် Save All Changes ဆိုတာကို နှိပ်ပါ။ အဲဒီလို နည်းနဲ့ နောက်ထပ် ပုံတွေကိုလည်း Add New ထဲကနေ တင်ပါ။ လင့်ခ်တွေကိုတော့ မှတ်ထားဖို့ မမေ့နဲ့ပေါ့။ ဒီနေရာမှာ တစ်ချက်လောက် အကြံပေးချင်တာ Add New ပေါ်ကို Right Click ထောက်ပြီး New Tab တွေ ငါးခုလောက် ဖွင့်၊ ပြီး တစ်ပြိုင်နက်တည်း upload တင်ရင် အချိန်စား သက်သာပြီး ကရိကရ မများဘဲ ပိုမြန်ကြောင်းကို ယခု ကျနော် ဒီပုံတွေကို upload တင်ရင်းနဲ့ တွေ့လိုက်မိလို့ပါ။

 

ပုံရဲ့ လင့်ခ်လေးကို မှတ်ထားဖို့ပါ

 

ပုံတွေအားလုံး Upload တင်ပြီးသွားရင် ကျနော်တို့ ပို့စ် တင်ပါတော့မယ်။ ဒီအတွက် ထုံးစံအတိုင်း Post ထဲက Add New ကို နှိပ်ပေါ့ဗျာ။ ပထမဆုံး ခေါင်းစဉ်ကို အရင်ထည့်မယ်။ ခေါင်းစဉ်တပ်ဖို့ မေ့တတ်တဲ့ ပြဿနာရှိလို့ ခေါင်းစဉ်ကို အရင်ထည့်တာ။ နောက်မှ မကြိုက်ရင် ပြန်ပြောင်းပေါ့။ ပြီးရင် စာကိုယ်ထည့်။ စာတွေကို အားလုံး ရိုက်ထည့်ပြီးသွားရင် စာတွေ ရိုက်ထည့်တဲ့ box ရဲ့ ညာဖက် အပေါ်နားလေးကို ကြည့်လိုက်ပါ။ Visual နဲ့ HTML ဆိုပြီး တွေ့ရပါလိမ့်မယ်။ အဲဒီမှာ HTML ဆိုတာကို နှိပ်လိုက်ပါ။

 

ဒါကတော့ Visual နဲ့ HTML မြင်ကွင်း ပြောင်းတဲ့ ပုံစံလေးပါ

 

ဒီအခါ စောစောကပေါ်နေတဲ့ ပုံလေးတွေက ပျောက်သွားပြီး ပုံစံ အနည်းငယ် ပြောင်းသွားပါလိမ့်မယ်။ ဒါဟာ ပြဿနာ မဟုတ်ပါဘူး။ ခု ကျနော်တို့ ပုံတွေ ထည့်တော့မယ်။ ပုံထည့်ဖို့အတွက် ကျနော်တို့ ပုံထည့်ချင်တဲ့ နေရာကိုသွားပြီး ကလစ်နှိပ်လိုက်ပါ။ လိုအပ်မယ်ထင်ရင် Enter နဲ့ ဆင်းလိုက်ဦးပေါ့ဗျာ။ ကိုယ် ပုံထည့်ချင်တဲ့ နေရာရောက်ရင် အပေါ်က button လေးတွေထဲက img ဆိုတဲ့ button လေးကို နှိပ်လိုက်ပါ။

 

ဒါကတော့ img ဆိုတဲ့ button လေးကို နှိပ်ပြီး ပုံရဲ့လင့်ခ်ကို ထည့်တဲ့ ပုံစံလေးပါ

 

Box တစ်ခု ပေါ်လာပါလိမ့်မယ်။ အဲဒီ box ထဲမှာ ကိုယ်ထည့်ချင်တဲ့ ပုံရဲ့ လင့်ခ်ကို ထည့်ပေးရမှာပဲ ဖြစ်ပါတယ်။ စောစောက ကျနော်တို့ Copy ယူထားတဲ့ လင့်ခ်တွေထဲက သက်ဆိုင်ရာ ပုံလေးရဲ့ လင့်ခ်ကို ထည့်ပေးလိုက်ပါ။ ဒီလိုနည်းနဲ့ နောက်ထပ် ပုံတွေကိုလည်း ထည့်လိုက်ပါ။ အားလုံးပြီးသွားပြီဆိုရင် Visual ဆိုတာလေးကို နှိပ်လိုက်ပါ။ ဒီအခါ ပုံလေးတွေနဲ့တကွ အရင်ပုံစံလေးအတိုင်း ပေါ်လာတာကို တွေ့ရပါလိမ့်မယ်။ အဲဒီနေရာကျမှပဲ အပေါ်မှာ ပြောခဲ့တဲ့ ကြီးနေတဲ့ ပုံတွေကို ပြန်ချုံ့တဲ့ နည်းလေးအတိုင်း သွားပြီး ကြီးနေတယ်ထင်ရင် ချုံ့၊ ပုံအောက်မျာ စာပေါ်ချင်ရင် Caption ဘေးမှာ စာရိုက်ထည့်၊ ဒါတွေကို လိုအပ်သလို လုပ်လိုက်ပါ။ ဒီနည်းက ပုံတွေ တင်တဲ့အခါ ပိုပြီး မြန်ဆန်မယ် ထင်လို့ပါ။

 

အင်တာနက်ပေါ်က ပုံတွေကို ယူသုံးတဲ့အခါမှာ

 

ဒါကို ပို့စ်အနေနဲ့ ကျနော် တင်ခဲ့ပြီးပါပြီ။ သို့ပေသိ ဒီနေရာမှာ ထပ်ပြောလိုက်ပါဦးမယ်။ ဥပမာ ကိုယ်အပင်ပန်းခံပြီး ရိုက်ထားတဲ့ ပုံလေးကို သူများက ကိုယ်လည်း မသိဘဲနဲ့ ခပ်တည်တည်နဲ့ ယူသုံးထားတယ်ဆိုပါစို့။ ကျနော်တို့ ကျေနပ်မှာ မဟုတ်ပါဘူး။ ဒီလိုပါပဲ သူများရဲ့ ပုံတွေကို ကျနော်တို့က ခပ်တည်တည်နဲ့ ယူသုံးထားရင်လည်း ကျေနပ်နိုင်မှာ မဟုတ်ဘူးလို့ ထင်မိပါတယ်။

အင်တာနက် တစ်ခွင်မှာလည်း သူများတွေ တင်ထားတဲ့ ပုံတွေဟာ အများအပြားပါပဲ။ ဒီပုံတွေကို ကျနော်တို့ ယူသုံးနေကြတယ်။ သုံးတာက ကိစ္စမရှိပါဘူး။ ကိစ္စရှိတာက ပုံရဲ့ မူရင်းလင့်ခ်ပါပဲ။ များသောအားဖြင့် ကျနော်တို့ အင်တာနက်ပေါ်က ပုံတစ်ပုံကို တင်ချင်ရင် အဲဒီပုံကို အရင်ဆုံး download ယူတယ်။ ပုံတစ်ပုံကို download ယူတဲ့အခါ ပုံပေါ်ကို Right Click ထောက်ပြီး Save Image As ဆိုတာနဲ့ ယူတာက များပါတယ်။

ကိုယ့် ကွန်ပျူတာထဲ အဲဒီပုံ ရောက်လာပြီဆိုရင် ပုံကို ကိုယ့်ဆိုက်မှာ upload ပြန်တင်ပြီး သုံးလိုက်တယ်။ ဒါဟာ အမှန်တကယ်တမ်း ပြောရရင် လမ်းကြောင်းမှားနေပါတယ်။ တကယ်ဆို အင်တာနက်မှာ ရှိပြီးသားပုံကို ယူသုံးချင်ရင် ပုံရဲ့ လင့်ခ်ကိုပဲ ယူပြီး သုံးရမှာပါ။ ဒီလို ပုံရဲ့ လင့်ခ်လေးကိုပဲ ယူသုံးလိုက်ရင် ကိုယ်ပိုင်ပုံ မဟုတ်ကြောင်းကို ရည်ညွှန်းပြီးသား ဖြစ်သွားပါတယ်။

အင်တာနက်ပေါ်မှာ ရှိပြီးသားပုံတွေကို ထည့်သွင်းဖို့အတွက် ဆိုရင် ပိုပြီးတောင် လွယ်ကူသွားပါသေးတယ်။ အပေါ်မှာ ကျနော်ပြောခဲ့တဲ့ “နှေးကွေးနေတဲ့ ကွန်နက်ရှင်မှာ ပုံတွေကို Upload တင်မယ်ဆို” ဆိုတဲ့ ခေါင်းစဉ်အောက်က အတိုင်းပါပဲ။ အပေါ်က upload တင်တဲ့ အပိုင်းတွေကိုတော့ ချန်ခဲ့ပေါ့။ နောက်ပိုင်းမှာပါတဲ့ Visual, HTML ပြောင်းပြီး ပုံထည့်တဲ့ နေရာမှာ ပြောခဲ့သလို ပုံရဲ့ လင့်ခ်လေးကို ထည့်ပေးရမှာပါ။ ဒီတစ်ခါ အင်တာနက် ပေါ်မှာ ရှိပြီးသား ပုံရဲ့လင့်ခ်ကို ယူပြီး ထည့်လိုက်ပေါ့ဗျာ။ ဘယ်လောက်များ လွယ်လိုက်သလဲလို့။

 

အင်တာနက်ပေါ်မှာ ရှိပြီးသား ပုံရဲ့လင့်ခ်ကို Right Click ထောက်ပြီး ယူတာ

 

ပုံရဲ့ လင့်ခ်ကို ယူဖို့အတွက်တော့ ပုံပေါ်ကို Right Click ထောက်၊ ပြီးရင် Copy Image Location ကို နှိပ်လိုက်ပါ။ ဒါဟာ ပုံရဲ့ တည်နေရာ တစ်နည်း ပုံရဲ့ လိပ်စာကို Copy ယူလိုက်တာပါ။ အဲဒီ လိပ်စာကို ကျနော်တို့ လင့်တွေ ထည့်တဲ့ box ထဲ ထည့်လိုက်ပေါ့ဗျာ။ ပြီးသွားရင် Visual ပြောင်းပြီး ပုံကို လိုသလို Edit လုပ်လိုက်ပေါ့။ ဒါက upload တင်ရတဲ့ ကိစ္စလျှော့ကျသွားတဲ့အပြင် လွယ်လွယ်ကူကူနဲ့ ပုံရဲ့ လင့်ခ်လေးကိုပဲ ယူသုံးလိုက်တာပဲ ဖြစ်ပါတယ်။

 

လင့်ခ် မေ့နေတဲ့ ပုံတွေအတွက်ဆိုရင်

 

ကျနော်တို့ အင်တာနက်မှာ လမ်းသလားရင်းနဲ့ ကိုယ်ကြိုက်တဲ့ ပုံလေးတွေ တွေ့ရင် ယူပြီး သိမ်းထားလိုက်တယ်။ အဲဒီပုံက အင်တာနက်က ယူထားတာ သေချာပေမယ့် သူ့ရဲ့ မူရင်းလင့်ခ်ကိုတော့ မေ့နေပြီ။ ဒီအဲပုံကို ကိုယ်က ကိုယ့်ဆိုက်မှာ တင်ပြီး ပြန်သုံးချင်တယ် ဆိုပါစို့။ သူများရဲ့ ပုံဖြစ်တာတော့ သေချာတယ်။ လင့်ခ်ကလည်း မေ့နေပြီ။ ဘယ်လိုလုပ်ရမလဲ။

ဒီအတွက် ကမ္ဘာကျော် ရှာဖွေရေး အင်ဂျင်ကြီးဖြစ်တဲ့ Google က သူ့ရဲ့ Images ဆိုတဲ့ ကဏ္ဍမှာ Function တစ်ခုကို ထည့်သွင်းပေးထားပါတယ်။ အဲဒီ function က ကိုယ့်ပုံနဲ့ တူတဲ့၊ တူသယောင်ရှိတဲ့ ပုံတွေကို ရှာတဲ့နေရာမှာ သုံးလို့ရပါတယ်။ ဒါကို အသုံးပြုပြီး အင်တာနက်မှာ အဲဒီပုံကို လွယ်လင့်တကူ ပြန်ရှာလို့ ရနိုင်ပါတယ်။ အောက်မှာ Google ရဲ့ ပုံတူရှာတဲ့ အကြောင်းအရာကို ပုံတွေနဲ့ ပြထားပါတယ်။ အဲဒီအတိုင်းရှာပြီး ချွတ်စွပ် သို့မဟုတ် အနီးစပ်ဆုံးတူတဲ့ ပုံရဲ့ လင့်ခ်ကို ယူသုံးပြီး ထည့်လိုက်ပေါ့ဗျာ။ ဒါက အပြစ်ကင်းပါတယ်။

 

ဒါက Google Images

 

ဒါက ကိုယ့်မှာရှိတဲ့ ပုံနဲ့ တူတဲ့ ပုံတွေကို အင်တာနက်ပေါ်မှာ ရှာကြည့်ဖို့

 

ဒါက Google မှာ upload တင်တဲ့ ပုံစံလေး

 

နောက်ဆုံး ဒီလို ရလဒ် ထွက်လာပါတယ်

HomePage မှာ ပို့စ် မပေါ်တာက

 

ကျနော်တို့ ပို့စ်တင်တယ်။ ဒါပေမယ့် ကိုယ်တင်တဲ့ ပို့စ်က HomePage မှာ ပေါ်မလာဘူး။ ဒါဟာ copy/paste ဆိုတဲ့ Category ကို ရွေးမိလို့ပဲ ဖြစ်ပါတယ်။ ပို့စ်တင်တဲ့အခါ Category မရွေးမိဘဲ တင်လိုက်မိရင် ကိုယ့်ရဲ့ ပို့စ်ဟာ copy/paste ဖြစ်တတ်ကြောင်းကို ဆြာပေါက်ဖော်ရဲ့ ပို့စ်ထဲမှာ ဖတ်ရှုနိုင်ပါတယ်။ အဲဒီပို့စ် ဖတ်ဖို့ဆိုရင် ဒီနေရာကို နှိပ်ပါ။

 

Copy / Paste Catagory

 

မနေ့က ကျနော့်ရဲ့ ပုံလေးတွေတင်တဲ့ ပို့စ်ကို တင်တော့ copy/paste ဆိုတဲ့ category ကို ရွေးခဲ့မိပါတယ်။ ပို့စ်တင်ပြီး HomePage ကို Refresh လုပ်ကြည့်တော့ ကျနော့်ပို့စ်က ပေါ်မလာပါဘူး။ ဒါနဲ့ ကျနော်လည်း ပုံတွေနဲ့ သက်ဆိုင်တဲ့ photography ဆိုတဲ့ category ကို ထပ်ရွေးပြီး ပို့စ်ကို Update လုပ်လိုက်တယ်။ ဒီအခါလည်း ကျနော့်ပို့စ်က မပေါ်ပြန်ပါဘူး။ ဒါနဲ့ copy/paste ဆိုတာကို ဖြုတ်လိုက်ပြီး photography ဆိုတာကိုပဲ ရွေးကြည့်လိုက်တော့ ပေါ်လာပါတော့တယ်။ ဒါကြောင့် HomePage မှာ ပို့စ် မပေါ်တာဟာ copy/paste category ကြောင့်ပါလို့။ ဒါက ကျနော် ထင်မိတာကို ပြောတာပါ။ အတိအကျကိုတော့ သူကြီးပဲ သိပါလိမ့်မယ်

 

ပုံရဲ့ အောက်ထောင့်နားက Water Mark လေးအကြောင်း

 

ကျနော်တို့ ဂေဇက်မှာ တင်တဲ့ ပုံတွေရဲ့ ညာဖက် အောက်ထောင့်နားကို ကြည့်လိုက်ရင် စာလုံး သေးသေးလေးကို တွေ့ရပါလိမ့်မယ်။ ဒါဟာ သူကြီး ဖန်တီးပေးထားတဲ့ Water Mark ပါပဲ။ ဒီ Water Mark ကို ရာထူး တက်ပြီးသား သူများ ပြင်ဆင်ကြည့်လို့ ရမယ်လို့ ထင်ပါတယ်။ ဒီနေရာမှာ ရာထူးတက်တယ်ဆိုတာက ကိုယ်တင်တဲ့ ပုံကို ပြန်ပြီး Edit လုပ်လို့ ရတာ၊ နောက်ထပ် အရင်က ပို့စ်တွေ တင်ပြီးရင် ပို့စ်က ပျောက်ပြီး သွားတယ်။ ရာထူး တက်ပြီးသွားတဲ့လူဟာ ပို့စ်တင်ပြီးရင် ပို့စ်က မပျောက်တော့ဘဲ Publish ဆိုတဲ့ နေရာမှာ Update ဆိုပြီး ပြောင်းလဲနေတာကို တွေ့ရပါလိမ့်မယ်။

ကြော်ငြာဝင်ရရင် … ကျနော်တို့ သူကြီးက မျက်နှာမြင်ဖူးတဲ့ သူတွေကို ရာထူး တက်ပေးတတ်ပါတယ်။ ဒါကြောင့် လာမယ့် အလှူမှာ အလှူငွေ ထည့်ဝင်ပြီး လိုက်ပါကြပါက သူကြီးလည်း ကိုယ့်မျက်နှာ မြင်မည်၊ ဒီအခါ ရာထူးလည်း တက်ပါလိမ့်မည်။ ရာထူးတက်ပါက ကိုယ်တင်လိုက်သည့် ပို့စ်ထဲတွင် မှားနေသော စကားလုံးများ၊ ပုံများကို ပြန်လည် ပြင်ဆင်ခွင့်ရသည့် အခွင့်အရေးများကို ရရှိပါလိမ့်မည်။ မျက်နှာ မြင်ရက်သားနဲ့ ရာထူး မတက်ပေးပါက သဂျီးအား ဆန္ဒပြကြပေတော့ …. 😀

အဲ … ကြော်ငြာပြီးတော့ ဇာတ်လမ်းကို ပြန်ဆက်မယ်။ Water Mark အကြောင်း၊ အဲဒီ ဝါးတားမက်ခ် ကို ကိုယ့်စိတ်ကြိုက် ပြောင်းလို့လို့ ရပုံကိုလည်း အောက်မှာ ပုံများနဲ့တကွ ပြထားပါတယ်။ ဖရဲ ရေ … အဲဒါလေးကို ညည်း ကလိကြည့်လိုက်ဦးနော်။ နာကတော့ ပုံတွေ သိပ်မတင်ဖြစ်လို့ ကလိတော့ဘူး။ အဟီး .. ခုပုံတွေဒေါ့ ဆိုင်ဘူးပေါ့နော် …. 😀

 

Watermark Reloaded

 

watermark ရဲ့ တည်နေရာနဲ့ ဘယ်ပုံတွေမှာ ထည့်မှာတဲ့လဲ

 

Watermark စာသားနဲ့ ပြောင်းချင်သလို ပြောင်းလို့ရမယ့်ဟာတွေ

 

ဒါက နမူနာ ပုံစံ

 

ကိုယ့်ရဲ့ Nick Name ကို ပြောင်းချင်ရင် သို့မဟုတ် Profile ကို အသုံးပြုခြင်း

 

ဒါကိုတော့ အန်တီ မိုးချို မေးခဲ့တာကို သတိရလို့ ပေါင်းထည့်ပြီး တင်လိုက်တာပါ။ ပုံတွေကိုပဲ ကြည့်ပြီး ကလိချင်ရင် ကလိလိုက်ပါ။ ဒါကလည်း မသိသေးသူတွေ အတွက်ပါလို့။

 

ပလောပီနံ ... အဲ .. ဒါက profile

 

ကိုယ့်ရဲ့ Nick Name ကို ပြောင်းချင်ရင်

 

ဒါက ကန်စွန်းရွက်တွေ

 

ပြောချင်ရာ ပြောပြီး၊ password ကို ပြောင်းချင်ရင်

 

ကိုယ့်ရဲ့ Avatar ပုံလေးတွေကို ထည့်ဖို့

 

ပို့စ်လည်း တော်တော် ရှည်သွားပြီမို့ ဒီလောက်နဲ့ပဲ ရပ်နားလိုက်ပါကြောင်း။

 

အားလုံးကို ခင်တဲ့
အံစာတုံး

40 comments

  • Moe Z

    April 4, 2012 at 12:19 pm

    အားပေးသွားပါတယ် ဘိုးတော်အံရေ
    နောက်လည်းဒီလို အကျိုးရှိတဲ့အကြောင်းအရာလေးတွေ ဆက်ရွှီး အဲ ဆက်ရှယ် (share) နိုင်ပါစေ …

      • windtalker

        April 4, 2012 at 7:40 pm

        ဟိုဟာတွေ ကကော ဘယ်လိုလဲ ဆိုတာ ဆက်လုပ် ပါ ရဲဘော် ။

  • ဗိုက်ကလေး

    April 4, 2012 at 12:38 pm

    အူးလေးရဲ့ ရွာအကျိုးပြုပို့စ် ကို လက်ခုပ်တီး အားပေးတွားဘာဒယ်..
    နောက်လဲ မျှော်နေမယ်ခင်ည
    ဝါတာမာ့ခ်လေး အကြောင်းခုမှ သိလို ့ရယ်ပါလေ

    စကားမစပ်
    မျက်ခွက်ပြရင် ဂယ်ပဲ ရာထားတိုးသလားဗျ

    • Moe Z

      April 4, 2012 at 12:40 pm

      လောလောဆယ်တော့ မီးဖျက်တဲ့အမှုနဲ့ရွာထဲသရဲခြောက်နေလို့
      သဂျီးက ကွန်မန့်တစ်ခုကို ၁ဝပေးနေတယ်
      ဒီရက်ပိုင်းများများမန့်ကြဗျို့ 😀

    • အံစာတုံး

      April 4, 2012 at 12:49 pm

      မျက်ခွက်ပြရင် ရာထူးတိုးပေးမယ်ဆိုဒါ ..
      သဂျီးကြောတာ …
      ဂယ် ဟုတ်မဟုတ်တော့ သိဘူးရယ် … 😀

      မိုးဇက်ရေ့ ..
      တစ်လောက ကွန်မန့်များတဲ့ ပို့စ်တစ်ခုမှာ
      သဂျီးညည်းထားတဲ့ ကွန်မန့်ကို ဖတ်လိုက်ရသေးတယ် ..
      ကွန်မန့်တစ်ခုကို တစ်ဆယ်ထွက်နေတယ် ဆိုပြီး … တော့ …

    • ဗိုက်ကလေး

      April 4, 2012 at 12:55 pm

      အားနာချရာသဂျီးရာ
      ဘာပဲဖြစ်ဖြစ်အခေါက်ရေများမှ ကိုယ့်အတွက် ကျန်မှာမို ့ အားနာနာနဲ ့ပဲ အာချောင်ခွင့်ပြုပါဦးဗျာ
      😀

      • အံစာတုံး

        April 4, 2012 at 1:13 pm

        အဲဒါ ဝုတ်တယ် .. အဲဒါ ဝုတ်တယ် ….
        သဂျီး …
        သများတွေတော့ သိဘူး …
        များတို့က အပြင်ဆိုင်က သုံးရတာဆိုတော့ ..
        ကိုယ့်တွက် အခေါက်ရေ မှန်အောင် မနည်း ဆွဲနေရဒယ်ဗျို့ … 😀
        အဲ .. ဒါပေမယ့်လို့လည်း အမြဲတမ်း အရှုံးနဲ့ပါပဲ ..
        ဒီရွာကြီးထဲ ပျော်လို့သာ လာနေတာ ..
        တွက်ခြေတော့ ကိုက်ဘူးရယ် ..
        အဲဒါ သဂျီး သများတို့ကို သနွားပြီး လခ တိုးပေးဒေါ့ …..
        ဒါဗြဲ ….. 😀

  • amatmin

    April 4, 2012 at 1:43 pm

    ဘိုအံရေ..
    တကယ်ကြီးကို ကျေးဇူးတင်ပါ၏..
    နို့မို့ ပုံတင်မယ်ဆိုတိုင်း ကိုးနက်ရှင်ကြောင့် တိုင်ပတ်ရတာများ..ခုတော့ အိုကေသွားပြီ.. 🙂
    ပြီးတော့.. HomePage မှာ ပို့စ် မပေါ်တာဟာ copy/paste category ကြောင့်ဆိုတာဟုတ်ပါတယ်.
    သဂျီးမင်းပြောထားပါတယ် ဗျ.. စည်းကမ်းချက် နံပါတ် ၁ ကြီးပါ..

    1. မိမိစာနှင့် အနီးစပ်ဆုံးCategory (တခု)ကိုရွေးချယ်၍ပို့စ်တင်ပါ။
    ((Copy/Paste Category)သည် ရှေ့မျက်နှာတွင်ပေါ်မည်မဟုတ်။)
    Tagထည့်ပါ။ Tagကို စာတလုံးစီကော်မာခံပြီးမှထည့်ပါ..

    ကဲမန့်လို့တော့ ပြီးပြီ..ငွေတစ်ဆယ် လာထား 😛

    • amatmin

      April 4, 2012 at 1:54 pm

      ပြောဖို့ကျန်ခဲ့တာ မေ့သွားလို့ဗျ..
      သဂျီးပြောတဲ့ မျက်နှာပြရင် ရာထူးတိုးပေးမယ်ဆိုတာ..မူမဟုတ်ဘဲ လူနဲ့ဆိုင်မယ်ထင်ပါကြောင်း 🙂
      ဒီတော့ တသောင်းပြည့်အောင် ရေး.မန့်ပြီးမှ ရာထူးတိုးယူလိုက်တာပဲ ကောင်းပါတယ်လို့..
      နှစ်ခါမန့်တော့ နှစ်ဆယ်ပေါ့ နော်.. 🙂

      • အံစာတုံး

        April 4, 2012 at 2:25 pm

        အမတ်ကြီးရေ …
        နှစ်ဆယ်ရဖို့အရေး ကြိုးစားလိုက်ရတာ …
        ဖတ်ဖတ်ကို မောသွားဒါပဲ …
        အဟဲ … 😀

  • Khaing Khaing

    April 4, 2012 at 2:08 pm

    ကိုကြီးအံ(လူပျိုစစ်စစ်) ကြီးရေ ကျေးဇူးတင်မယ့်သူတွေရှိနေတယ်နော် … ကိုအံကြီးက အခုလို ပြည့်ပြည့်စုံစုံ ဆရာကြီးလုပ်တာမဟုတ်ဘဲရှင်းပြပေးလို့ ရှဲရှဲအနီရောင်ပါ …… ပုံတင်တာအခက်အခဲဖြစ်တဲ့လူတွေ ရှိနေတယ် မောင်လေးခလိုပေ့ါ ……… ဆရာကြီးမဟုတ်ပဲ ဆရာကြီးဖြစ် သွားတဲ့ကိုအံကို ကျေးဇူးပါနော် ……. တစ်ချို့တွေရှိတယ်ကိုအံရေ ဆရာကြီးလုပ်ပြီး မေးတော့ အထာကိုင်နေတာတွေလေ …. ချဉ်ပါတယ်အေ …… ဘုရားမှတ်လို့ကိုးကွယ်မိပါတယ် ဖွတ်ထွက်မှတောင်ပို့မှန်းသိရတာတော့ …….

    • အံစာတုံး

      April 4, 2012 at 2:28 pm

      ဖွတ်ထွက်မှ တောင်ပို့မှန်း သိတတ်တာလား ကလေးမရဲ့ …
      ဒါဆို မှားလိမ့်မနော် …
      နောင်တဆိုတာ နောင်မှရတဲ့ဗျ ..
      အဟဲ .. နောက်ထှာ … 😀

      ရှဲရှဲ အနီရောင်တော့ လုပ်ပါနဲ့လို့ …
      တော်တော်ကြာ ဘာမှ မဟုတ်ဘဲနဲ့ နီနေကြပါဦးမယ် … 😀

  • nozomi

    April 4, 2012 at 2:13 pm

    ကိုအံ ပြောပြောက စောတာမဟုတ်ဘူးဗျာ
    ကျွန်တော့်မှာ ဟိုတစ်နေ့က အချိန် ၃ နာရီကုန်သွားတယ် ၊ ပုံ ၈ ပုံပဲ တင်လို့ရတယ် နောက် အားလုံးပျောက်သွားတယ် ၊ နောက်တစ်နေ့ထပ်တင်တော့ ပုံ ၂ဝ ကျော် ၃ နာရီ ကျော်တင်ရပြန်ရော
    ဒါမျိုးလေးတွေ များများတင်ပေးပါဗျာ
    ဆရာကြီးလုပ်တယ်လို့ ထင်ကြမှာ မဟုတ်ပါဘူး ကိုအံလုပ်ခြင်းလုပ်…အင်း

    • အံစာတုံး

      April 4, 2012 at 2:35 pm

      ပြောလေ …
      ဆက်ပြောလေ …
      ကိုအံ လုပ်ခြင်းလုပ် ဆိုတော့ … လေ ..
      သူ့ဟာကြီးက တို့လို့ တန်းလန်းကြီး …
      အဲ … စကား .. သူ့စကားကို ပြောတာ …
      😀 😀

      ပုံတင်တာတွေ အခက်အခဲ ရှိနေရင်လည်း ပြောပါလို့ …
      ကျနော် တတ်သလောက် မှတ်သလောက်တော့ ကူညီပါ့မယ် … လို့ ..

      ခင်တဲ့ … အံစာတုံး

  • Ma Ei

    April 4, 2012 at 2:33 pm

    မျှဝေခြင်း အတွက် တစ်ကယ်ကို ကျေးဇူးတင်ပါတယ်…
    မသိသေးသူများ သိစေရန် အထောက်အကူ ရစေရန် ရည်ရွယ်တဲ့
    အံစာတုံးရဲ့ ဒီနေ့ကလိမိသမျှ နဲ့ စိန်ပေါက်ပေါက်ရဲ့ ဂေဇက်အသုံးပြုနည်းလမ်းညွှန် တွေကို
    Print ထုတ် ဖတ်မှတ်ပြီးမှ တင်ဖြစ်တဲ့အတွက် အန်တီအိ ရဲ့Post လေးတွေ သပ်သပ်ရပ်ရပ် ရှိနေတယ်လို့ထင်ပါတယ်…Post တင်ချင်သူတိုင်း ဖတ်မှတ်သင့်ပါတယ်…
    တစ်ကယ်ကို ကျေးဇူးတင်ပါတယ်…

    • အံစာတုံး

      April 4, 2012 at 2:40 pm

      အန်တီအိရေ …
      ကျနော်တို့ကလည်း ကျေးဇူးပါလို့ ..
      ကျနော်တို့ရဲ့ မျှဝေတာလေးတွေက အန်တီတို့အတွက် အကျိုးရှိတယ်ဆိုလို့လည်း
      အများကြီး ဝမ်းသာမိပါတယ် ခင်ဗျာ …

      ခင်မင်စွာဖြင့်
      အံစာတုံး

  • jujuma

    April 4, 2012 at 2:55 pm

    ကျေးဇူးအထူးတင်ပါ၏..
    အကြီးကြီး ရှဲရှဲ ပေါ့ ဗျာ …

  • htoosan

    April 4, 2012 at 5:34 pm

    ဂွတ်ထ ..အကြီးကြီး သိုင်းကျူုး ။
    သူကြီး က ကောင်းကောင်းရေးကြ မဟုတ်တာတွေ မရေးနဲ့ ဆိုပြီး သတိပေးခြင်လို့ စီဂျေ တွေ ထပ်နေအောင် ရေးပြီး သတိပေးနေတာနဲ့ တူတယ် ။ မန်ဘာလော့အင် မဟုတ်စီဂျေ လော့အင် ဆိုတော့….

  • water-melon

    April 4, 2012 at 5:42 pm

    တောင်မရေ ရှဲရှဲတော့
    နာကလိပြီနော်
    ဟဲဟဲ တောင်းကျုး 😀

  • alinsett

    April 4, 2012 at 7:10 pm

    အံစာတုံးရေ..ကျေးဇူးတကယ်တင်ပါတယ် ။
    ကျွန်တော် သိချင်နေတဲ ့အချက်အလက်တွေပါ။

  • အံစာတုံး

    April 4, 2012 at 8:04 pm

    ဟုတ်ကဲ့ …….
    ဒီပို့စ်မှာ လာရောက် မန့်ကြသူအားလုံးကို ကျေးဇူးတင်ပါတယ် …
    ပြီးတော့ ကျနော် ..
    ဒီပို့စ်နဲ့အတူ ..
    ဂေဇက် ကို နှုတ်ဆက်ခဲ့ပါတယ် ……..။

    သူကြီးခင်ဗျာ ..
    ကျနော်ဟာ ဖေ့စ်ဘုတ်လို ကမ္ဘာကျော် လူမှုရေး ဝက်ဘ်ဆိုက်ကြီးကိုတောင် တစ်နေ့တစ်ခေါက် ပုံမှန် ရောက်ဖြစ်ခဲ့သူ မဟုတ်ပါဘူး။
    ဒီ ဂေဇက်ဆိုတဲ့ ဝက်ဘက်ဆိုက်ကြီးကိုတော့ ပုံမှန် ရောက်ဖြစ်ခဲ့တယ် …။
    သူကြီး စစ်ကြည့်ရင် သိပါလိမ့်မယ် ….
    အခု ကျနော် အမှားတစ်ခုအတွက် မျက်နှာပူနေရပါပြီ …
    ကျနော် ရှက်လည်း ရှက်မိပါတယ် …
    ဒါကြောင့် ကျနော် ဂေဇက်က နှုတ်ထွက်ပါတယ် …
    ကျနော် ရထားတဲ့ ပွိုင့်တွေကို ဖြစ်နိုင်ရင် ညီလေး ဖရဲ နဲ့ ကိုပေါက်ဖော် တို့ရဲ့ ပွိုင့်ထဲကို ပေါင်းထည့်ပေးစေချင်ပါတယ် ..
    ဒါက သူကြီးကို ကျနော် တောင်းဆိုတာပါ …..

    ကျနော် ဒီပို့စ် ရေးနေစဉ်အချိန်အတွင်းမှာ Watermark Reloaded ဆိုတာကို လက်တွေ့ကျကျ စမ်းသပ်ခဲ့ပါတယ် ….
    ရည်ရွယ်တာကတော့ ကျနော့်ပို့စ်က ပုံတွေမှာ ပေါ်စေဖို့ပါပဲ …
    ဒါပေမယ့် မထင်မှတ်ဘဲ လေးပေါက်ရဲ့ ပုံတွေမှာပါ သွားပြီး ပေါ်နေခဲ့ပါတယ် ….
    ကျနော် ထင်ခဲ့တာက အဲဒီ Watermark Reloaded ဟာ user တစ်ယောက်ပြင်ရင် အဲဒီ user အတွက်ပဲ အကျိုးသက်ရောက်မှု ရှိမယ်လို့ ထင်ခဲ့တာပါ …
    အခု လေးပေါက်က သူ့ရဲ့ ပုံတွေမှာ ကျနော့်နာမည်နဲ့ watermark ပေါ်နေတာကို မကျေနပ်ပါဘူး …
    ကျနော်လည်း တောင်းပန်ခဲ့ပါတယ် ….

    ကျနော့်ရဲ့ အမှတ်မထင်တဲ့ အမှားအတွက် ကျနော် နောင်တရမိပါတယ် …
    ဒီနေရာကနေ လေးပေါက်ကို ထပ်ပြီး ကျနော် တောင်းပန်ခဲ့ပါတယ် …
    လေးပေါက်ခင်ဗျာ …
    စိတ်ချမ်းသာ ကိုယ်ချမ်းသာနဲ့ ဒီဂေဇက် ရွာသူားတွေအတွက် ပုံတွေ ထပ်တင်ပေးပါဦးလို့ …
    လေးပေါက်ကို စိတ်အနှောက်အယှက် ဖြစ်စေခဲ့တဲ့ ကျနော် ကိုအံစာတုံး မဟုတ်တဲ့ အံစာတုံး တစ်ယောက် တောင်းဆိုခဲ့ပါတယ် ခင်ဗျာ ….

    ကျနော် ဒီရွာကြီးအတွင်း နေခဲ့စဉ်အတွင်း ကျနော့်ကို ပျော်ရွှင်မှုတွေပေးခဲ့တဲ့ ရွာသူားအပေါင်းကို ကျေးဇူးအထူးတင်ပါကြောင်း ပြောခဲ့ပါတယ် ခင်ဗျာ ….

    အားလုံးကိုခင်တဲ့ …
    အံစာတုံး

    • Foreign Resident

      April 4, 2012 at 8:28 pm

      လူဆိုတာ မှားတတ်ပါတယ် ။
      ဒါကြောင့် ခဲတံ မှာ ခဲဖျက်ထည့်ထားတာပါ ။
      တမင်သက်သက် ယုတ်တာ မဟုတ်ရင် ပြီးတာပါပဲ ။

      လေးပေါက် ကို နောက်တစ်ခါလောက် တောင်းပန်လိုက်ပါကွာ ။
      ပြီးသွားမှာပါ ။ လူကြီးဆိုတာ စိတ်ဆိုးတုန်း ခဏပါ ။
      ထွက်စရာ မလိုပါဘူး ။

      လေးပေါက် ကလည်း ခွင့်လွှတ်လိုက်ပါဗျ ။ 🙂

    • windtalker

      April 4, 2012 at 8:29 pm

      အာဗျာ…
      ကိုပေါက် မန်းတလေး က အဲဒီလောက်စိတ်မဆိုးတတ်ပါဘူး ။
      အမှတ်တမဲ့ မှားတာမျိုး ကို နှုတ်ထွက်စရာ မလိုပါဘူးဗျာ ။
      မထွက်ပါနဲ ့ကိုအံကြီးရေ ။ လုံးဝ မထွက်ပါနဲ ့လို ့ကျွန်တော် ပြောပါရစေ ။
      ကိုပေါက် လဲ သည်ပို ့စ် ကို ဖတ်ပြီးရင် ၊ ကျွန်တော့် လို ဘဲ ပြောပါလိမ့်မယ် ။

    • ဗိုက်ကလေး

      April 5, 2012 at 10:57 am

      ရားပါဒယ်..ဗျာ…
      အမှားကြီးဒေါ့ဟုတ်ပါဘူးထင်တာပဲ..
      အဓိကက Backup လုပ်ထားတဲ့ Point system ဖိုင်အဟောင်းကြီးကို Restore ပြန်မလုပ်မိဖို ့ပဲ
      နို ့မို ့ချို အကုန်လုံး အာချောင်ထားသမျှ ပွိုင့်တွေ အရဂါးဖစ်ကုန်လိမ့်မယ် ကွဲ ့.
      လဂါးနောက်တာပါ..
      သဂျီးက ဘယ်သူဘာလုပ်လဲ အကုန်သိတယ်ဗျ
      နောက်ဆုံး သူများပို ့စ်မှာ မကျေနပ်လို ့ လက်မလေးအောက်ချခဲ့တာတောင် သိနိုင်လိမ့်မယ်ထင်တယ်
      ပြောချင်တာကတော့ ဂေဇက်ကြီးအဓွန် ့တည်တံ့အောင် သဂျီးစောင့်ရှောက်နေလျက်ပါလို ့
      သဂျီးကိုကျော်ပြီး ဝင်ပြောတာတော့ မဟုတ်ပါဘူး…ထင်တာလေး ပြောတာပါ..
      အူးလေးသဂျီးစိတ်ဆိုးရဘူးနော်
      သဂျီး ရှိနေသမျှ ဘာမှတလွဲတွေဖြစ်မလာပါဘူး..ဗျာ..ဆက်ကလိပါ
      အူးလေးက WP ဂျွတ်စကွတ်ပါ..တစ်ချို ့ဂျွတ်စကွတ်တွေရှိမယ်ထင်သော်လဲ အချိန်မရတာနဲ ့ မအားတာနဲ ့ ဘာညာနဲ ့မို ့
      အူးလေးလို စိတ်ရှည်လက်ရှည် ရှင်းပြပေးကြမှာမဟုတ်ဘူး
      ဆိုတော့…
      ဆက်ကလိပါ..ဒါပေမဲ့ ပွိုင့်တွေကို ဗိုက်ကလေးကို ပေးခဲ့ပါ.အဲလေ..မပေးခဲ့ပါနဲ ့.
      ပေးမယ်ဆိုလဲ သဂျီးက လွှဲပေးမှာ မဟုတ်လို ့ပါ 😆

      • amatmin

        April 5, 2012 at 11:28 am

        ဘိုအံရေ ..
        ကျုပ်လဲမထွက်ဖို့ ဝင်တားပါတယ် နော်..
        လုံးဝ(လုံးဝ) မထွက်ပါနဲ့ဦးဗျာ….

        လာထား နောက်တမန့်..နောက်တစ်ဆယ်. 😉

        • jujuma

          April 6, 2012 at 12:35 pm

          မှားတာကိုအမှားမှန်းသိပြီး အမှန်ပြင်နိုင်တာ လူတော်တစ်ယောက်ရဲ့အလုပ်ပါဗျာ..
          ကိုယ်မှားလို့တောင်းပန် ပြီး ပီ ပဲ ..နှုတ်ထွက်စရာလိုလို့လားဗျာ..
          တဖက်ကလည်း မကျေနပ်နိုင်အောင်ဖြစ်ပီး နှုတ်ထွက်ခိုင်းနေရင်တော့တစ်မျိုးပေါ့လေ..

          ဆရာလုပ်ခြင်းမဟုတ်ပါ…မထွက်စေလိုသော ဆန္ဒကြောင့် မန့်ခြင်းဖြစ်ပါ၏ ..

        • ငမျောက်

          April 6, 2012 at 12:42 pm

          အယ် .. JuJuMa က
          သားကို တိဘူးလားဂျ …
          သားသားက အံစာမျောက်လေ … ကွိ ကွိ …
          အောက်ဆုံးမှာ ထွက်တော့ဘူးဆိုတာ ကြောပြီးပြီ …
          အပေါ်က အမတ်နဲ့ သွားပေါင်းနဲ့ …
          သူက လူဂျိုး ….. လာထား တစ်ဆယ် .. အဲဒါ သူကြောတာ .. 😀

          ကွိ .. ကွိ .. ကွိ …

  • Khin Latt

    April 4, 2012 at 9:03 pm

    အောင်မယ် … အောင်မယ် …
    ဒီလိုအပြောလေးနဲ့ လွယ်လွယ်ထွက်လို့ ရမယ် ထင်သလား မောင်အံဇာ ရဲ့။

    ဒီလိုဘဲ တိုက်မိ ခိုက်မိ တာတွေ ရှိတာ နေရာတိုင်းမှာဘဲ လူကလေး။
    ဒါမျိုးဖြစ်ခဲ့ရင် အလွယ်တကူ နဲ့ စိတ်ထိခိုက်ခြင်း မဖြစ်အောင် တဖြေးဖြေးလေ့ကျင့်ပါလေ။
    ဒါမှ အောင်မြင်သောသူဖြစ်မယ် လူကလေး။

    အခုလဲ ပြသနာ အကြီးကြီး လို့ မမြင်ပါ။
    မင်း က wordpress ရဲ့ function တွေကို ” မျောက်” လို အငြိမ်မနေ လက်ဆော့ပြီး ရွာမှာ စေတနာ နဲ့ ဗဟုသုတတွေ ဖြန့်ဝေမျှ ပေးသူ။
    ကိုပေါက် က “?????” 😉 လို အဆက်မပြတ် လမ်းသလား၊ စေတနာ အပြည့်နဲ့ ဓာတ်ပုံတွေ ကို မပြတ်စေဘဲ ရွာမှာ ဖြန့်ဝေမျှ ပေးသူ။
    ထန်းသီးကြွေခိုက်၊ ကျီးနင်းခိုက် ပေါ့။ ဘာဖြစ်လဲ ဟယ်။
    ကိုပေါက် ဘက်ကလဲ ကွန်ပလိမ့် လုပ်ရမဲ့ တာဝန်ရှိတယ်။
    မင်းကလဲ တောင်းပန် ဖြေရှင်းပြီးပြီ။
    ပြီးရောပေါ့။

    စိတ်အထိခိုက် ရဘူးလေ။
    လောကကြီးမှာ သဘောအကောင်းဆုံးသူတောင် ကိုပေါက် လောက် သဘောမကောင်းဘူး။
    တူက ခွေးလွှတ်လိုက်ပြီးသား။ (မင်းကို ကိုက်ဖို့ 😀 )
    အပြီးထွက်သွားရင်တော့ မင်းကို ငပျော့ လေး (စိတ်) လို့ သတ်မှတ်မယ်။
    ဒါဘဲ။

    ပုံ
    အရီးလတ် 🙂

  • moe moe

    April 4, 2012 at 9:04 pm

    ကျေးဇူးပါဗျာ။ဒီလိုမှန်းမသိ်ခင်တုန်းကတိုင်ပတ်နေတယ်

  • မိုင်ဆွန်ခ မင်္ဂလာတရာ;အော...........

    April 4, 2012 at 9:12 pm

    အံချာကြီး….ထွက်ပါနဲ့….တူများကကျေးဇူးတင်မလို့ရှိသေး…..
    လေးပေါက်ကိုပြန်ပြောပြီး..သူကြီးကိုပြန်ဖျက်ဖို့တောင်းဆိုရင်ရပါသေးတယ်…
    ပို့တင်လို့ကျေးဇူးပါနော်….
    မထွက်ပါနဲ့……
    မောင်ရှမ်း……

  • aye.kk

    April 4, 2012 at 11:00 pm

    ခင်တဲ့အံစာတုံး…
    မမှားသောရှေ့နေ..
    မသေသောဆေးသမားဆိုတာ..
    လောကမှာမရှိပါဘူး..
    စေတနာနဲ ့မှားတဲ့အမှား..
    အားလုံးနားလည်ပေးနိုင်ပါတယ်..
    ခင်မင်ရင်းစွဲရှိနေပြီဖြစ်တဲ့ကိုအံဇာတုံး..
    ဂေဇက်ကနေမထွက်သွားစေချင်ပါဘူး..
    ခင်ရတဲ့..
    အေးကေကေ(ခ)အေးဒါလီ။။

  • kaung kin pyar

    April 5, 2012 at 10:40 am

    ကိုမဟာရာဇာကြီး….။
    ရွာထဲက မထွက်ဖို့ တားတဲ့သူတွေထဲမှာ ကောင်းကင်ပြာလဲပါဂျောင်း…လက်တို့လိုက်ပါတယ်…။ ကိုအံစာတုံး ရွာအကျိုးကို သယ်ပိုးပြီး ရွာအပေါ် စေတနာထားတာ အားလုံးအသိပါ….။ ဒီကိတ်တစနဲ့တော့ မထွက်ပါနဲ့လို့ တားချင်ပါတယ်…။ ရွာ့ဘိုးအေကြီးတွေ ရွာမှာရှိနေမှ ကောင်းကင်ပြာတို့လို သားသမီး မြေးမြစ်တွေကို ဆုံးမလို့ရမှာပေါ့လို့….။

  • Khaing Khaing

    April 5, 2012 at 2:50 pm

    ကိုကြီးအံ (လူပျိုစစ်စစ်)ရေ တစ်ကယ်စိတ်မကောင်းပါဘူး အားလုံးကမီးအပြစ်တွေပါ လေးပေါက်ပို့စ်ထဲမှာ လဲ ဝင်ပြီးတောင်းပန်ပြီးပါပြီ မီးကနောက်လိုက်တာပါ အခုချိန်ဆို ကိုကြီးအံက ရွာထဲကထွက်လို့ ကားပေါ် တောင်ရောက်လောက်ရောပေ့ါ ကိုကြီးအံရယ် မီးနဲ့မနေ့ကစကားတွေတောင်အများကြီးပြောသွားသေးတယ် မီးကိုဘာမှလည်းနှုတ်မဆက်ခဲ့ပါလား အခုမှ အားလို့ ပို့စ်တွေထဲဝင်ဖတ်လိုက်မှတွေ့ရတယ် တစ်ကယ်ကို စိတ်မကောင်းပါဘူး …….. ကိုကြီးအံ ပြန်လာပါနော် ….. မီးမျှော်နေမယ် …….. မီးနဲ့ smiling icon လေးတွေနဲ့ စကြဦးမယ်လေ …. မီးလက်ညောင်းခံပြီးလည်း ကိုကြီးအံကို ရိုက်ပေးဦးမယ်လေ …….. ကိုကြီးအံ မီးကိုကြီးအံနေတဲ့နေရာကိုသိတယ်နော် မီးနဲ့လည်း Junction Zawana မှာတွေ့ဦးမယ်လေ ….

    ခင်မင်စွာဖြင့် မျှော်နေမယ့်
    Khaing Khaing

  • kyeemite

    April 5, 2012 at 3:59 pm

    မိအံဇာရေ..နင်တင်ထားတဲ့ပို့အရှည်ကြီးကော်ပီကူးနေတာရယ်
    နားလည်အောင်ဖတ်နေတာတွေကြောင့် မန့်တာနောက်ကျသွားတယ်ဟေ့..
    ငါသိချင်တာတွေသိလိုက်ရလို့ ကျေးဇူတင်မလို့ လုပ်နေတုံး
    နင်ကနှုတ်တောင်ဆက်နေပီ…ဘိုဖစ်တာလဲဟာ..
    ဦးပေါက်ကတောင်းပန်ရင်ခွင့်လွှတ်မှာပါ…
    မနောက်ပါနဲ့ကွယ်..ငါတောင်နင်တို့အားကိုးပီး
    ဒီရွာထဲနေနေတာပါ..နော်..နော်လို့..
    ခင်တဲ့..
    ဒေါ်ကြိုက်မီး။

  • ငမျောက်

    April 6, 2012 at 11:50 am

    ကွိ .. ကွိ .. ကွိ ..
    မာဂျောင်း လာကြောတာ (စိတ်) ..
    အားလုံးကို ချဲချဲပါ ..

    ဂနေ့ ရွာပြန်မှာမို့ …
    သင်္ကြန်ပြီးမှပဲ ပြန်ဆုံကြမယ်ဗျို့ …

    မပြန်ခင် နောက်အပင် ကူးလိုက်ဦးမယ် ..
    ကွိ .. ကွိ .. ကွိ .. လွှား ….

    • jujuma

      April 6, 2012 at 1:36 pm

      အန် တိဝူးဂျ .ငမျောက်က အံစာ လားးး
      တွား လူစိမ်းးးးး စိတ် ခနောက်ခနောက်ဖစ်တွားရယ် …ပြန်လျော်ပေး ..ဒါဗျဲ..

      လာထား တစ်ဆယ် .. အဲဒါ တူကြောတာ .. ကွိ .. ကွိ .. ကွိ …

      • windtalker

        April 6, 2012 at 1:59 pm

        ကဲကဲ.. အခုမှ သဂျီးပြောင်းထားတဲ့ ပွိုင့်စစ်စတမ် ကို ရှင်းရှင်းလင်းလင်း သိရလို ့
        ကိုယ်လဲ ယူဦးမှ ။ ပေးထား ၁ဝ ။ သဂျီးရေ အာရိဂတ်တော

  • ဇွဲမာန်အောင်

    April 6, 2012 at 1:32 pm

    ကျေးဇူးပါ။
    post တင်ချင်နေတာ…..
    copy လုပ်ထားပါကြောင်း..

  • မိုင်ဆွန်ခ မင်္ဂလာတရာ;အော...........

    April 6, 2012 at 6:43 pm

    အဲတော့……. အံချာမျောက်ကြီးစိတ်မကောင်းဖြစ်အောင်လုပ်တယ်….
    တူများကဂယ်များဂျောင်းပြီလားလို့…ရှေ့နေလိုက်တဲ့ပို့စ်လေးတင်ပေးဦးမလို့လုပ်နေတာ……သူ့ဘက်ကနေ..
    ခုတော့သူကအသွင်ပြောင်းပြန်ပြီပေါ့…… ဒီတစ်ခါရွာပြန်ရင်…..ဟိုမိန်းမကြီးနဲ့ထပ်တွေ့ပြီးငြားပါစေဗျာ…….
    စိတ်ဆိုးတယ်….. 😡 လူနောက်ကြီး…….. :mrgreen: ရွာကပြန်လာရင်ရွာထဲကိုထန်းရည်ယူခဲ့ဖို့
    မမေ့နဲ့လက်တို့ပြောတာ…… 😉

Leave a Reply