ဆူးJanuary 23, 20111min1326
တစ်ခါသော် ကျွန်ုပ်သည် ဒုလ္လဘရဟန်းဝတ်ခိုက် ကျိုက်ထီးရိုးဆံတော်ရှင် စေတီတော်မြတ်ကြီးအား အလွန်တရာ ဖူးလိုသည့်ဆန္ဒကြောင့် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့သို့ ရထားဖြင့် ခရီးထွက်ခဲ့လေသည်။ အခါကာလကား ဘုရားဖူးရာသီဖြစ်သဖြင့် ဘုရားပေါ်တွင် ရှိရှိသမျှ တည်းခိုဆောင်၊ ကျောင်း၊ ဇရပ်တန်ဆောင်း မှန်သမျှတို့တွင် လူများကား တိုးမပေါက်အောင်ပင် စည်ကားလျက်ရှိသည်။ သို့ဖြင့် ကျွန်ုပ်လည်း ကျွန်ုပ်၏ အသိ မိတ်ဆွေဘုန်းကြီးတစ်ပါး လမ်းညွှန်လိုက်သော တန်ဆောင်းကြီးတစ်ခု၏ အပေါ်ထပ်တွင် သံဃာတော်များ တည်းခိုရာ အခန်းတစ်ခုတွင် တည်းခိုခွင့်ရရှိလိုက်လေသည်။ တန်ဆောင်ကြီးမှာ ၂ ထပ် ဆောင်ဖြစ်၍ အပေါ်ပိုင်းတွင် သံဃာတော်များ တည်းခိုရန်အတွက် တစ်ယောက်စာအခန်းငယ်လေးများ ၅ ခန်းခန့်ရှိပြီး အရှေ့ပိုင်း ဘုရားခန်းနှင့် ဧည့်ခန်းတွင် သီလရှင်ဆရာလေးများ လူပုဂ္ဂိုလ်များ တည်းခိုနေထိုင်ကြရလေသည်။ အောက်ထပ်တွင်တော့ ကွပ်ပျစ်များဆက်ကာခင်းထားပြီး လာရောက်တည်းခိုသမျှ ဧည့်သည်အပေါင်းတို့မှာ တန်းစီ၍ […]