ကျန်ခဲ့တဲ့ ၃-၄ နှစ်လောက်က ရွာတစ်ရွာကို တာဝန်တစ်ခုနဲ့ကျွန်တော် သွားခဲ့ပါတယ်။ကျွန်တော်တို့နယ်ဘက် ကရေလမ်းကိုပဲအဓိက ထားသွားရတဲ့ပင်လယ်ရေငံ ပိုင်းဒေသပါ။ သိကြတယ်မဟုတ်လား ရေငံကိုဘယ်သူပိုင်တယ်ဆိုတာ။ ကျွန်တော်သွားမဲ့ရွာကို စက်လှေ သုံး နာရီလောက်စီးရတာဆိုတော့ လမ်းမှာပျင်းနေမှာစိုးတာနဲ့ မြို့ပေါ်က သူငယ်ချင်း (၃)ယောက်ကိုခေါ်ပြီးစက်လှေအော်ဒါငှားပြီးသွားတာပါ။ စက်လှေတစ်စီးလုံး လူလေးယောက်ပဲဆိုတော့ ပလောင်ထင်းသွားကြတာပါ..ဟဲဟဲ။ မနက် ၁ဝ နာရီလောက်က ထွက်သွားတာ နေ့လည် ၁ ချက်ထိုးလောက် ရောက်သွားပါတယ်။ ရွာမရောက်ခင် စက်လှေပေါ်မှာ ၁၁း၃၀ လောက်မှာကျွန်တော်တို့်ဝိုင်းစပါတယ်။ ဝိုင်းမစခင် သူငယ်ချင်းတစ်ယောက်က ဖန်ခွက်ထဲကို အရက်နဲနဲထည့်၊ လှေဦးကိုသွားပြီး ပါးစပ်က ပွစွ ပွစွနဲ့ ရွတ်ဖတ် ပြီးနောက် အရက်ကိုမြစ်ထဲသွန်ချလိုက်ပါတယ်။ သူတို့ဒေသရဲ့အစဉ်အလာဖြစ်မှာပဲဆိုပြီး ကျွန်လည်းဘာမှ မပြောပါဘူး။ ရွာရောက်တော့ ဥက္ကဌနဲ့ ရပ်မိရပ်ဖ ၃ ယောက်ဆင်းပြီးကြိုဆိုကြပါတယ်။ သူတို့ရွာလေးရဲ့ဖွံ့ဖြိုးတိုးတက်မဲ့ကိစ္စဆိုတော့ ဖော်ဖော်ရွေရွေပြာပြာသလဲပါဘဲ။ […]