moonpoemDecember 30, 20131min13899
ဘဝတွင် သေခြင်းတရားကို နီးကပ်စွာ ခံစားရခြင်းသည် မနေ့က လေယာဉ်စီးရာမှ ရရှိလေသည်။ မနေ ့က မန္တလေးသို့ ့အလုပ်ကိစ္စကြောင့် လေယာဉ်ဖြင့် နေ ့ချင်းပြန် သွားရသည်။ လေယာဉ်သဘောအရဆင်းသက်မည့်ကွင်းတွင်ဖြစ်စေထွက်ခွာမည့်ကွင်းတွင်ဖြစ်စေ ရာသီဥတု မကောင်းပါက စောင့်ရသည်ကြောင့် ကြန့်ကြာတတ်ခြင်း ထွက်လာသည့်ကွင်းသို့ ပြန်လည်ဆင်းသက်ခြင်းများကိုမြကြာခဏဆိုသလို တွေ့ကြုံရဘူးပါသည်။ မနေ့က ဖြစ်ပုံကတော့ သာမန်နှင့် မတူပါ။ မန္တလေးရန်ကုန် လေယာဉ်ပျံသန်းချိန်သည် ပျမ်းမျှအားဖြင့်၁နာရီမိနစ်၂ဝခန့် ရှိပါသည်။ ကျွန်မတို့ ရန်ကုန်သို့အပြန်လေယာဉ်စီးရာတွင် လေယာဉ်စီးချိန် မိနစ်၂ဝခန့်အကြာ လေယာဉ်တက်နေချိန် မဟုတ်ပါဘဲနှင့် ရုတ်တရတ် ကျွန်မနားတွေမခံနိုင်အောင်အူလာသည်။တဖြည်းဖြည်း နားအုံတွေပါကိုက်ပြီးခေါင်းတွေမူးလာသည်။သို့ပေမယ့် အအေးပတ်တာလို့သာ ထင်ခဲ့သည်။ ခေါင်းမူးသဖြင့် ထိုင်ခုံကိုမှီရန်ပြုသော်ဘေးနားတွင်ထိုင်နေသော ပြင်သစ်လူမျိုးသက်ကြီးပိုင်း အဘွားတစ်ယောက်သည် နားထင်ရှိသွေးကြောများ ထောင်ပြီးဖောင်းနေသဖြင့်ကြိုးစားနှိပ်နေသည်ကို မြင်လိုက်ရသည်။ကျွန်မသူ့ကိုကြည့်နေတာတွေ့တော့ အသက်ရှူကြပ်ပြီနေရခက်ကြောင်းပြောလာသည်။ ထိုချိန်မှာပင် ကျွန်မရှေ ့က မြန်မာမိန်းကလေးနှစ်ဦးလုံး အန်လေသည်။ […]