မရဏတံခါးတစ်ချပ်ဖွင့်ခဲ့သည့် လေယာဉ်ခရီးစဉ်မှ အပိုင်းအစများ

moonpoemDecember 30, 20131min14109

ဘဝတွင် သေခြင်းတရားကို နီးကပ်စွာ ခံစားရခြင်းသည် မနေ့က လေယာဉ်စီးရာမှ ရရှိလေသည်။
မနေ ့က မန္တလေးသို့ ့အလုပ်ကိစ္စကြောင့် လေယာဉ်ဖြင့် နေ ့ချင်းပြန် သွားရသည်။
လေယာဉ်သဘောအရဆင်းသက်မည့်ကွင်းတွင်ဖြစ်စေထွက်ခွာမည့်ကွင်းတွင်ဖြစ်စေ ရာသီဥတု မကောင်းပါက စောင့်ရသည်ကြောင့် ကြန့်ကြာတတ်ခြင်း
ထွက်လာသည့်ကွင်းသို့ ပြန်လည်ဆင်းသက်ခြင်းများကိုမြကြာခဏဆိုသလို တွေ့ကြုံရဘူးပါသည်။

မနေ့က ဖြစ်ပုံကတော့ သာမန်နှင့် မတူပါ။ မန္တလေးရန်ကုန် လေယာဉ်ပျံသန်းချိန်သည် ပျမ်းမျှအားဖြင့်၁နာရီမိနစ်၂ဝခန့်
ရှိပါသည်။ ကျွန်မတို့ ရန်ကုန်သို့အပြန်လေယာဉ်စီးရာတွင် လေယာဉ်စီးချိန် မိနစ်၂ဝခန့်အကြာ လေယာဉ်တက်နေချိန် မဟုတ်ပါဘဲနှင့် ရုတ်တရတ် ကျွန်မနားတွေမခံနိုင်အောင်အူလာသည်။တဖြည်းဖြည်း နားအုံတွေပါကိုက်ပြီးခေါင်းတွေမူးလာသည်။သို့ပေမယ့် အအေးပတ်တာလို့သာ ထင်ခဲ့သည်။

ခေါင်းမူးသဖြင့် ထိုင်ခုံကိုမှီရန်ပြုသော်ဘေးနားတွင်ထိုင်နေသော ပြင်သစ်လူမျိုးသက်ကြီးပိုင်း
အဘွားတစ်ယောက်သည် နားထင်ရှိသွေးကြောများ ထောင်ပြီးဖောင်းနေသဖြင့်ကြိုးစားနှိပ်နေသည်ကို မြင်လိုက်ရသည်။ကျွန်မသူ့ကိုကြည့်နေတာတွေ့တော့ အသက်ရှူကြပ်ပြီနေရခက်ကြောင်းပြောလာသည်။

ထိုချိန်မှာပင် ကျွန်မရှေ ့က မြန်မာမိန်းကလေးနှစ်ဦးလုံး အန်လေသည်။ ဒီနေ ့ဘာတွေဖြစ်နေကြတာပါလိမ့်ဟု တွေးမိစဉ်ပင် လေယာဉ်သည် တုန်ခါလာလေသည်။
ချက်ချင်းဆိုသလို အကြီးတန်းလေယာဉ်မယ်မှ announce လုပ်လေသည်။လေယာဉ်သည် စက်ပိုင်းဆိုင်ရာ အသေးစားချို့ယွင်းမှု တစ်ခုကြောင့် မန္တလေးသို့ ပြန်လည်ဆင်းမည်ဖြစ်ကြောင်း စိတ်ပူစရာမရှိကြောင်းနှင့် မိနစ်အနည်းငယ် စောင့်ပြီးလျှင် ပြန်ထွက်မည် ဖြစ်ကြောင်းများ ပြောခြင်းဖြစ်၏။။

စိတ်မပူရန်ပြောနေသော လေယာဉ်မယ်အစ်မ၏ နဖူးတွင်ကျနေသော ချွေးစီးများကိုလည်းကောင်း ကြေညာနေရင်း တုန်ခါနေသော လက်အစုံသည်လည်းကောင်း
သူ့ကိုမမြင်ရသော အခြားဧည့်သည်များအတွက် ဘာမှဖြစ်မည် မဟုတ်သော်ငြား မြင်နေရသော သူ့ရှေ ့နားတွင်ထိုင်နေသော ကျွန်မကို ဖြေသိမ့်ခြင်းငှာ မစွမ်းသာပါ။
သူတို့အချင်းချင်း ပြောနေပုံအရဆိုလျှင် လေယာဉ်တွင်းနှင့် ပြင်ပလေဖိအား မညီမျှခြင်း။လေဖိအား နည်းလာသည့်အတွက် အသက်ရှူကြပ်ခြင်းမျိားကိုရင်ဆိုင်လာရသည်။ ေ

လေယာဉ်ဆိုက်ဖို့ အချိန်အလုံအလောက်မရခဲ့လျှင်ကျွန်မတို ့ဘာဖြစ်ကြမည်နည်း။
ဒီချိန်မှာ သေရမည်ဆိုလျှင် ဘဝကူးကောင်းစေရန် ကိုယ့်နောက်ပါမည့် ပြုခဲ့ဘူးသော ဒါနသီလ ဘာဝနာများကို ပြန်လည်တွေးသည်။မိဘဆွေမျိုးသူငယ်ချင်းများနှင့် စိတ်စွွဲဲနေစေမည့် အရာများကို မေ့ပစ်လိုက်ပြီး တရားမှတ်နေလိုက်သည်။

ပုထုစဉ်ပီပီ တရားမှတ်လိုက် လေယာဉ်ပျက်ကျမည်ကိုကြောက်လိုက်ဖြင့် ကျွန်မအတွက် မိနစ်နှစ်ဆယ်သည် တစ်သံသရာစာ ကြာညောင်းခဲ့ပါ၏။
မန္တလေး လေဆိပ်ကို အခက်အခဲကြားမှဆိုက်ရောက်ခဲ့သည်။ ပြန်ထွက်ရန်၃နာရီကျော်အောင် စောင့်ရသော်လည်း စက်ပြင်လို ့မရခဲ့သော်ငြား ရန်ကုန်မှ ကူညီရန်ရောက်လာသောလေယာဉ်အပိုဖြင့် ကျွန်မတို ့မနေ ့က ည၁၁နာရီမှ ရန်ကုန်ပြန်ရောက်ခဲ့ပါသည်။

ကျွန်မ ခေါင်းမူးခြင်းမှ အပ ဘာမှ မဖြစ်တော့ပါ။ မရဏတံခါးကို နီးကပ်စွာ ခေါက်ခဲ့ရသော်လည်း ကံကောင်းထောက်မပြီး ပြန်လည်ရှင်သန်ခဲ့ရသော နေ့ရက်တစ်ရက်သည် မမေ့နိုင်စရာပါ။ တစ်နေ ့မဟုတ်တစ်နေ ့ကြုံတွေ့လာရမည့် သေခြင်းတရားကို တုန်လှုပ်မှုကင်းစွာ ရင်ဆိုင်နိုင်ရန်ပြင်ဆင်ရပေဦးမည်။

9 comments

  • Wow

    December 30, 2013 at 3:56 pm

    ဖြစ်ရလေ.. လကဗျာလေးရယ်…
    ပြည်တွင်းလေကြောင်းတွေကလဲ ခဏခဏ… 🙁

  • KZ

    December 30, 2013 at 4:12 pm

    ကံကောင်းလို့ပါလားးး
    အမလေ ၂၀၀၈ နာဂစ်မဝင်ခင် နာရီပိုင်း အတွင်းက မန်းလေး ရန်ကုန် လေယာဉ်ပေါ်မှာ။
    ရာသီဥတုကြောင့် လေထဲမှာ နာရီဝက် နေနေရတာ။ ဆင်းလို့ရဘူးတဲ့။
    ကံကောင်းလို့ရော၊ လေယာဉ်မှူးတော်လို့ရော။
    နောက်ခရီးစဉ်တွေ အကုန်ရပ်ရတယ်လေ။
    သေခြင်းသေ လေထဲ ရေထဲ မသေချင်ဘူးးးး

    😥

  • Mr. MarGa

    December 30, 2013 at 4:17 pm

    အင်း…..
    ဘယ်လိုပြောရမယ် မသိ
    ဘာပဲဖြစ်ဖြစ် အခုတော့ လွတ်လာပြီ ဆိုတာကြောင့်
    ဝမ်းသာပါကြောင်း
    အတွေ့အကြုံ စုံသွားသည်ဟု မှတ်စေလိုကြောင်း… 🙂

  • sorrow

    December 30, 2013 at 4:34 pm

    လကဗျာလေးက ခရီးသည်ပဲရှိသေးတယ်..တားတား ဖက်တီးမကြီး ဘဝကမှ …ဆိုးတာ….အဲ့တာ….တားတားလေ လှတာမက်လို့ ခု ပရုတ်ဆီဗူးဖက်နေရတယ်… အဟင့်ဟင့် …လက်တခုလုံး ..ခြေသလုံးတခုလုံး …ညိုသကျည်းတွေ…ဒူးတွေ..နဖူးတွေ အကုန်လိမ်းပေးရတယ်… ရာသီဥတုမကောင်းလို့ Galley တို့ ရေခဲပုံးတို့နဲ့ဆောင့်မိတာ …..ရင်များတယ်မချိပါဘူး ….Crew bag လေးဆွဲပြီးကော့ပက်ကော့ပက်နဲ့ထွက်သွားပြီး …ပြန်ရောက်ပါပြီ မှ မပြောမချင်း ရင်မနေရတယ်….. ဘဝဘဝများ ..ကံနည်းပုံပြောပါတယ်…

  • kai

    December 30, 2013 at 4:36 pm

    မသေလို့.. စာပဲရေးနေမှကွယ်…
    အသက်ကြီးလို့ဖွားဖွားဖြစ်ရင်.. မြေးတွေကို.. ပြောလို့ရတဲ့…ပုံပြင်တပုဒ်ရတယ်လို့.. သဘောထားလိုက်…
    တခါတလေ.. ဘဝဆိုတာ.. အဲလို.. Taste လေးနဲ့မှ…
    နောက်ပြီး..တကယ်ပြောတာနော… :mrgreen:

  • moonpoem

    December 30, 2013 at 7:17 pm

    ဟုတ်ပါတယ်။ ဘာပဲပြောပြော ဘဝမှာ ပျော်စရာတွေ ဝမ်းနည်းစရာတွေ ကြုံဘူးပေမယ့် ခုလို သည်းထိတ်ရင်ဖိုရင်တလှပ်လှပ်ခံစားမှုမျိုးကတော့ အခုမှပါ။ (အဟီး အခုမှ ရယ်နိုင်တာနော်)

  • Ma Ma

    December 30, 2013 at 8:14 pm

    တုံးကျော်မ ဖြစ်ပြီပေ့ါ။ 🙂 အသက်ရှည်ကျန်းမာပါစေလို့ ဆုတောင်းပေးလိုက်တယ်နော်။

    ကိုယ်တိုင်လည်း မရဏဘေးနဲ့ တကယ်ရင်ဆိုင် ကြုံတွေ့လာရတဲ့အခါ တုန်လှုပ်ခြောက်ခြားခြင်းမရှိပဲ တည်တည်ငြိမ်ငြိမ်နဲ့ ရင်ဆိုင်နိုင်တဲ့ ရင့်ကျက်မှုမျိ ုးရထားချင်တယ်။ 🙁

  • TNA

    December 30, 2013 at 8:45 pm

    ကံကောင်းလို့ပါလား

Leave a Reply