kaiFebruary 26, 20111min21612
ဒို့ဗမာများ ဆင်းရဲသားတွေ နင်းရင်း ပြားရင်း နှစ်ပြားရရင်၊ တပြားလှူရင်းနဲ့ ဘေးကင်းစေကြောင်း၊ ဆုကိုတောင်းရင်း ချမ်းသာစေကြောင်း၊ ဆုကိုတောင်းခဲ့။ ချမ်းသာစေကြောင်း၊ ဆုကိုတောင်းရင်း နိဗ္ဗာန်ရောက်ကြောင်း၊ ဆုကိုတောင်းခဲ့။ နိဗ္ဗာန်မရောက်မီ၊ နတ်ပြည်ရောက်ကြောင်း အဆစ်တောင်းရင်း … ဗိုလ်ချုပ်မင်းတို့ နင်းချေအိုးအိမ်၊ စည်းစိမ်ကိုလု ထုနှက်မောင်းနှင်၊ နတ်ပြည်တင်ပြီ လွင့်စဉ်နယ်ခြား၊ တိုင်းတပါး – ကားရားခေါက်ချိုး၊ ဇောက်ထိုးမျှော် မတော်တဆ၊ ငရဲကျ – ငရဲကခုန်၊ ပြာပုံပေါ်ရောက် လေးဘက်ထောက်ရင်း – နောက်ကကျည်ဆန်၊ သေနတ်သံနဲ့ လှံစွပ်လွတ်ရာ … တောင်ကာချောင်းခြား၊ နယ်ခြားတောရပ် ထိုင်းနယ်စပ်လား … ကျော်ရင်းဖြတ်ရင်း၊ ရောက်ရှိသွား စုတ်ပြတ်ကျိုးကန်း ဗမာများ။ ဒုက္ခသည်စခန်း၊ လွန်ခမ်းနား။ နယ်စပ်ကလွတ်၊ ငရဲလွတ်ပြီ စစ်ဘေးလွတ်ရာ၊ ဘယ်ရွာ ဘယ်မြို့ ဘယ်ကို […]