alinsettMarch 16, 20155min51024
                  ဖြစ်စဉ်(၁) ညီရင်းအစ်ကိုလို ခင်မင်တွယ်တာနေသူတစ်ယောက်၏ မင်္ဂလာဦးညတွင်ဖြစ်သည်။ ထိုညမှာ သတို့သားဖြစ်သူက သူငယ်ချင်းမိတ်ဆွေများကို ညစာစားပွဲတစ်ခုနှင့် ဧည့်ခံသည်။ ဖွယ်ဖွယ်ရာရာ စားသောက်ရယ်မောနေကြဆဲမှာပဲ ကိုယ်က စကားတစ်ခွန်းကို အလေးအနက် ပြောလိုက်သည်။ ”အင်းးး ဒီညဟာ. . . ဟောဒီက သတို့သား မောင်ထွန်းအောင်ရဲ့ နောက်ဆုံးညတစ်ညဖြစ်တယ်. . . ကျုပ်တို့သူငယ်ချင်းရဲ့ လူပျိုဘဝ. . .” ကိုယ့်စကားမဆုံးလိုက်ချေ။ .မောင်ထွန်းအောင်က ”ဘာာာာ. . . နောက်ဆုံးည ဟုတ်လားးး” ဆိုပြီး ရှုးရှုးရှဲရှဲ ဖြစ်သွားသည်။ ထိုညသည် သတို့သားဖြစ်သူက စိတ်ဆိုးမာန်ဆိုးဖြင့် စားပွဲဝိုင်းမှ ထွက်ခွါသွားသည့်ည ဖြစ်သည်။ မင်္ဂလာယူနေတဲ့အချိန်မျိုးမှာ […]