လူ့ဘဝဟူသည် သင်ယူမှုမဆုံးသည့် နယ်ပယ်ကြီးတစ်ခု ဖြစ်၏။ ကျွန်ုပ်တို့သည် ငယ်ငယ်ကတည်းကပင် သင်ယူမှုနှင့် စတင်သည်။ ဘယ်အချိန်မှ ဆုံးသနည်းဟု မေးပါက သေမှဆုံးမည်ဟု အသေအချာ ဖြေချင်ပါသည်။ ဟုတ်သည်။ ဘဝသည် အရွယ်သုံးပါးလုံး အကျုံးဝင်၍ သင်ယူရင်း၊ ပြန်လည် အသုံးချရင်းနှင့်ပင် အဆုံးသတ်ရသည် မဟုတ်ပါလား။ ထပ်ရှင်းရသော် ကျွန်ုပ်တို့သည် ငယ်ငယ်ကလည်း ငယ်ငယ်အလျှောက် စိန်ခေါ်မှုများကြားမှ ရပ်တည်နိုင်အောင် သင်ယူရင်း ကြီးပြင်းလာရသည်။ အရင်ဆုံးမိတ်ဆက်ရလျှင် ကလေးဘဝအရွယ်၌ မတ်မတ်ရပ်နိုင်ဖို့၊ ထို့မှတစ်ဆင့် လမ်းလျှောက်တတ်ဖို့ သင်ယူရသည်။ ပြီးနောက် သင်ပြီးသမျှကိုလည်း အလကားမထားရ၊ ပြန်လည်အသုံးချခြင်းဖြင့် အကျိုးရှိစေသည်။ ထို့ကြောင့် ကလေးဘဝ၌ တတ်သင့်သည်မှန်သမျှ သင်ယူရင်း၊ ပြန်လည်အသုံးချရင်းနှင့်ပင် လူငယ်လူရွယ်ဘဝသို့ ရောက်ရှိလာရသည်။ ထိုလူငယ်ဘဝတွင်လည်း အလကားနေရမည် မထင်ပါနှင့်။ မှားမည်။ ထိုအချိန်တွင် ကျွန်ုပ်တို့သည် […]