ကဗျာတွေနဲ့ ငါငိုနေပါတယ် သူဇာ။ ခွဲခွာခြင်းက တို့နှစ်ယောက်ခေါင်းကို ဝင်တိုက်လိုက်ချိန်က စလို့ပေါ့။ ဒီအချိန် အမှောင်တွေပြိုကျလာတာများ ငါမတားနိုင်တော့ဘူူး။ မရပ်တန့်နိုင်တဲ့မြစ်ဟာ စီဆင်းခြင်း အရှိန်နဲ့ ဝင်ဆောင့်လို့၊ တားဆီးခွင့်ဆိုတာ ငါ့အတွက် ပျောက်ရှနေခဲ့တယ် သူဇာ။ “သူဇာ… ဘယ်မှာလဲ… ၊ သူဇာ… ဘယ်မှာလဲ…” ဒီလို တစ်ခေါက်ပြီး တစ်ခေါက် အော်ခေါ်ရင်း အသံတွေ အက်ကွဲလာတယ်။ ငါ့အသည်းနှလုံးဟာ သွေးစိမ်းရှင်ရှင်ကျလို့၊ ငါ့နာရီဟာလည်း သွေးတွေအန်ပစ်တယ်။ မြင်မြင်သမျှ ငါ့ကမ္ဘာကြီး သွေးတွေဖုံးလွှမ်းသွားတာများ အသည်းကွဲစေတဲ့အလွမ်းဆိုတာ ဒါလား။ ငါ ခံနိုင်ရည်မရှိတော့ဘူး သူဇာ။ ငါ ခံနိုင်ရည်မရှိတော့ဘူး။ ရင်တစ်ခုလုံးနွေးစေတဲ့ သူဇာရဲ့ အကြည့်လေးကို လွမ်းတယ်။ မဟာဆန်တဲ့ အလှနတ်ဖုရားရဲ့ အပြုံးချိုချိုလေးကို လွမ်းတယ်။ သူ့နှုတ်ခမ်းဖျားလေးက စမ်းရေစီးသံကိုလည်း လွမ်းတယ်။ တကယ်ပါ […]


ကျွန်တော်က စာပေလောကထဲ ဝင်လာကစ ခြင်ကလောင်လေးပါ။ ခြင်ကလောင်ဆိုတော့ သိတဲ့အတိုင်း လက်ဝါးကြီးကြီးတွေက ရိုက်သတ်ဖို့ ချောင်းနေကြတာပေါ့။ ခြင်ကလောင်တွေခမျာ ဟိုင်ရှောင်ရင်း ဒီရှောင်ရင်းနဲ့ မိရာထိရာကို အပြီခဲရတော့တာပဲ။ တကယ့်အဖြစ်ပါဗျာ။ ဘဝက ဆင်ကလောင်မှ မဟုတ်တာကိုး။ ခြင်ကလောင်ပီပီ စာပေလောကမှာ ကိုယ်လုံးငယ်ရသလို မျက်နှာလည်းငယ်ရပါတယ်။ ဟုတ်ပါတယ်။ ကြည့်ပါ။ ခြင်ဆိုမှတော့ ဆင်နဲ့နှိုင်းလိုက်ရင် မြင့်မိုရ်တောင်နဲ့ ဇီးစေ့လိုပါပဲ။ ဒါကြောင့် စာပေလောကမှာ မျက်နှာကြီးရာ ဟင်းဖတ်ပါဆိုတဲ့အတိုင်း ခြင်ကလောင်တွေခမျာ ချောင်ထိုးခံရတော့တာပဲ။ စိတ်ပေါက်ပေါက်နဲ့ တစ်ခါတစ်ခါ တွေးမိတယ်။ သူများတွေလို ပုံးချီပေးပြီး ကလောင်ကြီးဆေးထိုးဖို့တောင် တွေးတယ်။ ကိုယ့်ပိုက်ဆံနဲ့ကိုယ် စာအုပ်ထုတ်တာကို ပြောတာပါ။ ပြောလို့သာ ပြောတာ ဘယ်မှာလဲ ပိုက်ဆံဆိုလို့ကတော့ တစ်ကိုယ်လုံး ညှစ်ချကြည့်တောင် တစ်သောင်းမပြည့်ရှာတဲ့ဘဝ။ စိတ်မခိုင်ရင် ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ပဲ ရှိတော့တယ်။ […]


၁) လူတိုင်း၌ ရူးသွပ်မှု တစ်ခုချင်းစီ ရှိကြပေလိမ့်မည်။ ကျွန်တော်ကတော့ ချစ်ခြင်းအားဖြင့် ရူးသွပ်သည်။ ကျွန်တော် ရူးသွပ်သည့် ကောင်မလေးနာမည်က `မွန်´။ ကျွန်တော့် ရူးသွပ်မှုသည် တစ်ကိုယ်ရည် တစ်ကာယ ရူးသွပ်မှုသာ ဖြစ်သည်။ ထိုကောင်မလေးအပေါ် အဆိပ်အတောက် မဖြစ်စေသလို မည်သူ့အပေါ်မှလည်း အနှောင့်အယှက် မဖြစ်စေခဲ့။ ကျွန်တော်က ချစ်ခြင်းမေတ္တာကို ကြိတ်၍ ကြည်နူးရခြင်းဖြင့် အရသာခံတတ်သူပင်။ ပိုင်ဆိုင်ရမှ အချစ်မြောက်သည်ဟူသော စကားသည် ကျွန်တော်နှင့် လုံးဝဆန့်ကျင်၏။ ထိုစကားသည် ကိုယ့်အတ္တကိုယ် အရောင်ဆိုးခြင်းသာ ဖြစ်သည်ဟု ကျွန်တော် ယူဆသည်။ ကျွန်တော်ကမူ ပိုင်ဆိုင်ခွင့်မရလည်း ချစ်၏။ ပိုင်ဆိုင်ခွင့်မရ၍ မုန်းလိုက်ခြင်းသည် ကျွန်တော့်အတွက်တော့ လှောင်ပြောင်သရော်ချင်စရာပင်။ ကျွန်တော် မွန့်ကို ချစ်၏။ သို့သော် သူ့ကို မပိုင်ဆိုင်ပါ။ ထိုသို့မပိုင်ဆိုင်သော်လည်း ကျွန်တော် […]


လူ့ဘဝဟူသည် သင်ယူမှုမဆုံးသည့် နယ်ပယ်ကြီးတစ်ခု ဖြစ်၏။ ကျွန်ုပ်တို့သည် ငယ်ငယ်ကတည်းကပင် သင်ယူမှုနှင့် စတင်သည်။ ဘယ်အချိန်မှ ဆုံးသနည်းဟု မေးပါက သေမှဆုံးမည်ဟု အသေအချာ ဖြေချင်ပါသည်။ ဟုတ်သည်။ ဘဝသည် အရွယ်သုံးပါးလုံး အကျုံးဝင်၍ သင်ယူရင်း၊ ပြန်လည် အသုံးချရင်းနှင့်ပင် အဆုံးသတ်ရသည် မဟုတ်ပါလား။ ထပ်ရှင်းရသော် ကျွန်ုပ်တို့သည် ငယ်ငယ်ကလည်း ငယ်ငယ်အလျှောက် စိန်ခေါ်မှုများကြားမှ ရပ်တည်နိုင်အောင် သင်ယူရင်း ကြီးပြင်းလာရသည်။ အရင်ဆုံးမိတ်ဆက်ရလျှင် ကလေးဘဝအရွယ်၌ မတ်မတ်ရပ်နိုင်ဖို့၊ ထို့မှတစ်ဆင့် လမ်းလျှောက်တတ်ဖို့ သင်ယူရသည်။ ပြီးနောက် သင်ပြီးသမျှကိုလည်း အလကားမထားရ၊ ပြန်လည်အသုံးချခြင်းဖြင့် အကျိုးရှိစေသည်။ ထို့ကြောင့် ကလေးဘဝ၌ တတ်သင့်သည်မှန်သမျှ သင်ယူရင်း၊ ပြန်လည်အသုံးချရင်းနှင့်ပင် လူငယ်လူရွယ်ဘဝသို့ ရောက်ရှိလာရသည်။ ထိုလူငယ်ဘဝတွင်လည်း အလကားနေရမည် မထင်ပါနှင့်။ မှားမည်။ ထိုအချိန်တွင် ကျွန်ုပ်တို့သည် […]


(၁) “ဘေးဖယ်… ဘေးဖယ်၊ ဒီစက်ဘီးက ဘရိတ်မမိတော့ဘူး၊ ဟင်… ဟောတော့…” “ဝုန်း… အား…” စာကြည့်တိုက်ထဲက ထွက်ထွက်ချင်း မောင်မိုးတစ်ယောက် အီစလံဝေသွားတယ်။ မဝေခံနိုင်ရိုးလား။ ပေါင်ကြားတည့်တည့်ကိုမှ အိစံရဲ့စက်ဘီးက ဝင်တိုက်တာလေ။ မောင်မိုးခမြာ မျက်နှာကြီး ရှုံမဲ့ရင်း… “အားလား…လား၊ ခင်ဗျား ဘယ်လိုလုပ်လိုက်တာလဲ၊ ကျွန်တော့်ကို လူဖြစ်ရှုံးအောင်လို့ တမင်သက်သက်များ ကြံစည်လိုက်တာလား” “မဟုတ်ပါဘူးရှင်၊ အိစံ တောင်းပန်ပါတယ်၊ အိစံ တမင်သက်သက်လုပ်တာ မဟုတ်ရပါဘူး၊ ဟိုလေ… ဟို ရှင် ဘာဖြစ်သွားသေးလဲ” “အင်း… ဟိုဟာ၊ အာ… ဘယ်လိုပြောရမလဲ၊ တော်ပြီဗျာ၊ ခင်ဗျား ဘာတွေ မေးနေမှန်း မသိဘူး၊ သွားတော့မယ်” မောင်မိုး ရှက်ရှက်နဲ့ မျက်နှာကြီးနီပြီး သူရပ်ထားတဲ့ စက်ဘီးရှိရာကို ပြေးသွားတယ်။ အဲ့ဒီကို ရောက်တောင်မရောက်သေးဘူး။ […]


(၁) ငါ့ကိုယ်ငါ လောင်ကျွမ်းလိုက်သည်။ ပြာဖြစ်ပြီးနောက် နိဗ္ဗာန်ဘုံ ပေါက်လာ၏။ သင်တို့ နေထိုင်နိုင်သည်။ ငါပစ်လွှတ်လိုက်သော ဓားပျံများသည် ဝေ့ကာဝိုက်ကာဖြင့် သင့်နှလုံးသားပေါ် တေးသီချင်းများ သီဆိုကြလိမ့်မည်။ မကြောက်ပါနှင့်။ ကဗျာဟု ငယ်သံပါအောင် ငါအော်ဟစ်ခြင်းသည် ငါ၏ မွေးရာပါ ရောဂါတစ်ခုပင်။ စွန့်လွှတ်ခြင်းသည် ပိုင်ဆိုင်ခြင်းမည်၏ဟု ပညာရှိအချို့က ဆိုကြသည်။ ထို့ကြောင့် ငါသည် အနုပညာကိုစွန့်၏။ အနုပညာက ငါ့ကို ပိုင်ဆိုင်သွားသည်။ လက်ညှိုးထိုးတိုက်ပွဲကြီး ခေတ်အဆက်ဆက် တည်တံ့ခဲ့သည်မှာ အဘယ်ကြောင့်နည်း။ သူငယ်ချင်းတစ်ယောက်၏ ထိုအမေးကို ငါ သူ့ကို ပြန်ပြီ လက်ညှိုးထိုးချလိုက်သည်။ သူ အဖြေသိသွားသည်။ “မာယာချင်းပြိုင် ဘယ်သူနိုင်” အစီအစဉ်ကို နေ့စဉ်တီဗွီ၌ လွှင့်၏။ ဂျာနယ်၌လည်း ပါ၏။ ထို့ပြင် ဝက်ဆိုဒ်တွင်လည်း တင်လိုက်သေးသည်။ “ရှူးပျံဖမ်းမယ်၊ ဂေါ်ဇီလာဖမ်းမယ်”ဟု […]


သွေးညှီနံ့သမိုင်းဆိုတာ လူ့အန်ဖတ်တွေ မွေးဖွားရာနယ်မြေ အမှန်တရားမှန်ချပ်တွေ ပြိုင်တူကျကွဲတိုင်း ကြားကမြေကြီး ခါးနာနေကြ ခံဘက်ချည်း ဟိုထိုး ဒီထိုး ခြေဗွေပါ လက်ညှိုးတွေ များများလာ ကြားနေကျ အရွေ့လှိုင်းတွေထဲ ငိုသံ ကျယ်ကျယ်လောင်လောင် “အက်ဒီဆင်မကယ်နိုင်တဲ့ အမှောင်ခေတ်ကြီး အမြန် ပျက်သုဉ်းပါစေသတည်း” “အက်ဒီဆင်မကယ်နိုင်တဲ့ အမှောင်ခေတ်ကြီး အမြန် ပျက်သုဉ်းပါစေသတည်း” “အက်ဒီဆင်မကယ်နိုင်တဲ့ အမှောင်ခေတ်ကြီး အမြန် ပျက်သုဉ်းပါစေသတည်း” ရှေ့ကိုသွားတဲ့မြှား နောက်ပြန်ဆုတ်သင့်/မဆုတ်သင့် ဘေးဖယ်… ဒီမေးခွန်း လူကြီးတွေ မဖြေနိုင်ရင် ကလေးတွေ ဝင်ဖြေလိမ့်မယ် ဘာပဲလောင်လောင် ညှော်နံ့ကို ဖုံးလို့ရရိုးလား နဖူးပေါ် ပုစဉ်းနားတာလောက်ကိုများ လောင်ချာနဲ့ထုချချင်သူကြီး ဒီအကွက်က ရိုးတယ် နောက်အကွက်ကို ပြောင်း ဟေ့ကောင် ဗိုက်ကြီး မင်းသောက်နေတဲ့ မျက်ရည်က ချိုလား အသိုက်ပျောက်ငှက် ဝပ်ကျင်းပျောက်တိရစာ္ဆန် မြစ်ချောင်းမဲ့ငါးတွေအား […]


(၁) ကိုကို ဒီရက်ပိုင်းအတွင်း အိမ်မှာ ညီညီကို မတွေ့ရတဲ့အတွက် စိုးရိမ်လာတယ်။ ညီညီ ရှိုးပွဲတွေ ဆိုဖို့များ ရှိနေသလားလို့ အောက်မေ့မိတယ်။ ညီညီက တကယ်တော့ နာမည်တက်စ အဆိုတော်တစ်ယောက်ပါ။ ဒါနဲ့ ညီညီဆီ လှမ်းပြီးဖုန်းဆက်ကြည့်တယ်။ ဖုန်းပိတ်ထားတယ်ဆိုတဲ့ အသံပဲထွက်လာတယ်။ ဒါနဲ့ ညီညီ အခန်းရှိရာဆီကို ဝင်ကြည့်ဖြစ်တယ်။ ညီညီအခန်းက သီချင်းစာရွက်တွေနဲ့ ကြမ်းပြင်ပေါ်မှာ ပြန့်ကျဲရှုပ်ပွနေတယ်။ ကုတင်ပေါ်မှာလည်း မသိမ်းရသေးတဲ့ ခြင်ထောင်က ဒီအတိုင်း။ ကိုကို ဝင်လာရင်း ကြမ်းပေါ်က စာရွက်တွေကို ကောက်သိမ်းပေးဖြစ်တယ်။ အမှတ်တမဲ့ သီချင်းစာရွက်တစ်ရွက်ကို လှမ်းကောက်ရင်း “ကိုကို”ဆိုတဲ့ စာသားပါလာလို့ သေချာကြည့်မိတယ်။ “မမို့က ငါ့ကို မချစ်နိုင်ဘူးတဲ့။ သူ့မှာ ချစ်ရမယ့်သူရှိတယ်လို့ ပြောတယ်။ ငါ မဟုတ်ရင် ကိုကိုပဲနေမှာပေါ့။ ကိုကို ငါ့အပါ် […]


တိမ်လွှာကိုဖောက် နန်းတည်ဆောက်မည် ဆင်လောက် ခွန်အားရှိနေ၏။ ပင်လယ်ပြင်ထဲ ရင်ဆိုင်ဝဲလည်း အံခဲငါးလို ကျော်ဖြတ်မည်။ ဘဝမုန်တိုင်း ဘယ်လိုသိုင်းဝိုင်း ငါ့စိုင်းမြင်းက ပြေးနေသာတည်း။ ။ စေပိုင်ထွဋ်(ပုသိမ်)


(၁) ကျွန်တော် ဆယ်တန်းဖြေပြီးတဲ့အချိန်မှာ ကျောင်းလည်း မတက်ရသဖြင့် အားလပ်နေပါတယ်။ ဒါကြောင့်ပဲ ဦးလေးအသိ ဆိုင်တစ်ဆိုင်မှာ အလုပ်ဝင်လုပ်ဖြစ်တယ်။ အကြောင်းရင်းက တကယ်လို့ တက္ကသိုလ်ကိုတက်ရရင် ကိုယ်ပိုင်ဝင်ငွေလေးနဲ့ ကိုင်သုံးချင်တာလည်း ပါတာပေါ့။ ဆိုင်ဆိုလို့ ပြောရအုံးမယ်။ ကျွန်တော် အလုပ်လုပ်တဲ့ဆိုင်က ကြီးကြီးမားမား ဆိုင်ကြီးတစ်ဆိုင်လည်း မဟုတ်ပါဘူး။ အသင့်အတင့်အကျယ်နဲ့ အိမ်ဆိုင်လေး တစ်ခုသာဖြစ်ပါတယ်။ အိမ်ရှေ့ဘက်မှာ အိမ်သုံးလျှပ်စစ်ပစ္စည်းတွေ အဓိကရောင်းချပြီး နောက်ဘက်မှာတော့ ဆိုင်ပိုင်ရှင်မိသားစု နေထိုင်ကြပါတယ်။ ဝန်ထမ်းဆိုလို့လည်း ကျွန်တော့်ရှေ့အရင် ဝင်လုပ်တဲ့ ကောင်လေးတစ်ယောက်ရယ်၊ ကျွန်တော်ရယ် စုစုပေါင်း နှစ်ယောက်သာရှိပါတယ်။ အဲ့ဒီကောင်လေးက ကျွန်တော့်ထက် တစ်နှစ်ခန့်ငယ်ပါတယ်။ သူ့အပြောအရဆို ဒီဆိုင်ကိုရောက်တာ ၂နှစ်လောက်ရှိပြီဆိုပဲ။ ဆိုင်ရှင်က ကျွန်တော့်ကို သူ့ဆီ အပ်ပါတယ်။ ဒါကိုတော့ ကျွန်တော် သိပ်မကျေနပ်ဘူး။ ဘာကြောင့်လဲဆိုတော့ ကိုယ့်ထက်ငယ်တဲ့သူကို ဆရာတင်သလိုမျိုးဆိုတော့ […]


(၁) “အလင်းခတ်ရောက်ပြီကွ…” တစ်ကိုယ်လုံး မှောင်သွားသူက ကြွေးကြော်တယ်။ တစ္ဆေမ လူမွေးပေါ့မလား။ (၂) မီးကွင်းဂမုန်းမှ မဟုတ်တာ… တောမီးဂယက်ထဲ အကုန်အပူလောင်ကြတယ် ဘုံငရဲနယ်။ (၃) ခေတ်ပြိုင်မြင်းမွှေးပေါ်က ကပ်ပါးတစ်ကောင် ဘယ်တော့ ဘယ်တော့ ဘယ်တော့ ကျောရိုးရှိလာမှာလဲ။ မျှော်။ (၄) အာရုံခြောက်ပါး တစ်ပါးသူလက်အကွယ် မိနေသရွေ့ ( )ကို သံသယရှိတယ်။ (၅) ခြတောင်ပို့ကြီး ကြီးကြီးလာ မျက်လှည့်ပြကွက် ပေါပေါလာ တို့ထောင်တဲ့လက်ညှိုးကျ လူမမြင်ဘူး။ (၆) ရေစီးကြောင်းထဲ ရေမျှောခံရ လေယာဉ်ကြောထဲ ရောလွှင့်ခံရ တို့သောက်တဲ့ဆေးက အတုကြီး။ (၇) မစင်တွင်းကျ ဘဝ…ဘဝများ ဆယ်ကောက်မဲ့သူ မတွေ့ /မရှိ ကြာပန်းတွေ မပွင့်ခင် လောင်ကုန်ပြီ လမ်းပြကြယ် တိမ်းမည်းစားသွားပြီ “ငိုငိုငို အားရအောင်ငို” […]


အယောင်ဆောင် တောင်းရမ်းမှုများ ငါးတစ်ကောင် အကြေးခွံလို ပုတီးရော ပြဒါးရော ကိုင်လိုက်ကြ ထွက်ကုန်( ) ဖြစ်လာ သေနတ်က ပန်းပွင့်တယ်…သေပန်း ညအမှောင် Changeဖို့ဆိုရင် အလင်းဓာတ်ကောင်းကောင်းလိုမယ် နည်းနည်းလူး နည်းနည်းဝါ များများလူး များများဝါရအောင် ဒါ…နနွင်းမဟုတ် စနစ် လုပ်ချလိုက်ပြန်ပြီ ဆင်ဆာလျော့တော့ မြန်မာကားတွေ ဖော်/ချွတ်များ လွဲဟ ကောင်းကင်ပေါ်မော့ကြည့် တို့ဆီကြွေမယ့်ကြယ် အင်္ဂါမစုံသေး မျှော်ရပြန်ပြီ (((ရေသန့်ဘူးထဲက ရေမြင်ရုံနဲ့ PH-7 ပြောလို့မရသလို ထမင်းချိုင့်တိုင်းလည်း စတီးမစစ်နိုင်ဘူး))) အပေါစားအသုံးအဆောင်များ သူဆင်းရဲတိုင်းပြည်ပေါ် နေရာယူထားပုံ အဖြူကြီး/အမည်းကြီးတွေက (+)တတ်(-)တတ်(x)တတ်(÷)တတ်လွန်း ငါတို့တွေ ဒုံးရင်းအက အဆုံးသတ်သင့်တာကြာပြီ သို့////(—————-) (၁) ပြည်သူ့ရင်ဘတ် မီးထတောက်အောင် မလုပ်ရ (၂) ဖွတ်မမွေးရ (၃) ဥယျာဉ်မှူးလိုကျင့်ပါ ရွှေမိုးငွေမိုးရွာမယ်ဆို ငါတို့အိတ်တွေအကုန် […]


ကွဲသွားတဲ့ဖန်ခွက် ဆက်မဲ့သူမရှိ ကြေမွနေ မျက်လှည့်ဆရာရဲ့ အကောင်းဆုံးပြကွက် သူ့ကိုယ်သူ ဖျောက်ပစ်လိုက်တယ် ဘယ်တော့ပေါ်လာမှာလဲ… ငြိမ်းချမ်းရေးငုပ်ကောင် Doorပိတ်ထားသော ပန်းငုံလို ညှော်မိပြီး အိပ်နေပုံ လူစားဝင် လူဝင်စားတွေက ဟစ်တလာတွေ ထပ်မွေးတယ် အပြွတ်လိုက် စတာလင်တွေ ထပ်မွေးတယ် အခိုင်လိုက် အို…ဘုရားသခင် ဦးချိုယား ဆိတ်လိုလူတွေများ မည်းမည်းမြင်ရာ ခွေ့ ခွင့်ပြုလေသလား စပေါက်စ မြက်ပင်တွေခမျာ အမြစ်ပါမကျန် အနှုတ်ခံခဲ့ရ ပြော… စိုက်မဲ့လက်ကျ နှေးနေ/လေးနေတာ ဘာကြောင့်လဲ ငါတို့ မျှော်နေကြပါတယ်… သံလွင်ခက်ကိုက်ဂျိုးဖြူရယ်… သင်လာရင် အဝေးက ရေတွင်း မပြနဲ့ အနီးကပ် ရေခပ်တိုက်ပါ မျက်ရည်မြစ်ကိုချုံ့ ပါ ပဋိပက္ခကိုဖြုတ်ပါ ငါတို့ အသက်လုပြီး တူပုန်းတမ်း မကစားချင်တော့ဘူး အနိဋ္ဌာရုံတွေ မီးငြိမ်း လက်နက်ကြီး/သေး အ,နေကြပါစေ […]