“သာမန်လက်ဖဝါးပေါ်က ပွင့်တဲ့စကားလုံး”
အယောင်ဆောင် တောင်းရမ်းမှုများ ငါးတစ်ကောင် အကြေးခွံလို
ပုတီးရော ပြဒါးရော ကိုင်လိုက်ကြ ထွက်ကုန်( ) ဖြစ်လာ
သေနတ်က ပန်းပွင့်တယ်…သေပန်း
ညအမှောင် Changeဖို့ဆိုရင် အလင်းဓာတ်ကောင်းကောင်းလိုမယ်
နည်းနည်းလူး နည်းနည်းဝါ များများလူး များများဝါရအောင်
ဒါ…နနွင်းမဟုတ် စနစ်
လုပ်ချလိုက်ပြန်ပြီ
ဆင်ဆာလျော့တော့ မြန်မာကားတွေ ဖော်/ချွတ်များ လွဲဟ
ကောင်းကင်ပေါ်မော့ကြည့်
တို့ဆီကြွေမယ့်ကြယ် အင်္ဂါမစုံသေး မျှော်ရပြန်ပြီ
(((ရေသန့်ဘူးထဲက ရေမြင်ရုံနဲ့ PH-7 ပြောလို့မရသလို
ထမင်းချိုင့်တိုင်းလည်း စတီးမစစ်နိုင်ဘူး)))
အပေါစားအသုံးအဆောင်များ သူဆင်းရဲတိုင်းပြည်ပေါ် နေရာယူထားပုံ
အဖြူကြီး/အမည်းကြီးတွေက (+)တတ်(-)တတ်(x)တတ်(÷)တတ်လွန်း
ငါတို့တွေ ဒုံးရင်းအက အဆုံးသတ်သင့်တာကြာပြီ
သို့////(—————-)
(၁) ပြည်သူ့ရင်ဘတ် မီးထတောက်အောင် မလုပ်ရ
(၂) ဖွတ်မမွေးရ
(၃) ဥယျာဉ်မှူးလိုကျင့်ပါ
ရွှေမိုးငွေမိုးရွာမယ်ဆို ငါတို့အိတ်တွေအကုန် ဖွင့်ထားပေါ့မယ်
Stop!!! မုန်တိုင်းတော့ ခုန်ချခွင့်မပြု ။ ။
စေပိုင်ထွဋ်(ပုသိမ်)
6 comments
•*¨နန်းတော်ရာသူ •*¨
January 13, 2013 at 7:55 pm
ဖတ်သွားပါတယ်ရှင်
မောင်ပေ
January 13, 2013 at 8:12 pm
ကဗျာဆရာရေ
တစ်ခုလေးဝင်ငန်ချင်တာလေးက
ဒီနေ ့ခေတ်မှာ နနွမ်းတောင် အစစ်ရဖို ့မလွယ်တော့ပါဘူးကွယ်
နနွမ်းမှုန် ့ထဲမှာ ဘာတွေရောကြမှန်းမသိ
အရင်ဦးနေဝင်းခေတ်တုန်းကတော့ စစ်တပ်ကမောင်ပိုင်စီးလို ့ပြည်သူတွေ နနွမ်းမစားခဲ့ရရှာဘူး
ဒီနေ ့ခေတ်ကြပြန်တော့လဲ တီဗီကြေငြာတဲ့ အဖိုးအခတွေ အတွက် အင်တွေရောထုတော့ ပြည်သူတွေခဗျာ ဘာမှုန် ့တွေ ရောထားမှန်းမသိတဲ့ဟာကို စားကြပြန်ကြရရှာပေါ့
အို ဗုဒ္ဓ ကယ်ပါ့ဘုရား
စေပိုင်ထွဋ် (ပုသိမ်)
January 16, 2013 at 4:37 pm
ဟိုက် ဘုရားတနေရတဲ့ ခေတ်ပါလား
မဟာရာဇာ အံစာတုံး
January 15, 2013 at 10:18 pm
ရေးထားတာ ရေလည် လန်းသဗျာ …
နောက်ဆုံး စာကြောင်းလေးတွေ ပိုခိုက်တယ် …
အားပေးသွားပါတယ်ဗျို့ ……
kai
January 16, 2013 at 6:58 am
သင်္ကြန်သံချပ်ရေးပေးပါလား…
ဝိပညာ.. စာ.. တော်တော်လှမှာ.. :harr:
စေပိုင်ထွဋ် (ပုသိမ်)
January 16, 2013 at 4:38 pm
လာအပ်လို့ကတော့ ဆန်ပြုတ်သောက်ရင် သောက်ရပါစေ
ရေးပေးလိုက်မယ် အဟီး