“အငိုပြက်လုံး”
(၁)
“အလင်းခတ်ရောက်ပြီကွ…”
တစ်ကိုယ်လုံး မှောင်သွားသူက ကြွေးကြော်တယ်။
တစ္ဆေမ လူမွေးပေါ့မလား။
(၂)
မီးကွင်းဂမုန်းမှ မဟုတ်တာ…
တောမီးဂယက်ထဲ အကုန်အပူလောင်ကြတယ်
ဘုံငရဲနယ်။
(၃)
ခေတ်ပြိုင်မြင်းမွှေးပေါ်က ကပ်ပါးတစ်ကောင်
ဘယ်တော့ ဘယ်တော့ ဘယ်တော့
ကျောရိုးရှိလာမှာလဲ။ မျှော်။
(၄)
အာရုံခြောက်ပါး တစ်ပါးသူလက်အကွယ်
မိနေသရွေ့
( )ကို သံသယရှိတယ်။
(၅)
ခြတောင်ပို့ကြီး ကြီးကြီးလာ
မျက်လှည့်ပြကွက် ပေါပေါလာ
တို့ထောင်တဲ့လက်ညှိုးကျ လူမမြင်ဘူး။
(၆)
ရေစီးကြောင်းထဲ ရေမျှောခံရ
လေယာဉ်ကြောထဲ ရောလွှင့်ခံရ
တို့သောက်တဲ့ဆေးက အတုကြီး။
(၇)
မစင်တွင်းကျ ဘဝ…ဘဝများ ဆယ်ကောက်မဲ့သူ
မတွေ့ /မရှိ
ကြာပန်းတွေ မပွင့်ခင် လောင်ကုန်ပြီ
လမ်းပြကြယ် တိမ်းမည်းစားသွားပြီ
“ငိုငိုငို အားရအောင်ငို” ။ ။
စေပိုင်ထွဋ်(ပုသိမ်)
4 comments
•*¨နန်းတော်ရာသူ •*¨
January 13, 2013 at 7:51 pm
ဖတ်ရှုသွားပါတယ်
မောင်ပေ
January 13, 2013 at 8:00 pm
အငိုပြက်လုံး
အပျိုရှက်ပြုံး
အကိုဖွက်သုံး
အဆိုမက်ရှုံး
မဟာရာဇာ အံစာတုံး
January 15, 2013 at 10:33 pm
ခုဒေါ့ …
ဖတ်ရုံဘဲ ဖတ်တွားဒယ် …
နောက်တော့မှ ..
ဆိုလိုရင်းတွေကို ပြန်တွေးကြည့်မယ် ….
စေပိုင်ထွဋ် (ပုသိမ်)
January 16, 2013 at 4:40 pm
တိန်
နောက်တော့မှ ဆိုပဲ