သွေးညှီနံ့သမိုင်းဆိုတာ လူ့အန်ဖတ်တွေ မွေးဖွားရာနယ်မြေ အမှန်တရားမှန်ချပ်တွေ ပြိုင်တူကျကွဲတိုင်း ကြားကမြေကြီး ခါးနာနေကြ ခံဘက်ချည်း ဟိုထိုး ဒီထိုး ခြေဗွေပါ လက်ညှိုးတွေ များများလာ ကြားနေကျ အရွေ့လှိုင်းတွေထဲ ငိုသံ ကျယ်ကျယ်လောင်လောင် “အက်ဒီဆင်မကယ်နိုင်တဲ့ အမှောင်ခေတ်ကြီး အမြန် ပျက်သုဉ်းပါစေသတည်း” “အက်ဒီဆင်မကယ်နိုင်တဲ့ အမှောင်ခေတ်ကြီး အမြန် ပျက်သုဉ်းပါစေသတည်း” “အက်ဒီဆင်မကယ်နိုင်တဲ့ အမှောင်ခေတ်ကြီး အမြန် ပျက်သုဉ်းပါစေသတည်း” ရှေ့ကိုသွားတဲ့မြှား နောက်ပြန်ဆုတ်သင့်/မဆုတ်သင့် ဘေးဖယ်… ဒီမေးခွန်း လူကြီးတွေ မဖြေနိုင်ရင် ကလေးတွေ ဝင်ဖြေလိမ့်မယ် ဘာပဲလောင်လောင် ညှော်နံ့ကို ဖုံးလို့ရရိုးလား နဖူးပေါ် ပုစဉ်းနားတာလောက်ကိုများ လောင်ချာနဲ့ထုချချင်သူကြီး ဒီအကွက်က ရိုးတယ် နောက်အကွက်ကို ပြောင်း ဟေ့ကောင် ဗိုက်ကြီး မင်းသောက်နေတဲ့ မျက်ရည်က ချိုလား အသိုက်ပျောက်ငှက် ဝပ်ကျင်းပျောက်တိရစာ္ဆန် မြစ်ချောင်းမဲ့ငါးတွေအား […]


အယောင်ဆောင် တောင်းရမ်းမှုများ ငါးတစ်ကောင် အကြေးခွံလို ပုတီးရော ပြဒါးရော ကိုင်လိုက်ကြ ထွက်ကုန်( ) ဖြစ်လာ သေနတ်က ပန်းပွင့်တယ်…သေပန်း ညအမှောင် Changeဖို့ဆိုရင် အလင်းဓာတ်ကောင်းကောင်းလိုမယ် နည်းနည်းလူး နည်းနည်းဝါ များများလူး များများဝါရအောင် ဒါ…နနွင်းမဟုတ် စနစ် လုပ်ချလိုက်ပြန်ပြီ ဆင်ဆာလျော့တော့ မြန်မာကားတွေ ဖော်/ချွတ်များ လွဲဟ ကောင်းကင်ပေါ်မော့ကြည့် တို့ဆီကြွေမယ့်ကြယ် အင်္ဂါမစုံသေး မျှော်ရပြန်ပြီ (((ရေသန့်ဘူးထဲက ရေမြင်ရုံနဲ့ PH-7 ပြောလို့မရသလို ထမင်းချိုင့်တိုင်းလည်း စတီးမစစ်နိုင်ဘူး))) အပေါစားအသုံးအဆောင်များ သူဆင်းရဲတိုင်းပြည်ပေါ် နေရာယူထားပုံ အဖြူကြီး/အမည်းကြီးတွေက (+)တတ်(-)တတ်(x)တတ်(÷)တတ်လွန်း ငါတို့တွေ ဒုံးရင်းအက အဆုံးသတ်သင့်တာကြာပြီ သို့////(—————-) (၁) ပြည်သူ့ရင်ဘတ် မီးထတောက်အောင် မလုပ်ရ (၂) ဖွတ်မမွေးရ (၃) ဥယျာဉ်မှူးလိုကျင့်ပါ ရွှေမိုးငွေမိုးရွာမယ်ဆို ငါတို့အိတ်တွေအကုန် […]


ကွဲသွားတဲ့ဖန်ခွက် ဆက်မဲ့သူမရှိ ကြေမွနေ မျက်လှည့်ဆရာရဲ့ အကောင်းဆုံးပြကွက် သူ့ကိုယ်သူ ဖျောက်ပစ်လိုက်တယ် ဘယ်တော့ပေါ်လာမှာလဲ… ငြိမ်းချမ်းရေးငုပ်ကောင် Doorပိတ်ထားသော ပန်းငုံလို ညှော်မိပြီး အိပ်နေပုံ လူစားဝင် လူဝင်စားတွေက ဟစ်တလာတွေ ထပ်မွေးတယ် အပြွတ်လိုက် စတာလင်တွေ ထပ်မွေးတယ် အခိုင်လိုက် အို…ဘုရားသခင် ဦးချိုယား ဆိတ်လိုလူတွေများ မည်းမည်းမြင်ရာ ခွေ့ ခွင့်ပြုလေသလား စပေါက်စ မြက်ပင်တွေခမျာ အမြစ်ပါမကျန် အနှုတ်ခံခဲ့ရ ပြော… စိုက်မဲ့လက်ကျ နှေးနေ/လေးနေတာ ဘာကြောင့်လဲ ငါတို့ မျှော်နေကြပါတယ်… သံလွင်ခက်ကိုက်ဂျိုးဖြူရယ်… သင်လာရင် အဝေးက ရေတွင်း မပြနဲ့ အနီးကပ် ရေခပ်တိုက်ပါ မျက်ရည်မြစ်ကိုချုံ့ ပါ ပဋိပက္ခကိုဖြုတ်ပါ ငါတို့ အသက်လုပြီး တူပုန်းတမ်း မကစားချင်တော့ဘူး အနိဋ္ဌာရုံတွေ မီးငြိမ်း လက်နက်ကြီး/သေး အ,နေကြပါစေ […]


ပရဟိတဆိုတာ… အငုံပန်းတွေ ပွင့်စေချင်တဲ့စိတ် ကန္တာရကို မိုးသွန်းပေးတဲ့လက် ကွက်လပ်မှန်သမျှ ဖြည့်ဆည်းပေးသောအရာ ပရဟိတဆိုတာ… ကျီးကန်အုပ်လို စည်းလုံးမှု ခွန်အားဖြစ်ရေး အတ္တနတ်ဆိုး အမြစ်ဖြုတ်သုတ်သင်ရေး အမှောင်ဖုံး ကြယ်ကလေးများ အလင်းပွင့်ရေး လမ်းလျှောက်နေသော တွဲလက်များဖြစ်ကြ။ ပရဟိတဆိုတာ… ရေစက်ပေါင်းများစွာ စုစည်းထားသော ပင်လယ် မေတ္တာတွေနဲ့ ဗြောင်းဆန်အောင် စီးဆင်း ကမ္ဘာကြီးရဲ့ အနာရောဂါပျောက်စေတယ်။ ပရဟိတဆိုတာ… သုဂတိဘုံ ထည့်သိမ်းထားသော မီခံသေတ္တာရဲ့ လျှို့ ဝှက်နံပါတ် လွယ်လွယ်ဖွင့်လို့တော့ မရဘူး။ ပရဟိတဆိုတာ… ဘယ်ဘုရားဟောမဆို မဆန့်ကျင် လိုက်နာဖွယ်ကောင်းသော ကျင့်စဉ်လမ်းမကြီး အသားအရောင်ခွဲခြားမှု မီးပွိုင့်မရှိဘူး။ ပရဟိတဆိုတာ… ငိုသောမျက်ရည် ပြုံးစေသောစွမ်းအင် ချို့တဲ့သူအတွက် ဗီတာမင်အားဆေး ဘယ်လက်ဖြင့် ရေနစ်သူဆယ်ရင်း ညာလက်ဖြင့် အတောင်ပံတပ်ပေးခဲ့။ ပရဟိတဆိုတာ… အခက်အခဲကြား တောင်များစွာဖောက်သော ရထား […]


လူငယ်ဆိုတာ… လေခိုအောင်းတဲ့ ဆပ်ပြာပူဖောင်းမဟုတ်ဘူး။ သမိုင်းသစ် တရပ်စပ်ပစ်ဖောက်မယ့် သံမဏိကျည်ဆန်မျိုး ဘယ်လက်ဖဝါးမှ မတားဆီးနိုင်ဘူး။ သူတို့တွေဟာ… ဘဝအိမ်မက်အတွက် မီးကုန်ယမ်းကုန် လောင်ကျွမ်းဖို့ အဆင်သင့် ပြင်းရှတဲ့စိတ်ဓာတ်လည်းရှိရဲ့။ သူတို့တွေဟာ… အများအကျိုးအတွက် ရုပ်/နာမ်အထောင်းခံရန် ဝန်မလေး တာဝန်ယူရဲတဲ့ စိတ်ဓာတ်လည်းရှိရဲ့။ သူတို့တွေဟာ… တိုင်းပြည်အတွက် အသက်ဓာတ်ဖိနင်းခံရမှာ မကြောက် ကိုယ်ကျိုးစွန့်စိတ်ဓာတ်လည်းရှိရဲ့။ သူတို့တွေဟာ… အနာဂတ်ကမ္ဘာရဲ့ လက်ကိုင်တုတ်ကြီးကြီး စွမ်းအင်၊ ခွန်အားများလည်းဖြစ်ရဲ့။ သူတို့တွေကြောင့်… ခေတ်တိုင်းဟာ ဘာမဆိုဖြစ်ခဲ့သလို၊ ဘာမဆိုလည်း ပျက်ခဲ့တယ်။ ယုံရဲ့လား… အက်ဒီဆင်နာမည် လူငယ်ဘဝက စခဲ့တယ်။ ဟစ်တလာနာမည် လူငယ်ဘဝက စခဲ့တယ်။ ခေါင်းဆောင်ကောင်းတိုင်းလည်း လူငယ်တွေအား ချစ်ကြတယ်။ အို…လူငယ် သင်ဟာ လူငယ်တစ်ယောက်ဆိုရင် မေးပါရစေ… သင်ချွန်ထားတဲ့မြှားက ဘယ်ပစ်မှတ်ကို စိုက်စေမှာလဲ… ကြယ်ဖြူ/မည်း ။ ။ […]


သူဟာ… ငွေညှစ်တဲ့ ခေတ်သစ်ပြန်ပေးသမား ပိုက်ဆံတောင်းပက်စက် သွေးအေးလွန်းတယ်။ ကြေးရတက် လာရောက်ပင့်ရင် သူ့အပြုံးက “ပစောက်” ဆန်ပြီး ဆင်းရဲသား လာရောက်ပင့်ရင် သူ့ပါးစပ် “ဂငယ်” ပြောင်းတယ်။ သူ့အပြောကတော့… “ဆေးပညာဆိုတာ ပိုက်ဆံပုံပြီး ဝယ်ရတာမို့ အသုံးချရင် အမြတ်ပိုတင်ရတယ်” တဲ့ ဝိသမလောဘသား ကုန်သည်ကြီးပုံစံ မိုက်တွင်းနက်လိုက်ပုံများ ငရဲထိခုတ်ဆင်း လူ့သွေးစုပ်ဖုတ်ကောင်လို ကျင့်ကြံတယ်။ သူ့အဘိဓာန်က… လူနာမှန်သမျှ ကြွားလုံးထုတ် လက်ချာရိုက် အိုင်ကျူအမြင့်ဆုံးဟု ကြွေးကြော်လွန်းသူ ခြောက်စား/ မြှောက်စား/ လှည့်စားတတ်သော ပြိတ္တာ ဧရာမသူတောင်းစားလို့ ခေါ်နိုင်တယ်။ သူဟာ… အတ္တဝါဒီပိုင်ရှင် လူယုတ်မာဖြစ်သလို ဆရာဝန် မဟုတ်သော ဆရာဝန်လည်းဖြစ်တယ်။ နှိုင်းယှဉ်ရရင်… ချုံပုတ်အသေး တောအုပ်မြင်တဲ့ ပုရွက်ဆိတ် ရေတစ်စက် ပင်လယ်ထင်တဲ့ ဆဲလ် သူသက်ဆိုးရှည်နေတာ အကျနာဖို့ပဲဖြစ်တယ်။ […]


အသစ်…အသစ်သော အနုပညာဖန်တီးမှုထဲ ခင်ဗျား ပက်ကျိလို ရွေ့လျားနေရင်တော့ ပြတိုက်ထဲ အပယ်ခံ ကျောက်ဖြစ်ရုပ်ကြွင်းပဲ။ ခေတ်က နာရီတိုင်း/မိနစ်တိုင်းတောင် မဟုတ်တော့ဘူး။ စက္ကန့်မလပ် ရှင်သန်မှုအသစ်တွေ အမျိုးမျိုး ပြောင်းလဲနေတယ်။ လိုက်မမှီရင်… ဆိုက္ကားစီးမလား?/ဘတ်(စ်)ကားစီးမလား?/လေယာဉ်ပျံစီးမလား? ရွေးချယ်မှု မှန်ကန်ဖို့ ခင်ဗျားစဉ်းစားရလိမ့်မယ်။ ဓူဝံကြယ်လမ်းပြနေသော်လည်း… ခင်ဗျား ပညာကန်းရင် အလကားပဲ။ ထင်ရှားသော ရေမွှေးတိုင်းမှာ ကိုယ်ပိုင်ရနံ့ရှိကြတာချည်း ခင်ဗျား ရနံ့စစ်ဆိုတာရော အရောအနှောကင်းရဲ့လား။ အနုပညာတိုင်းတော့ ဒြပ်စင် မဖြစ်နိုင်ဘူး။ ဒီလောက ပင်လယ်ထဲ ခင်ဗျား ကူးခတ်ချင်တယ်ဆို သစ်ပင်အို အရိပ်အား မှီခိုရန်မသင့် ကိုယ်တိုင် သစ်ပင်ဖြစ်နိုင်အောင် ကျင့်ပါ။ မိမိ အရိပ်ဖြင့် ခရီးသွားတိုင်းအား ချွေးသိပ်နိုင်ပါစေ…။ ။ စေပိုင်ထွဋ်(ပုသိမ်)


အဆိပ်ခတ်လို့ အသက်ပိုပြင်းတဲ့ ငါ့အချစ် ၃၁ဘုံရှည်လျား သံသရာခေါ်တဲ့အသံ နားစည်ဝထင်ရှား သူဖန်ဆင်းပေးခဲ့တယ်…. အချစ်ဦး၊ ပန်း၊ ကြယ်၊ ဒိုင်ယာရီ၊ ဆုံရပ် လမ်းသွယ်၊ ဥယျာဉ်၊ ပန်းခြံ၊ သံသယ ခွဲခွာ၊ အလွမ်း၊ မျက်ရည်၊ အရှုံး စသည်ဖြင့်…. နှုတ်တိုက်ရွတ်ဖတ် စာအံနေမိတဲ့ကျောင်းသား စုပ်တသပ်သပ် ဖုတ်သွင်းတဲ့အသက်နဲ့ လူမှုရေးဆိုပြီး အသက်မဲ့ ဆက်ဆံခြင်းတွေ ပတ်ဝန်းကျင်၌ မဲ့ရွဲ့ပြတဲ့ တီးတိုးဝေဖန်သံတွေ ရွှေရည်မတူလို့ ပယ်ချလိုက်တဲ့ ငါ့ခံစားချက်တွေ သူဌေးဖြစ် တွက်ချက်ပြတဲ့ နင့်သီအိုရီတွေ ဘာ…..တွေ…ညာတွေ…“—-” တွေပေါင်းများစွာ “ငါ” + “သူ” = ပြဿဒါးဆိုပြီး နင်စွပ်စွဲ ယတိပြတ် သူဖြတ်တောက်ခဲ့တော့….. အထီးကျန်ရက်တွေထဲ……….ငါ့အလွမ်း ည…..ညဆို ထမင်းလုံး တစ္ဆေခြောက်တယ်။ ။ စေပိုင်ထွဋ်(ပုသိမ်)


အမှောင်ခြင်္သေ့ကြီး ခုပ်အုပ်ထားတဲ့ ဘဝ မိုးမလင်းသေးလည်း သား မငိုဘူး…အမေ (ပစ္စုပ္ပန် တည့်တည့်ရှု အတိတ် စွန့်ပစ် အနာဂတ် လှမ်းမမျှော်နဲ့ အနေတတ်ရင် “လူအ” မမည်ဘူး အသေတတ်ရင် “ငရဲ” မကျဘူး) ဆိုတဲ့ သားကို အမေ ဆုံးမခဲ့တဲ့ စကား နားနဲ့ မှတ်ဉာဏ် ပဋ္ဌာန်းဆက်မိစေတယ်။ လျှောက်နေသရွေ့ အမှောင်မဆုံးသောလမ်း ခရီးတွင်ပါတယ်…အမေ အဲ့ဒီလမ်းမှာ အမေ့ဝိဉာဏ်ပူးကပ် တစ်ခါတရံ ကိုယ်ရောင် လင်းလက်ခဲ့ဖူး ကျေးဇူးတင်ပါတယ်…အမေ တစ်ခဏ ငါးသုံးဖို့ ပေးတာထက် တစ်ဘဝစာ ငါးဖမ်းနည်း သင်ပေးတာကိုပေါ့။ စိတ်ချပါ…အမေ ဖီးနစ်ငှက်တောင် မီးတောထဲက ရှင်သန်ခဲ့သေးတာ ချောက်နက်ထဲ သားကျလည်း ပြန်တက်လာခဲ့မယ် ပန်းပွင့်ဖို့ ရာသီမလိုဘူး ထင်ပါတယ် ။ ။ စေပိုင်ထွဋ်(ပုသိမ်)


အလိုက်သင့် ရေမျောကမ်းတင်ဘဝမှာ စုန်ရေ ဆန်ရေလည်း ကြုံခဲ့ဖူးတာပဲ ဒုက္ခိတကျွန်တော် မွေးရာပါ ခြေထောက်မဲ့ ခြေတစ်လှမ်းစလို့ ကမ္ဘာလည်း မပတ်ဖူးပါ… လိပ်ပြာတွေ ပန်းပွင့်ပေါ် အရေခွံပြောင်းသလို အန္တရာယ်ခေါ်သံအောက် လူတွေလည်း အသက်ရှူနည်း ကွာခြားတာချည်း… လူမမည်ဘဝတည်းက နေကွယ်ခဲ့ဖူးသူ လထွက်ဖော်ရတာကိုပဲ အရောင်မှိန်မှာ စိုးရိမ်မိ လောကဓံလား လောကဒဏ်လား မကြာခဏ စာလုံးပေါင်း မှားဖတ်သူ ဖျက်ရာ၊ ပြင်ရာများတဲ့ ဒဿနတွေထဲ ကျွန်တော့် ဦးနှောက်ဆဲလ်လည်း သေရုံမှလွဲ၍ ။ ။ စေပိုင်ထွဋ်(ပုသိမ်) (၂၀၁၂ မတ်လ၊ ပြုံးစရာမဂ္ဂဇင်း ဖူးသစ်ကဗျာမှ)