“စေတန်ဆရာဝန်”
သူဟာ…
ငွေညှစ်တဲ့ ခေတ်သစ်ပြန်ပေးသမား
ပိုက်ဆံတောင်းပက်စက် သွေးအေးလွန်းတယ်။
ကြေးရတက် လာရောက်ပင့်ရင်
သူ့အပြုံးက “ပစောက်” ဆန်ပြီး
ဆင်းရဲသား လာရောက်ပင့်ရင်
သူ့ပါးစပ် “ဂငယ်” ပြောင်းတယ်။
သူ့အပြောကတော့…
“ဆေးပညာဆိုတာ ပိုက်ဆံပုံပြီး ဝယ်ရတာမို့
အသုံးချရင် အမြတ်ပိုတင်ရတယ်” တဲ့
ဝိသမလောဘသား ကုန်သည်ကြီးပုံစံ
မိုက်တွင်းနက်လိုက်ပုံများ ငရဲထိခုတ်ဆင်း
လူ့သွေးစုပ်ဖုတ်ကောင်လို ကျင့်ကြံတယ်။
သူ့အဘိဓာန်က…
လူနာမှန်သမျှ ကြွားလုံးထုတ် လက်ချာရိုက်
အိုင်ကျူအမြင့်ဆုံးဟု ကြွေးကြော်လွန်းသူ
ခြောက်စား/ မြှောက်စား/ လှည့်စားတတ်သော ပြိတ္တာ
ဧရာမသူတောင်းစားလို့ ခေါ်နိုင်တယ်။
သူဟာ… အတ္တဝါဒီပိုင်ရှင် လူယုတ်မာဖြစ်သလို
ဆရာဝန် မဟုတ်သော ဆရာဝန်လည်းဖြစ်တယ်။
နှိုင်းယှဉ်ရရင်…
ချုံပုတ်အသေး တောအုပ်မြင်တဲ့ ပုရွက်ဆိတ်
ရေတစ်စက် ပင်လယ်ထင်တဲ့ ဆဲလ်
သူသက်ဆိုးရှည်နေတာ အကျနာဖို့ပဲဖြစ်တယ်။ ။
စေပိုင်ထွဋ်(ပုသိမ်)
11 comments
အတိသဌ္ဇနာဂရ
August 7, 2012 at 3:02 pm
အားလုံးတော့ မဟုတ်ပေမယ့် ကျနော်တို ့နှစ်အပါအဝင် တစ်နှစ်ကို ဆေးကျောင်းသား (၂၄၀၀)လောက်ခေါ်ထား
ပြီး ကျောင်းဆင်းလာသူတွေထဲမှာ တကယ်အရည်အချင်းရှိပြီး စာတတ်သူ ရာဂဏန်းမကျော်ပါခင်များ။
etone
August 7, 2012 at 4:41 pm
ဆေးကျောင်းတက်တဲ့ လူတွေထဲက .. စိတ်ကူး ဆန်းဆန်းလေးတွေ ….. ရေးကြည့်မယ်နော် ..လက်တွေ့မှာလည်း … အဲ့လိုတွေဖြစ်နေလို့ပါ … ။
1. ဆေးကုစားဖို ့မဟုတ်ပါဘူး ….. အဲ့ဒီဘွဲ့ပဲ လိုချင်လို့ပါဆိုသူတွေ ။
2. ဆေးကျောင်းတက်တာ ၊ ရယ်ဒီမိတ် အိမ်ထောင်ဖက်ရွေးဖို့အတွက်ပါ ဆိုသူတွေ ။
3.ယောက္ခမ အနှိမ်မခံရအောင် ဒီကျောင်းတက်ပါတယ်ဆိုသူတွေ ..
+ + + + + + + + +ဝါသနာတွေ ၊ စေတနာတွေ အစား …. ဆင်ခြေဆင်လက် ဆင်နားရွက်တွေနဲ့ ပေါ့…
ကျွန်မညီမဝမ်းကွဲ ဆေးကျောင်းလည်းပြီးလို့ ဟောက်စ်လည်း ဆင်းရော …… ယောကျာ်းယူချင်သွားရော ……. ။ ဒါနဲ့ပဲ … အိမ်က ပေးစားလိုက်ရပါတယ် …… ကလေးတစ်ယောက်တောင် ရနေပါပြီ ။ သူ့တို့သူငယ်ချင်းတွေ ဆေးကျောင်းတတ်တာ အထက်ပါ အချက်တွေ ကြောင့်ပါတဲ့ ……. ။ နယ်ကဆေးရုံတွေမှာ ဆေးလိုက်ကုချင်တာမဟုတ်ပါဘူးတဲ့လေ ……. ။ သမီးက ဆရာဝန်ဖြစ်နေပြီ .. အမေဖြစ်သူက … အပြင်ဆေးခန်းမှာ သွားပြရတုန်း .. အဟီးဟီး .. 😛 အဲ့လိုလေးတွေလည်း ရှိတတ်ပါ့ ….။
ပြေးတော့မယ် ..တော်ကြာ ဓါးကြိမ်းလာကြိမ်းနေလိမ့်မယ် ….. ယောကျာ်းဘက်က ဘတ်ဂရောင်း တောင့်တယ် ခွိခွိ …. ။ 😀
မောင်ပေ
August 9, 2012 at 9:01 am
အိတုန်ရဲ့ ညီမငယ်ဟာ မင်းသိင်္ခ ဝတ္ထုထဲကလို အရွယ်ရောက်လို့ သားတောင်းတဲ့ဝက်ပျိုမလေးတစ်ကောင်လိုပေါ့… ဟီဟိ
etone
August 13, 2012 at 2:36 pm
ကိုပေရေ … သူ့ဘာသာသူ …. အရွယ်ရောက်လို့ … အတောင်ပဲ ကျိုး ကျိုး .. အတောင်ပဲ စုံစုံပါ …. သူက … အိမ်ထောင်ပြု … ကလေးမွေးထားတော့ …. ညီမမှာ … နေရင်း ထိုင်ရင်း …. ကြီးတော်ကြီး ရာထူး တန်းရောက်သွားတဲ့ အပြင်… အစ်ကိုရော ညီမဝမ်းကွဲတွေရော အိမ်ထောင်ကျနေတဲ့အထဲ ….. ကိုယ်က ဂျိုကျိုးနားရွက်ပဲ့လို့ အပျိုကြီးဖြစ်နေရတယ်ဆိုပြီး … ငှက်ပျောတုံး စပွန်ဆာပေးမယ်ချည်းပြောနေကြတာ … နားကြားပြင်း ကပ်လွန်း လှပါတယ် ။ ဒီကြားထဲ … တူတွေ .. တူမတွေကပါ …. တီတီလေးက အပျိုကြီးပစိပစပ်များတယ်ချည်း နှိပ်ကွပ်နေကြတာ … မိအေး အကြိမ်ကြိမ်နာရတဲ့ အဖြစ် … ဟင့် …. 😥
စေပိုင်ထွဋ် (ပုသိမ်)
August 13, 2012 at 12:47 pm
ခေတ်ကိုက ဒီလို ဖန်တီးပေးသလို ဖြစ်နေတာကိုး
mocho
August 7, 2012 at 6:58 pm
မျက်စိက သျှမ်း ပုံများ….ခါင်းစဉ် ကို စေတနာ ဆရာဝန် ဆိုပြီး ဖတ်မိတယ်။ ကဗျာ အစအဆုံး ဖတ်ပြီးတော့ မဟုတ်သေး ပါဘူး ဆိုပြီး ပြန်ကြည့် မှ စေတန်ဆရာဝန် ကို အမှန်ဖတ်မိတော့တယ်။
လက်တောင်အတို အရှည်ရှိသေး တာ ပဲ နော..လူမှာလည်း လူအမျိုးမျိုး စိတ် အထွေထွေ ပေါ့….ဆရာဝန်ဆိုတာလဲ လူထဲက လူပဲဆိုတော့ …စေတနာ ဆရာဝန်တွေ ရှိ နိုင် သလို စေတန်ဆရာဝန်တွေ လည်း ရှိ နိုင် တာပဲ ပေါ့။
စေပိုင်ထွဋ် (ပုသိမ်)
August 13, 2012 at 12:48 pm
ဟုတ်ကဲ့….
ကဗျာခေါင်းစဉ်နဲ့ ကိုက်အောင်ပဲ ရေးသားထားတာပါ
ကြောင်ကြီး
August 8, 2012 at 11:18 am
စေတန်
ငွေသံ
ထွေကြံ
လေကန်
ရွှေညဏ်
ရေဆန်
ဖွေလျှံ
ဂွေမှန်..။
စေပိုင်ထွဋ် (ပုသိမ်)
August 13, 2012 at 12:49 pm
နှစ်လုံးအတွဲကဗျာနဲ့ ကနေတာလား
မွန်မွန်
August 8, 2012 at 11:49 pm
ကြေးရတက် လာရောက်ပင့်ရင်
သူ့အပြုံးက “ပစောက်” ဆန်ပြီး
ဆင်းရဲသား လာရောက်ပင့်ရင်
သူ့ပါးစပ် “ဂငယ်” ပြောင်းတယ်။
အိုး..အိုး… ဆေးရုံမှာ ကပ်ထားလိုက်ချင်တယ်…. ကောင်းလိုက်တဲ့ စာသား…
စေပိုင်ထွဋ် (ပုသိမ်)
August 13, 2012 at 12:58 pm
သရုပ်မှန်တွေ 😛