meengelayMarch 17, 20111min1005
မြန်မာပြည်ရောက်တုန်း အင်တာနက်သုံးကြည့်တဲ့ခါ ဘလော့တင်မရ၊ ဖွင့်မရ၊ gtalk gmail ဖွင့်မရတာတွေ များနေလို့ မိမိတက်သိနားလည်သလောက် လိုက်ရှာကြည့်ရာ အောက်ပါဆိုဒ်လေးတွေကို တွေ့ရှိခဲ့ပါတယ်။ အဲဒီဆိုဒ်လေးတွေကို ဖွင့်ကြည့်တဲ့ခါ တော်တော်လေး အဆင်ပြေတာ တွေ့ရပါတယ်။ ကော်နရှင်ကျတဲ့ချိန်တွေမှာ သုံးလို့ရတဲ့အတွက် အဲဒါတွေကို သုံးကြည့်ပြီး မြန်မာပြည်မှ ဒကာ၊ ဒကာမများ အသုံးပြုလွယ်ကူစေရန် ဦးဇင်းမျှဝေပေးလိုက်ပါတယ်။ ဦးဇင်းအကောင့်ထဲမှာမရှိတဲ့သူတွေကိုလည်း တစ်ဆင့်ချင်းစီ ပြန်လည်မျှဝေပေးကြပေါ့လေ။ အထူးသဖြင့် မြန်မာပြည်ကလူတွေကို မျှဝေပေးကြပါ။ ပထမဦးဆုံး gtalk ဝင်လို့ရတဲ့ ဆိုဒ်တွေကို အရင်ပြောပြပေးပါမယ်။ ၁။ http://www.ebuddy.com/#gtalk ကို Mozilla Firefox မှာ ရိုက်ထည့်လိုက်ပါ။ ပွင့်လာတဲ့အခါမှာ gtalk ပုံလေး တွေ့ပါလိမ့်မယ်။ အဲဒီပုံလေးနှိပ်ပြီး အကောင့်ဝင်လိုက်တာနဲ့ နောက်စာမျက်နှာတစ်ခုပေါ်လာပြီး ခဏနေရင် ပွင့်လာလိမ့်မယ်။ ၂။ နောက်တစ်ဆိုဒ်က […]