(၁) လိပ်ဆိုတဲ့ကောင်ဟာ သိပ်ပြီး အာချောင်တယ်တဲ့ အရင်ဆုံး ငါးစင်လုံးက ထပြောတယ်။ ဟုတ်ပါ့၊ တစ်နေ့တစ်နေ့ တွေ့ရာလူနား လိုက်ကပ် သူ့ခွင်ထဲဝင်တာနဲ့ 150 wps နှုန်း ပစ်ခတ်တော့တာပဲတဲ့ အနားက ဖားက ဝင်ထောက်ခံတယ်။ ဒါတင် ဘယ်ကမလဲဗျ သူပြောတာတွေကိုလည်း ကြည့်ကြဦး အန္တာတိကဒေသမှာ မြေဈေးဘယ်လောက် သက်သာတယ်ဆိုတာမျိုး ကမ္ဘာကြီး တဖြေးဖြေး ပူနွေးလာနေလို့ နေလုံးကြီးကို ဘယ်အရပ် ပို့ရမယ်ဆိုတာမျိုး သက်တံတွေကို ကွန်နဲ့ပစ်ဖမ်းပြီး ပန်းထုတ်လုပ်ရင် ဘယ်လို လှပမယ်ဆိုတာမျိုး သူ့အချိုးတွေ ရိုးနေပြီတဲ့ ပိုးနသန်ကောင်ကလည်း ဝင်လှောင်ပြန်တယ်။ နောက်တစ်ခါ ပုရွက်ဆိတ်ခေါင်းကြီးက ခေါင်းထောင်ပြီး ပြောတယ် လိပ်ဆိုတဲ့ကောင် ပါလေရာကြောင်ချေးတဲ့ တစ်ခါက ပုရွက်ဆိတ်တွေ အခွန်ကိစ္စ တိုင်ပင်နေကြတုန်း […]