စဆရ ႀကီးJuly 5, 20131min20714
“ငါ့မိန်းမပါဟ” ဒီလိုဆိုတော့လည်း မဟုတ်သေးဘူး။ လူပြောသူပြောများတဲ့ လူယဉ်ကျေးလို ပြောလိုက်ဦးမယ်။ “ငါ့ ချစ်ဇနီးလေးပါဟ” အဲလိုဆို ကောင်းမလိုတော့ ရှိသွားသည်။ စိတ်ထဲမှာ အားရသည့်အတိုင်းသာ ဆက်ပြောပါမည်။ ငါ့မိန်းမပါဟ ။ ********************************************************************** စိတ်ထဲ နည်းနည်းဖုသွားသည်။ ဖုသွားသည်ဆိုခြင်းထက် တော်တော်လေး ဖုသွားသည်ဟု ဆိုရမည်ပင်။ လွန်ခဲ့သော နှစ်ပေါင်း တော်တော်များများက ဖြစ်ပါ၏။ “မမ ကလှလိုက်တာ” “ဒီလိုလေး အမြဲနေပါနော်.. သိပ်ချစ်ဖို့ကောင်းတာပဲ” “အမြဲတမ်း လက်လေးနှစ်ချောင်းထောင်ထားတယ်နော်” “အပျိုကြီး တစ်ကယ်လုပ်တော့မှာလားဟင်” အစရှိသည့် ဖွဘုတ်ပေါ်မှ ကြူနည်း၊ ကြောင်နည်း၊ ကျပ်နည်း အစရှိသည့် ကကြီး ကျမ်းကျေနေသူများကို ကိုရင်ရှူံး ပိုးပန်းနေသည့် ကောင်မလေးပုံများတွင် တွေ့လိုက်သည့် တစ်ခဏ စိတ်ထဲမတော့ မကျေမချမ်း ကျုံးဝါးမိသည်။ “ဒါ.. ငါ့.. ကောင်မလေး… […]