cobraSeptember 2, 20111min50420
ကဲ…..ဒုတိယတစ်ယောက်အလှည့် သူ့အကြောင်းရေးဖို့သူ့ဆီကခွင့်ပြုချက်တောင်းတာသူကပထမတော့မပေးဘူး။ ကျွန်တော်လည်းချုပ်ကတာပေါ့။မင်းအကြောင်းကိုဥပမာပေးပြီးကျန်တဲ့လူငယ်တွေဆင်ခြင်အောင်လို့ပေါ့ မင်းလည်းကူညီရာရောက်တယ်ပေါ့လို့ပြောမှသူကလက်ခံတယ်။အေးရေးကွာတဲ့.. ဒါပေမယ့်နာမည်တော့ထည့်မရေးနဲ့တဲ့….(အေးလေသူလည်းရှက်မှာပေါ့။) သူကကျတော့တစ်မျိုးဗျ………. ကျွန်တော်တို့ကမူးရင်ကလပ်မှာသွားကချင်တယ်။သူကမဟုတ်ဘူး မူးရင်အောက်သွေးတက်တယ်(လိင်ဆက်ဆံလိုခြင်း)။ သူသွားတိုင်းလည်းကွန်ဒုံးသုံးပါတယ်။အဲကျွန်တော်တို့အဖွဲ ့ထဲမှာအသက်(၃၀)ဝန်းကျင် လောက်အကိုတစ်ယောက်ရှိတယ်။သူ့အကြောင်းလည်းဆက်ရေးပေးမှာပါသူ့ခွင့်ပြုချက်မရသေးလို့ပါ။ အဲဒီအကိုရဲ ့အတွေးတွေကလူငယ်တွေကိုလမ်းမှားရောက်စေတယ်။ သူ့ကြောင့်လည်းကျွန်တော့်သူငယ်ချင်းစိတ်ရူးပေါက်ပြီးမလုပ်သင့်တာလုပ်လိုက်တာပေါ့။ ကျွန်တော့်သူငယ်ချင်းလို့ပြောပင်မယ့်သူ့အသက်က(၂၅)ပါကျွန်တော့်ထက်ကြီးတယ်။ အဲ…ခုနကပြောခဲ့သလိုပေါ့ သူသွားပြီးစိတ်ဖြေတိုင်းကွန်ဒုံးသုံးတယ်။ဒါပေမယ့်တစ်ညကျတော့ သူသွားတယ်….. ပြီးတော့ကွန်ဒုံးသုံးပြီးအမြဲနေနေရတာများနေပြီတဲ့ ဒီတစ်ခါတော့မသုံးပဲနေရင်ဘယ်လိုအရသာလည်းဆိုတာသိချင်တယ်ဆိုပြီး သူကွန်ဒုံးမသုံးလိုက်ပါဘူး။ မှတ်ထားကြပါ…..။ ဒါလုံးဝမလုပ်သင့်တဲ့အချက်ပါလုံးဝကိုမလုပ်သင့်ပါဘူး။ မစမ်းသပ်သင့်တဲ့အလုပ်လို့လည်းမပြောလိုပါဘူး။ကိုယ့်အိမ်ထာင်ဘက်ဆိုရင်တစ်မျိုးပေါ့။ အခုဟာပြည့်တန်ဆာလေ…..သူသုံးနေကျပြည့်တန်ဆာမလေးပေါ့….။ သူအခုတော့လန့်နေပြီလေ….။ ကျွန်တော်တို့တစ်ဖွဲ ့လုံးမှာတူတာတစ်ခုကတော့ဘယ်သွားသွား အိတ်ထဲမှာတော့ကွန်ဒုံးအမြဲဆောင်တယ်ဒါကရှက်ရမယ့်ဟာမှမဟုတ်တာပြီးတော့ အကုန်အသက်ပြည့်ပြီးသား။စာဖတ်ပရိသတ်ကြီးလဲအိမ်ထောင်ရှိရှိမရှိရှိအပြင်သွားရင်အမြဲဆောင်ထားပါ။ အိမ်ထောင်ရှင်မမများကလည်းကိုယ့်အိမ်ထောင်ဘက်ကိုနားလည်ပေးကြပါ။ ဆောင်ထားခိုင်းပါ။ဘာလို့လဲဆိုတော့ သူတို့ကယောက်ျားတွေလေယောက်ျားတွေဖြစ်နေလို့ပေါ့။ မိန်းကလေးတွေရဲ ့အထိအတွေ ့ကိုဘယ်ယောက်ျားမှကြာရှည်တောင့်ခံနိုင်စွမ်းမရှိသလို ယောက်ျားလေးတွေရဲ ့အထိအတွေ ့ကိုလည်းဘယ်မိန်ကလေးမှတောင့်မခံနိုင်ပါဘူး။ ကိုယ်ချင်းစာပေးကြပါ…။ ယောက်ျားလေးဆိုတာကြီးကြီးငယ်ငယ်သူငယ်ချင်းတွေနဲ ့တွေ ့ရင်အပျော်အပါးဘက်ကိုရောက်ကြတာများပါတယ်။ သောက်မယ်စားမယ။်ပြီးရင်မူးကြမယ်။မူးပြီးရင်မှားကြမယ်။ဒါကြောင့်အိတ်ထဲမှာကွန်ဒုံးအသင့်ရှိနေတော့ အန္တရာယ်မဖြစ်နိုင်တော့ဘူးပေါ့။ကိုယ့်ယောက်ျားကိုမယုံရင်ကွန်ဒုံးမှာEXP date ပါတယ်မှတ်ထားပေါ့ ဒါမှသူလဲယူလာလို့မရမှာ။ ဒီလိုမှမမှတ်ထားရင်ညဘက်တုန်းကသုံးပြီးမနက်မှအသစ်ဝယ်လာလိမ့်မယ်။ ကဲကိုကိုများကဆောင်ထားကြပါ။မမများကနားလည်ပေးကြပါ။ ခုလိုမိုးရာသီမှာဆိုပိုတောင်အသုံးဝင်သေးတယ်။ ဘာလို့ဆို ဟန်းဖုန်းလေးတွေကိုင်ပြီးမိုးရွာတဲ့အခါမှာဒုက္ခရောက်ကြပါတယ်။ ဒါ့ကြောင့်ကွန်ဒုံးကိုဟန်းဖုန်းရဲ ့အိတ်အဖြစ်လည်းအသုံးပြုနိုင်ပါတယ်ရေမစိုတော့ဘူးပေါ့….။ […]