kaiAugust 29, 20101min771
၁၀-၄-၂၀၁ဝ ဗုဒ္ဓဂယာ အဖိုးတန်တဲ့ မိုးယံရွှေလမင်းနှင့်မြတ်ဆုကုဋေထီဆိုင် သူဌေး ဦးမျိုုးညွန်+ဒေါ်တင်တင်မြင့်တို့မှ ထီအရောင်းကိုယ်စားလှယ်တော်ကြီးများ အား ဗုဒ္ဓဂယာသို့ ဘုရားဖူးရန်(၁၅)ရက် ခရီးစဉ်ကို တတိယအသုတ်အဖြစ် (၁၀)ဦးကို အခမဲ့စားရိတ်ငြိမ်းဒါနပြုလိုက်ပါသည်။ နံနက်(၆)နာရီ လေဆိပ်ဆင်းတယ်။ နံနက်(၇)နာရီလေဆိပ်ရောက်တယ်။ နံနက်(၁၀)နာရီမှ ရန်ကုန်လေဆိပ်မှ ထွက်ရပါတယ်။နံနက်(၉)နာရီထွက်မဲ့လေယာဉ်ဟာ နံနက်(၁၀)နာရီမှထွက်ခဲ့ကြရပါတယ်။ ရန်ကုန်လေဆိပ်မှာ စစ်ဆေး၍ကြာနေပါတယ်။ နေ့ (၁၂း၂၀)နာရီမှာ ဗုဒ္ဓဂယာကို ရောက်တယ်။ရာသီဥတုကလဲ ပူလိုက်တာကွယ်။ ဗုဒ္ဓဂယာ လေဆိပ်ကလဲ စစ်ဆေးတာကြာနေပြန်ပါတယ်။ ကမ္ဘာကြီးက ရွာကြီးဖြစ်အောင် တိုးတက်နေ တဲ့(IT)ခေတ်မှာ မြန်မာလေဆိပ်နဲ့ ဂယာလေဆိပ်တို့က စစ်ဆေးရေးဂိတ်တွေ တိုးတက်မူများ နှေးကွေးနေသေးတယ် ထင်ပါတယ်။ နံနက်စာထမင်းကို နေ့လည်(၂း၃၀)နာရီမှ စားကြရပါတယ်။ထမင်းစားကြပြီး ဘုရားဖူးကြ တယ်။ည(၇)နာရီမှာ ဘုရားဖူးပြီးပါတယ်။ ညစာကိုည(ရး၃၀)နာရီ စားကြတယ်။ မိတ်ဆွေ ဘလော့ဂါ ရှင်မော်ဒန်( ဓမ္မဂင်္ဂါ)ထံကို ဖုန်းဆက်ချိန်းတယ်။ မနက်ဖြန် […]