ashinthusittaDecember 25, 20111min1283
မြတ်စွာဘုရားက ရဟန်းတို့အား “ငါဘုရား ပရိနိဗ္ဗာန်ပြုပြီးသောအခါ ငါဘုရား ဟောကြားပညတ်တော် မူထားသော `ဓမ္မ-ဝိနယ´ တို့သည် သင်ချစ်သားတို့၏ ဆရာဖြစ်ပေလိမ့်မည်´´ -ဟု ပရိနိဗ္ဗာန်ပြုခါနီးချိန်၌ မိန့်မှာခဲ့သော စကားအရ `ဓမ္မ-ဝိနယ´ သည် ဘုရား`ရှင်၏ကိုယ်စား ဆရာအဖြစ် ကျန်ခဲ့ပေသည်။ ထို့ကြောင့် ဘုရားရှင်၏ တပည့်ရဟန်းတော်တို့သည် ဘုရားရှင်၏ ကိုယ်စားဆရာဖြစ်သည့် ဓမ္မ ဝိနယ ကို မပျောက်မပျက် အစဉ်တည်ရှိနေစေရန်အတွက် ဖြစ်ပေါ်လာသော အကြောင်းတရား အခြေအနေများအရ၊ ရဟန်းသံဃာ အဆက်ဆက်တို့က ယခု ကာလတိုင်အောင် လုံ့လကြီးစွာဖြင့် ကြိုးစားအားထုတ်၍ သင်္ဂါယနာတင်ပွဲကြီး များကျင်းပပြုလုပ်ပြီး၊ ထိန်းသိမ်းစောင့်ရှောက်လာခဲ့ကြပေသည်။ ပထမသင်္ဂါယနာ။ ။ အရှင်မဟာကဿပသည် ဘုရားရှင် ပရီနိဗ္ဗာန်စံဝင်ချိန်မှာ ပါဝါပြည်မှ ကုသိနာရုံပြည်သို့ ကြွလာနေစဉ် လမ်းအကြား၌(ဘုရားရှင် ပရိနိဗ္ဗာန်ပြုရာ ကုသိနာရုံပြည်မှာလာသော) သုဘဒ္ဒ အမည်ရှိ […]


ashinthusittaDecember 23, 20111min711
လူတို့သည် များသေားအားဖြင့် နှိမ့်ချခြင်း နှင့် ဆန့်ကျင်ဘက်ဖြစ်သည့် မာန်မာနထောင်လွှားမှု ရှိသော သတ္တဝါများ ဖြစ်ကြသည်။ စိတ်မာန်ကို မနှိမ့်ချခြင်းသည် လူတို့အဖို့ သဘာဝဖြစ်နေပုံပေါ်သည်။ လူတို့သည် သဘာဝအားဖြင့် မိမိတို့၏ အမျိုးမြတ်သည့် မိသားစုများ ဆွေမျိုးများ ကိုယ်ခန္ဓာ ဥပဓိ ရုပ်သွင် အဆင့်မြင့်ပညာရေးကို ရရှိခြင်း ကြီးမားသည့် စည်းစိမ်ဥစ္စာများ အခြားသော အခွင့်သာမှုများ၌ ဂုဏ်ယူဝင့်ကြွား ထောင်လွှားတတ်ကြသည်။ ဘဝဆိုင်ရာ ရုပ်ဝတ္ထုပစ္စည်းများ၌ မိမိတို့၏ အောင်မြင်မှုမှာ ဂုဏ်ယူ ဝင့်ကြွား ထောင်လွှားခြင်းသည် သူတို့၏သဘာဝဖြစ်၏။ သူတို့သည် မိမိတို့၏ မိသားစု အမျိုးအနွယ် စည်းစိမ်ဥစ္စာ လူမှုအဆင့်အတန်း ရာထူး အခြားသော ရုပ်ဝတ္ထုပစ္စည်းဆိုင်ရာ အကျိုးကျေးဇူးများ၌ ဘဝင်မြင့် မာန်ထောင်လွှားကြသည်ဖြစ်၍၊ ဘဝဆိုင်ရာ ကောင်းမွန်သည့် အရာများ၌ မိမိတို့လောက် အလွန်ကံမကောင်းကြသော […]