ဆူးOctober 20, 20101min1697
အင်ဒိုနီးရှားနိုင်ငံမှ ဗုဒ္ဓဘားဆန့် ကျင်ရေးစည်းရုံးလှုံ့ ဆော်ရေးအဖွဲ့၏ အကြိမ်ကြိမ် တိုင်တန်း လျှောက်ထား ပန်ကြားခဲ့မှုများကြောင့် အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာ ဒိစတြိတ်၊ ဗဟိုတရားရုံးက မြို့တော်မှ ဗုဒ္ဓဘားအမည်ရှိ အရက်ဘားကလပ် ဆိုင်ကိုပိတ်ပစ်စေရန် အမိန့်ချမှတ်ခဲ့ ပါတယ်… “ထိုဘားကို စီမံခန့်ခွဲ အုပ်ချူပ်နေသူများဟာ ဗုဒ္ဓမြတ်စွာ၏ အထိမ်းအမှတ် အသွင်အပြင် လက္ခဏာများနှင့် အဆောင်အယောင် ပုံသဏ္ဍာန်များကို သုံးစွဲနေကြောင်း ပြစ်မှုထင်ရှားသဖြင့် ယခုဖွင့်လှစ် ရောင်းချနေသည့် အရက်ဘားကို အလျင်အမြန် ပိတ်ပစ်ရမည်ဖြစ်ကြောင်း” ထိုအမှုကို ကြားနာခဲ့သည့် တရားသူကြီးအဖွဲ့ ခေါင်းဆောင် ဂျီဝိုဆန်တိုဆိုက ပြောကြားခဲ့သည်ဟု အန်တာရာသတင်းဌာနမှ ဖော်ပြခဲ့ ပါတယ်… ဗုဒ္ဓဘားရဲ ့အသွင်အပြင်၊ အခင်းအကျင်း… အဆိုပါအရက်ဘားကိုစီမံခန့်ခွဲသည့် ကုမ္ပဏီဖြစ်သည့် ပီတီနီရီတာဗစ်စတာ ခရီအေးတစ် ကုမ္ပဏီ၊ ဂျကာတာ ခရီးသွားလုပ်ငန်းအေဂျင်စီနှင့်၊ ဂျကာတာမြို့တော် အုပ်ချူပ်ရေးမှူး […]