လင်းဝေNovember 11, 20111min13414
မြန်မာပြည်မှာ အင်တာနက်က ပိတ်ထားတဲ့ ဆန့်ကျင်ဘက်အဖွဲ့အစည်းတွေရဲ့ဆိုက်တွေ( ဒီအစိုးရဘက်က လူတွေ အသုံးအနှုန်းပါ )ကို ဖွင့်ပေးလိုက်လို့ လွပ်လပ်စွာ ကြည့်ခွင့်ရနေကြပြီး ဆိုပြီး ပျော်နေမိပါတယ်။ တစ်ခါ ဆက်ကြောင်း ကျလို့ ဘာဖြစ်လို့ ညာဖြစ်လို့ နဲ့ အင်တာနက် မြန်နှုန်းတွေ ကျသွားတာလည်း ကြုံရပါသေးတယ်။ ဘာတွေလုပ်နေလို့ မြန်နှုန်းကျတာပါလိမ့်လို့ တွေးတော့ တွေးမိပါသေးတယ်။ ပိတ်ထားတာတွေ ဘာဖြစ်လို့ ဖွင့်ပါလိမ့်လည်း စဉ်းစားမိတော့ ဂျီမေးလ် စကာဝှက်တွေ ကို သိချင်ရင် ဖော်နိုင်တဲ့ ဆော့ဖ်ဝဲက စလို့ ဘယ်သူ ဘယ်မှာ ဘယ် IP နဲ့ သုံးတာ ဘယ်ကောင် အထိ သိချင်ရင် သိလို့ရနိုင်နေတဲ့ ဒီခေတ်ကြီးထဲမှာ အဲဒီနည်းပညာတွေ တတ်ထားပြီးမှ ဖွင့်ပေးမှာပေါ့နော။ ဖြစ်ချင်တော့ အခုရက်ပိုင်း ရာသီဥတုအေးလာလို့ […]