မြန်မာပြည်က အင်တာနက်ဆင်ဆာဟာ အမေရိကန် နည်းပညာပါတဲ့

လင်းဝေNovember 11, 20111min13014

မြန်မာပြည်မှာ အင်တာနက်က ပိတ်ထားတဲ့ ဆန့်ကျင်ဘက်အဖွဲ့အစည်းတွေရဲ့ဆိုက်တွေ( ဒီအစိုးရဘက်က လူတွေ အသုံးအနှုန်းပါ )ကို ဖွင့်ပေးလိုက်လို့ လွပ်လပ်စွာ ကြည့်ခွင့်ရနေကြပြီး ဆိုပြီး ပျော်နေမိပါတယ်။
တစ်ခါ ဆက်ကြောင်း ကျလို့ ဘာဖြစ်လို့ ညာဖြစ်လို့ နဲ့ အင်တာနက် မြန်နှုန်းတွေ ကျသွားတာလည်း ကြုံရပါသေးတယ်။ ဘာတွေလုပ်နေလို့ မြန်နှုန်းကျတာပါလိမ့်လို့ တွေးတော့ တွေးမိပါသေးတယ်။
ပိတ်ထားတာတွေ ဘာဖြစ်လို့ ဖွင့်ပါလိမ့်လည်း စဉ်းစားမိတော့ ဂျီမေးလ် စကာဝှက်တွေ ကို သိချင်ရင် ဖော်နိုင်တဲ့ ဆော့ဖ်ဝဲက စလို့ ဘယ်သူ ဘယ်မှာ ဘယ် IP နဲ့ သုံးတာ ဘယ်ကောင် အထိ သိချင်ရင် သိလို့ရနိုင်နေတဲ့ ဒီခေတ်ကြီးထဲမှာ အဲဒီနည်းပညာတွေ တတ်ထားပြီးမှ ဖွင့်ပေးမှာပေါ့နော။

ဖြစ်ချင်တော့ အခုရက်ပိုင်း ရာသီဥတုအေးလာလို့ ရန်ကုန် အပူချိန်ဘယ်လောက်ပြသလဲသိချင်တာနဲ့ တစ်နေ့က ကိုယ့်ဖုန်းထဲမှာ ထည့်ထားတဲ့ ရာသီဥတုနှင့် သတင်း ဆိုက်လေးကို Wi-Fi နဲ့ဖွင့်ကြည့်လိုက်တော့ Location ရှာမရပါဘူးတဲ့။ ဘယ်လိုဖြစ်တာလဲပေါ့။ အရင်ဆိုရင် တန်းကနဲ Yangon, 34C, Partly Cloudy ဘာညာ ပေါ်လာနေကျဟာကိုဆိုပြီး သိပ်ဘဝင်မကျဖြစ်မိတယ်။ အဲဒါနဲ့ ဂူးဂဲလ် မြေပုံကို ဖွင့်ပြီး တည်နေရာ ပြန်ရှာတော့ အားလားးး ကိုယ့်ကို ပြနေတာက ဘယ်နေရာမှန်းမသိဘူး။ အဲဒါနဲ့ ဘယ်နားရောက်နေမှန်းမသိလို့ ချုံ့ကြည့်တော့မှ… ကိုယ်က အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားမှာ အဝေပြေးလမ်းမကြီးလို ဟာတစ်ခုဘေး အဝေးပြေးလမ်းမကြီးအမှတ်က ၁၅တဲ့။ San Marcos နဲ့ Escondido ဆိုတဲ့နေရာတွေနားမှာ ပေါ်နေပြီးတော့ cannot determine your location ဆိုပြီး ပြန်ပျောက်သွားပါလေရော။ ဘာဖြစ်တာပါလိမ့်လို့ တွေးမိတယ်။ အရင်က မြန်မာ အင်တာနက်ကို ဟောင်ကောင်ဘက်က ယူသုံးတယ်ပဲ ကြားဖူးပါတယ်။ အခု ဘာဖြစ်လို့ အမေရိက ကိုရောက်နေတာပါလိမ့်လို့ တွေးမိရင်း လူတောင်လည်သွားတယ်။

ဒီနေ့မှ ဇာတ်ရည်လည်သွားတာကတော့ တခြားအကြောင်းအရာတစ်ခုကို ဖတ်ရင်း လင့်ခ်တစ်ခုလိုက်ဖွင့်လိုက်တော့ ပေါ်လာတာက အာအက်ဖ်အေ ဆိုက်ပါ။ အဲဒီမှာ ရေးထားတာကို အောက်ပါအတိုင်းသာ ဖတ်ကြပါတော့။

မြန်မာနဲ့ ဆီးရီးယား အစိုးရတွေဟာ ပြည်သူတွေရဲ့ အင်တာနက် အသုံးပြုမှုကို ထိန်းချုပ်တဲ့ ဆင်ဆာ ပိတ်ပင်ရေး လုပ်ငန်းတွေမှာ အမေရိကန် နည်းပညာတွေ သုံးစွဲနေတာ အခိုင်အမာ တွေ့ရှိရကြောင်း သုတေသန အစီရင်ခံစာသစ် တစောင်က ဖော်ပြလိုက်ပါတယ်။

Photo: RFA

ရန်ကုန်မြို့က အင်တာနက် ကဖေးဆိုင်တဆိုင်မှာ အင်တာသုံးစွဲသူများ ပြည့်နက်နေချိန် မြင်ကွင်း။

ကနေဒါနိုင်ငံ တိုရွန်တို တက္ကသိုလ် အင်တာနက် သုတေသနဌာန Citizen Lab က ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာသစ် အရ ဆီရီးယားနဲ့ မြန်မာ အစိုးရတွေဟာ အမေရိကန် ပြည်ထောင်စု ကာလီဖိုးနီးယား ပြည်နယ် အခြေစိုက် Blue Coat ကုမ္ပဏီရဲ့ နည်းပညာတွေ သုံးစွဲနေကြောင်း အထင်အရှား တွေ့ရှိရတယ်လို့ ဆိုပါတယ်။

Blue Coat ကုမ္ပဏီ ကတော့ မြန်မာ အစိုးရက Blue Coat ရဲ့နည်းပညာတွေ အသုံးပြုနေတယ် ဆိုတဲ့ တွေ့ရှိချက်ဟာ အခု ပထမဆုံးအကြိမ် ဖြစ်ကြောင်း၊ ကုမ္ပဏီ အနေနဲ့ မိမိတို့ နည်းပညာတွေကို အမေရိကန် အစိုးရက ပိတ်ဆို့ ဒဏ်ခတ်ထားတဲ့ နိုင်ငံတွေက အသုံးပြုတာ မလိုလားကြောင်း၊ ဒီအတွက် စတင် စုံစမ်း စစ်ဆေးနေပြီ ဖြစ်ကြောင်း ကုမ္ပဏီရဲ့ ပြောခွင့်ရပုဂ္ဂိုလ် Steve Schick က ပြောပါတယ်။

မြန်မာနဲ့ ဆီးရီးယား နိုင်ငံတွေဟာ လူ့အခွင့်အရေး ဆိုးဆိုးဝါးဝါး ချိုးဖောက်တဲ့ အတွက် အမေရိကန် အစိုးရရဲ့ စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ် အရေးယူခံထားရတဲ့ နိုင်ငံတွေ ဖြစ်ပါတယ်။

ကဲ ကိုယ်လို ကြုံတဲ့သူတွေရှိရင်လည်း ပြောပြကြပါဦး။

14 comments

  • ပေါက်ဖော်

    November 11, 2011 at 4:03 pm

    အနော်တော့ ယုံဝူး..ဗျာ..
    US IP နဲ ့သုံးရဖို ့..နောင်ဘုရား မီပါ့မလားလို ့တောင် တွေးမိထားတာချည်းကို..
    အွင့်..
    🙄

  • etone

    November 11, 2011 at 4:48 pm

    ရေချိန်ကိုက်နေတာလား ၊ ပုံလာပြောနေတာလား ဦးလေး 😆

  • လင်းဝေကျော်

    November 11, 2011 at 5:17 pm

    အာ ဒွတ်ခပဲ အိတုံ ( နာမည်ပြောင်းပေးလိုက်တယ်နော် )။
    တကယ်ပြောတာပါဆိုနေ။
    အဲဒီနေ့က နေ့လည်ဖက်ကြီး။
    ဒီလူနဲ့ ဒီလူ ပြောမယုံဘူး ဆိုတော့ ဘာပြောရမယ်မှန်းတောင်မသိတော့ဘူး။
    ကိုယ်တိုင်တောင် ကြောင်သွားပါတယ်ဆို။

  • ပေါက်ဖော်

    November 11, 2011 at 5:46 pm

    US IP နဲ ့ဒိုးရတာ..ဒွတ်ခဖစ်ချရလား..လို ့..
    အွင့်..

  • windtalker

    November 11, 2011 at 6:02 pm

    မည်သို ့မည်ပုံ ပြောရမှန်း မသိအောင်ပင်ပါ ကိုလင်းရေ

  • လင်းငယ်

    November 11, 2011 at 6:14 pm

    ဒီနည်းပညာနဲ့ ပက်သက်တဲ့ အချက်အလက်တွေကို ဆက်ပြီးတော့ ဝေမျှပါဦး။ စိတ်ဝင်စားပါတယ်။ ဒါမှ ကျွန်တော်တို့ သုံးနေရတဲ့ အင်တာနက်က ဘယ် အရင်းအမြစ်ကနေ လာသလဲ ဆိုတာကိုပေါ့။

  • naywoonni

    November 11, 2011 at 10:07 pm

    ခုတော့ IP က Myanmar [burma] (203.81.67.181) လို့ ပြနေတာပဲ…။ ဒါပေမဲ့ဟေ့ ဝက်ခြံတွေ ကျော်လို့မရဘူး…။ Firefox can’t establish a connection to the server at open-browser.com. လို့ချည့်ပြနေတယ်…။ ဒီနေ့တော့ ညီမလေးတွေ ပုံ မမြင်ရတော့ပါဘူး စိတ်ညစ်လိုက်တာ…………။

  • kai

    November 12, 2011 at 4:13 am

    http://www.bluecoat.com/
    အဲဒီဘလူးကုတ်ပရော့စီကို မြန်မာပြည်က သုံးနေတာကြာပါပြီ..။
    ဒါနဲ့.. စကားမစပ်..
    အင်တာနက်ဆိုတာကြီးကိုက.. အမေရိက နည်းပညာစစ်စစ်ကြီးပါ…။
    အဲ.. ကွန်ပျူတာဆိုတာကြီးလည်း.. အမေရိက နည်းပညာစစ်စစ်ကြီးပါပဲ..။ 🙂

    IP Address အိုင်ပီလိပ်စာဆိုတာက.. နိုင်ငံအလိုက် ချပေးထားတာပါ..။
    http://www.nirsoft.net/countryip/
    နေရာခွဲသိစေဖို့.. ကန့်သတ်သတ်မှတ်ပေးထားတဲ့ နံပါတ်တွေဖြစ်ပါတယ်..။
    အဲဒါက ဖုံးနံပါတ်တွေလိုပဲ..။ မြန်မာပြည်ဖုံးနံပါတ် တခြားသွားသုံးလို့ မရသလိုပေါ့..။

    Major IP Address Blocks For Myanmar

    From IP To IP Total IPs Assign Date Owner
    203.81.64.0 203.81.95.255 8192 26/04/2000
    203.81.160.0 203.81.175.255 4096 30/10/2002

    ယူအက်စ်အိုင်ပီလိပ်စာ မြန်မာပြည်သွားပေါ်တဲ့ အဓိပ္ပါယ်က.. ယူအက်စ်ဆာဗာကို ပရော့စီ(ကြားခံ) သုံးလိုက်လို့ပါပဲ..။
    ဥပမာ.. ကျုပ်က ဒီဝက်ဆိုက်ဆာဗာကို ပရော့စီသုံးဖို့ဖွင့်ပေးလိုက်မယ်ဆို.. မြန်မာပြည်ကနေ.. ဒီကိုလာသုံးနေသူတွေ.. တခြားဝက်ဘ်ဆိုက်သွားကြည့်ရင်.. အဲဒီဆိုင်ရာ ဝက်ဘ်ဆိုက်တွေရဲ့ မှာ.. ယူအက်စ်အိုင်ပီ (ဒီဆာဗာအိုင်ပီလိပ်စာ) ပေါ်နေမှာပါ..။
    ဘာမှ ထူးထူးခြားခြား မဟုတ်ဖူး ထင်ပါကြောင်း..။ 😆

    • etone

      November 12, 2011 at 10:39 am

      ဘားလမ်းထဲက Net Sky မှာ ဝင်သုံးတာ Ip က သဂျီးနေတဲ့ တာဝတိ ံသာ ဖြစ်နေလို့ ဖေ့စ်ဘွခ်ဝင်မရခဲ့ဘူး …. ။ အဲ့ဒါလေးတော့ တစ်ခါ မှတ်မှတ်ရရကြုံဖူးတယ် …

  • ရွှေအိမ်စည်

    November 12, 2011 at 10:59 am

    ဆိုးတယ်..ဆိုးတယ်…

    ထွက်နေတဲ ့ဒေါ်သတောင်..ကိုယ့်သာသာဘာလုပ်ရမှန်းမသိတော့ဘူး…
    03.11.2011နေ ့ထဲ ကပျက်နေတာနှောင့်နှေးနေတဲ ့လိုင်းထဲ ADSLပါတော့
    GSMနဲ ့သုံးတော့လိုင်းသုံးတာများလို ့…ပိတ်လိုက်တယ်…ဆိုဘဲ
    ဖုံးဆက်မေးတော့01515250နဲ ့
    01211884ကသူ ့လွှဲ ကိုယ့်လွှဲနဲ ့……..
    အံရော…စကားမထပ်အောင်..အင်တာနက်ဆိုတာဘာမှန်းမသိအောင်..ရှင်းပြကြတယ်ဗျာ..
    မှတ်သားလောက်တဲ ့..အင်တာနက်ရုံးကအမတွေဗျား

    ရုံးမှာအမတို ့တနေ ့ကုန်ဘာထိုင်လုပ်နေတာလည်းမေးလိုက်တယ်….
    …….
    ကျနော့်ကိုဖုန်းဆောင့်ချသွားတယ်..

    ……11.11.2011 မနေ ့ညကတည်းကGSMလိုင်းပြန်ရလို ့…
    တမိနစ်4ကျပ်လည်းပေးရသေးတယ်…

    မြန်မာ ့နည်းပညာတဲ ့လားဗျား…..စိတ်နာနာနြ ့ကောမက်ရေးမိပါတယ်..ကျနော်လည်းတိုနေတာ…
    ရေးလိုက်တော့..နဲနဲပေါ့..
    ဟီးးးးးးးးးးးးးး

  • “ဘီလူးကြီး”ogre

    November 12, 2011 at 12:27 pm

    ဘာတွေကြောနေကြတာလဲဂျ
    ကျုပ် ကတော့ IP ဆိုတာကို
    အိုင်ထဲမှာ ပီပီ မှုတ်တာလောက်သိတာကလား
    ဖြစ်ခြင်ရာဖြစ် မန်ဂေးဇက်ဖွင့်လို့ရရင် ကြေနပ်တယ်ဗျာ…
    ဒါဗျဲ.. 😛

    • windtalker

      November 12, 2011 at 1:07 pm

      ဒတ်စ်ရိုက်
      ရဲဘော် ဘဲလူး
      ဆက်လုပ် ၊ ဟဲ့ပလုတ်

  • chityimhtoo

    November 12, 2011 at 3:48 pm

    မှားနေတယ်လို့ထင်ပါတယ်။ပရောက်စီကျော်သုံးလို့ us IP ပေါ်တာလို့ဘဲထင်ပါတယ်။

Leave a Reply