လူကေလးJanuary 17, 20131min41333
ဘယ်သူ့ကို ပိုချစ်သလဲ….. ဒီစာလေးကိုရေးတာ ဒါဟာ နှစ်ကြိမ်မြောက်ဖြစ်ပါတယ်။ ရွာထဲမှာ တင်တာကတော့ ပထမဦးဆုံးပါ။ အကြောင်းအရာတစ်ခုတည်းပဲကို ဒုတိယအကြိမ်မြောက် ပြန်ရေးရတာတော်တော် စိတ်ပျက်ရပါတယ်။ လက်လှမ်းမီတဲ့ Technician တွေကတော့ Word ကတစ်ခါတစ်လေမှာ ကြောင်တတ်တယ်ပြောပါတယ်။ ရေးပြီးသွားတဲ့ စာလေးတစ်စောင်ကတော့ ပျက်သွားပါပြီ။ တော်တော်စိတ်မကောင်းဖြစ်မိတဲ့အပြင် ငိုတောင်ငိုမိပါတယ်။ ငါ့ကျမှ ဖြစ်ရလေခြင်း ဆိုပြီး ရေးထားတဲ့ စာလေးကို အရမ်းကိုနှမြောမိပါတယ်။ ခုထပ်ပြီးရေး မယ့် အခုနကလေးတင် ရေးခဲ့တဲ့ အကြောင်းအရာဟာ အခုနကလောက် ကောင်းပါ့မလား။ မကောင်းနိုင်တော့ဘူးလား ။ ဘယ်လိုဖြစ်မလဲ သေချာမသိပေမယ့် ရေးလိုက်ပါဦးမယ်။ ဒီအကြောင်းအရာလေးကို ရေးဖို့အတွေးလေးထဲရောက်လာတာက ဦးလေးတစ်ယောက်ရဲ့ ကျေးဇူးကြောင့် ဆရာတော် အရှင် ဆေကိန္ဒရဲ့ ကလေးတရားမှာလုပ်တဲ့ သားသမီး နဲ့ မိဘကြားမှာ ရှိတဲ့အဖုအထစ် လေးတွေ ကို […]