black chawNovember 14, 20115min20421
ကျွန်တော် ဒီတစ်ခေါက် ခရီးသွားဘို့ ရည်ရွယ်တာက ပုဂံ နဲ့ ပုပ္ပါးကို ဖြစ်ပါတယ်။ ကျွန်တော် တို့ စုံတွဲရယ် တူလေးနဲ့ တူမလေး တို့ လေးယောက် သွားဘို့တစ်လလောက်ကတည်းက ကြို စီစဉ်ထားခဲ့တာပါ။ ဒါပေမယ့် သွားမယ့် အကြိုညကျမှ မန္တလေးမှာနေတဲ့ ယောက်ဖတော် တစ်ယောက်က စဉ့်ကိုင်မှာ ဘုရားတည်နေတဲ့ ဦးဇင်းလေးတစ်ပါးကို ယောက်ခမကြီးတွေ ဖူးစေချင်ပါတယ်လို့ ဆိုလာပါတယ်။ နေပြည်တော်မှာ နေတဲ့ ယောက်ဖတော်ကလည်း စွယ်တော် ဖူးရင်းနေပြည်တော် မှာ တစ်ည အိပ်စေချင်ပါတယ်တဲ့။ ယောက်ခမကြီးတွေကလည်း နေကောင်းလာတဲ့ အချိန်ဆိုတော့ ကျွန်တော်တို့နဲ့ လိုက်ခဲ့မယ် ဖြစ်ပါရော။ အဲဒါနဲ့ဘလက် ၏ ပုဂံသွားတောလား အထမမြောက်တော့ပဲ နေပြည်တော်၊ မန္တလေးသွားတောလား ပြောင်းသွားခဲ့ပါတော့တယ်။ မှန်တာပြောရရင် ဒီတစ်ခေါက် ကျွန်တော်ခရီးသွားရတာ ဘယ်လိုမှ […]