ရန်ကုန်သား အငှားလွမ်းတဲ့ မန်း တက္ကသိုလ်။

black chawNovember 14, 20115min20321

ကျွန်တော် ဒီတစ်ခေါက် ခရီးသွားဘို့ ရည်ရွယ်တာက ပုဂံ နဲ့ ပုပ္ပါးကို ဖြစ်ပါတယ်။ ကျွန်တော် တို့ စုံတွဲရယ် တူလေးနဲ့ တူမလေး တို့ လေးယောက် သွားဘို့တစ်လလောက်ကတည်းက ကြို စီစဉ်ထားခဲ့တာပါ။

ဒါပေမယ့် သွားမယ့် အကြိုညကျမှ မန္တလေးမှာနေတဲ့ ယောက်ဖတော် တစ်ယောက်က စဉ့်ကိုင်မှာ ဘုရားတည်နေတဲ့ ဦးဇင်းလေးတစ်ပါးကို ယောက်ခမကြီးတွေ ဖူးစေချင်ပါတယ်လို့ ဆိုလာပါတယ်။ နေပြည်တော်မှာ နေတဲ့ ယောက်ဖတော်ကလည်း စွယ်တော် ဖူးရင်းနေပြည်တော် မှာ တစ်ည အိပ်စေချင်ပါတယ်တဲ့။ ယောက်ခမကြီးတွေကလည်း နေကောင်းလာတဲ့ အချိန်ဆိုတော့ ကျွန်တော်တို့နဲ့ လိုက်ခဲ့မယ် ဖြစ်ပါရော။ အဲဒါနဲ့ဘလက် ၏ ပုဂံသွားတောလား အထမမြောက်တော့ပဲ နေပြည်တော်၊ မန္တလေးသွားတောလား ပြောင်းသွားခဲ့ပါတော့တယ်။ မှန်တာပြောရရင် ဒီတစ်ခေါက် ကျွန်တော်ခရီးသွားရတာ ဘယ်လိုမှ မု(ဒ်) မဝင်ပါ။ အရုပ်တစ်ရုပ်လို သွားမယ်ဆို သွားလိုက် နားမယ်ဆိုနားလိုက် ဖြစ်နေခဲ့ပါသည်။

သို့သော် မန္တလေး ရောက်တော့ မနက်အစောကြီးထပြီး မန်းတက္ကသိုလ် ထဲ စိတ်ကို နှစ်လိုက်ပါသည်။ ဒီပုံလေးတွေ ရိုက်ဖို့ ကျောင်းကြီးနားက ဆိုင်ကယ် တက်စီလေးတစ်စီး အစအဆုံး ဟော်တယ်ပြန်အရောက်၅၀၀ဝ ကျပ်ပေး ငှားစီးခဲ့တာဖြစ်ပါသည်။ ရယ်စရာပြောရရင် ၅၀၀ဝ ကျပ်တန် ဓါတ်ပုံများပေါ့ ခင်ဗျာ။ ကျွန်တော်တည်းတဲ့ ဟော်တယ်ကဆီဒိုးနားဟော်တယ် အနောက်ကလမ်း (၂၇) လမ်းလို့ထင်ပါတယ်။ မြ မန္တလာ ဟော်တယ် မှာပါ။ ၁၁ ရက် ၁၁လ ၁၁ ခုနှစ်မှာ တိုက်တိုက်ဆိုင်ဆိုင် (တကယ်တိုက်ဆိုင်တာပါ) အခန်းနံပတ် ၁၁၁ မှာ တည်းခဲ့ရတာပါ။ သောက်တာစားတာတွေကတော့ နောက်ပို့စ်တစ်ခုမှာ ရေးတာပေါ့ဗျာ။ အခုတော့ ပုံလေးတွေဘက် လှည့်ရအောင်ပါ။

မန္တလေး တက္ကသိုလ်ကလည်းရန်ကုန်တက္ကသိုလ်လိုပါပဲ၊ အင်္ဂလိပ်လက်ထက်ကတည်းက ရှိခဲ့တာဗျ။ စာရေးထားလို့ သိခဲ့တာပါ။ မန်းသား ကိုပေါက်တို့ ၊ ကိုစိန်သော့တို့ ၊ ကိုဝင်းတော့ကာ တို့ မန်း တက္ကသိုလ် သမိုင်းလေးများ သိခဲ့ရင် ဝေမျှကြပါဦးလို့ လေးစားစွာ တောင်းဆိုပါတယ်ဗျာ။ နောက် မန်း တက္ကသိုလ်က ရန်ကုန် တက္ကသိုလ်လိုပဲ သစ်ပင်ကြီးကြီး အရိပ်ကောင်းကောင်းလေးတွေနဲ့တော်တော် သာယာပါတယ်။ ဒီပုံလေးတွေက ဆိုင်ကယ် ဆရာရဲ့ လမ်းညွှန်မှုနဲ့ ရိုက်ခဲ့တာပါဗျာ။ မှားနေတာတွေ့ရင်လည်း ပြင်ပေးကြပါလို့။ ဘယ်လိုပုဂ္ဂိုလ်ကြီးတွေ တက်သွားကြတယ် ဆိုတာ မသိပေမယ့် ဒီဘက်ခေတ် ဂီတသူရဲကောင်းတွေ ဖြစ်တဲ့ လေးဖြူ၊ အငဲ၊ စိုင်းထီးဆိုင်တို့ တက်ခဲ့တယ်ဆိုကတည်းက လွမ်းဘို့ကောင်းနေပါပြီဗျာ။

ခန့်ညားလိုက်တဲ့ ကျောင်းကြီး။ မောင်တင်ဦး ရိုက်တဲ့ ရုပ်ရှင်တွေမှာ အမြဲပါလေ့ရှိတယ်လေ။

ပုံကြီးချဲ့ကြည့်ပါ။ ဒီဇင်ဘာ ၂၂ ရက် ၁၉၂၄ မှာ ဖွင့်လှစ်ခဲ့သည် လို့ ကဗျည်းထိုးထားတာ တွေ့ ရပါလိမ့်မယ်။

ရေနီမြောင်း လို့ ဆိုင်ကယ်ဆရာ က ပြောပါတယ်။

ဒါက ရေနီမြောင်းကို ဇေယျာ ဆောင်ဘက် က ရိုက်ထားတာပါ။ မှားနေရင် မန်းသားတွေ ပြင်ပေးကြပါဦး။

ကိုအငဲ သီချင်းထဲမှာ ထည့်လွမ်းခဲ့ရတဲ့ သစ္စာ ဆောင်ပါ။ အဲဒီရှေ့မှာ ကိုအငဲတို့ သီချင်းတွေ အော်ဆိုခဲ့ ပါသတဲ့ဗျာ။

အငဲ အော်အော်ပြီး လွမ်းခဲ့တဲ့ ရွှေမန်းဆောင်။ ဘာမဆိုင် ညာမဆိုင် ကျွန်တော်တို့ ရန်ကုန်သားတွေကလည်း အငှား ဝင်လွမ်းနေမိတယ်ဗျာ။

ရွှေမန်း ဆောင် ရှေ့က အုတ်ခုံလေး။ ချစ်သူစုံတွဲတွေ ထိုင်ခဲ့ကြမှာ သေချာပါတယ်။ အငဲတို့ လေးဖြူတို့လည်း ဒီနေရာက ရွှေမန်းသူလေးတွေ အတွက် ဂစ်တာ တီးခဲ့ကြမှာပဲ။ လွမ်းတတ်ရင်တော့ လွမ်းစရာကြီး။

လေးဖြူ၊ အငဲတို့ နေခဲ့ကြတဲ့ ရွှေပြည်ဧ ဆောင်။ အခုထိ လေးဖြူရဲ့ သူငယ်ချင်းဆရာတစ်ယောက် ရှိနေသေးတယ်တဲ့။ တစ်ခါတစ်လေ လေးဖြူလည်း လာအိပ်တတ်ပါတယ်တဲ့။

အပြင်ဘက်ကမြင်ရတဲ့ ရွှေပြည်ဧ ဆောင်။

ရွှေပြည်ဧ ဆောင်ရှေ့က လမ်းကလေးရဲ့ နံနက်ခင်း။

တက္ကသိုလ်ဆေးရုံ။

တမာလမ်း ဆိုလား၊ တမာတန်း ဆိုလား။ မန်းသားတွေ သိရင် ပြောပြကြပါဗျာ။

ကျောင်း အနောက် က မြင်ကွင်း။

ရာဇက် ခန်းမဆောင်။

RC လို့ ပြောပါတယ်။

21 comments

  • blackchaw

    November 14, 2011 at 10:36 am

    ဓါတ်ပုံတွေတင်လိုက်တာ တစ်ပုံနဲ့တစ်ပုံ အရမ်းဝေးသွားတယ်ဗျာ။ သည်းခံကြပါ။

  • ပေါက်ဖော်

    November 14, 2011 at 10:57 am

    ဪ..
    မန်းတက္ကသိုလ်ကြီး..ကြည့်ပြီး..လွမ်းလိုက်ပါဘိ
    😆

    hehe
    နော်က်ဒါ..
    တက်ဖူးဖို ့နေနေသာသာ..ခုမှမြင်ဖူးတာ
    😯

  • Shwe Tike Soe

    November 14, 2011 at 11:04 am

    တမာတန်း လို.ခေါ်ပါတယ်ဗျာ၊ အရင်တုန်းက ရေနီမြောင်းဘေးမှာ ကန်တင်း တွေ တန်းစီရှိတယ် အခုတော့ မရှိရှာတော့ဘူးဗျာ..
    အခု ကို ဘလက်ရိုက်လာတဲ့ နေရာတွေက ညနေ ဆို ချစ်သူ.နယ်မြေတွေလေ ဟေဟေ…
    မှောင်ရီပျိုးစ ဆို အရမ်းချမ်းတတ်တဲ့ သူတွေ တွေရတာပေါ့.. သွားပြီး လေ့လာခဲ့လား ကိုဘလက်

  • windtalker

    November 14, 2011 at 11:22 am

    ကောင်းဗျာ ။ ရန်ကုန်သား တင်ပေးမှဘဲ မန်းတလေး တက္ကသိုလ် ပုံတွေ ကို မန်းတလေးသား ပြန်မြင်ရတယ်
    ကိုဘလက်ရေ..အနော်တို ့တော့ ၊ အဲ့ကျောင်းကြီးထဲမှာ မတက်ဖူးဘူး ဗျ ။
    သွားတော့ ကဲဖူးတယ်….ဟီဟိ

  • Diamond Key

    November 14, 2011 at 11:45 am

    မိန်းကြီးမှာ လူစည်ခဲ့ချိန်တုန်းကတော့ ကိုချော ရိုက်ပြတဲ့ မိန်းကြီးရဲ့ ခုဗလာဖြစ်နေတဲ့ လှေကားထစ်တွေက ထိုင်နေကြသူတွေ အပြည့်နဲ့ပါဗျာ။ တီတီတာတာလေးတွေ၊ ဟေးဟေးဟားဟား တွေနဲ့ပျော်စရာ၊ ဓါတ်ပုံတွေ အမှတ်တရရိုက် (တက္ကသိုလ် ရောက်တာ ရွာမှာ ကြွားရအောင်) ခုတွေ့နေရတဲ့ လမ်းလေးတွေမှာဆိုရင်လည်း စက်ဘီးလေးတွေနဲ့ များမှများ (အဲတုန်းက ဆိုင်ကယ်က နဲသေးတယ်၊ စက်ဘီးဆို ရာလေးစပေ့ါ တက်တက် – တက်တက် နဲ့၊ ဆိုင်ကယ်ဆို ရွှေရောင် သူတို့တွေရဲ့ စတားခေတ်မှာလေ)။ မြောင်းဘောင်လေးမှာလည်း ထိုင်စရာ ဆိုင်လေးတွေရှိတယ်။ အလကား အလကား သစ္စာဆောင် (ဝင်း) ထဲသွားပြီး ကင်တင်းမှာ ထိုင်ကာ အစာကျွေး (မျက်လုံးတွေရယ်၊ ဝမ်းဗိုက်ရယ်ကို)၊ ပြီးရင် သစ္စာရေ သောက်ဖူးပြီလို့လျှောက်ပြော။ ရာဇတ်ခန်းမမှာ စာအုပ်တွေဖတ်။ နော်မန်းရောက်ကာစက မှီလိုက်တာလေးတွေ ………………………။

  • blackchaw

    November 14, 2011 at 11:50 am

    မိုက်တယ်ဗျာ။ ရေးပါဦးဗျ။ ကိုစိန်သော့ ကြီးရေ။
    ဒါလေးဖတ်ရတာတောင် ဖီးလာတယ်ဗျာ။

  • ကိုရင်စည်သူ

    November 14, 2011 at 1:31 pm

    ရိုက်ချက်တွေက ရိုက်တဲ့ အနေအထားတွေက
    ပရိုကျတယ်ဗျာ…
    ကိုယ်တိုင်ရောက်ဖူးသွားသလိုပဲ…
    မန်းဒလေးမှာ ကြာဦးမှာလား…
    မန်းဒလေးတစ်ခါမှမရောက်ဖူးဘူးဗျာ..
    သွားကြည့်ချင်တယ်… 🙂 🙂

  • MaMa

    November 14, 2011 at 3:39 pm

    တိုက်တိုက်ဆိုင်ဆိုင် မနေ့ကမှ IC ပွဲကြည့်ပြီး ပြန်လာတာ။ ကျောင်းတော်ကြီးကိုတွေ့တော့ မအောင်မြင်သေးခင်မှာ အငဲတို့ လေးဖြူတို့ ဂီတာကိုင်ပြီး အဆောင်တွေမှာ သွားအော်ခဲ့ကြမှာကို မြင်ယောင်မိတယ်။ ခုတော့လည်း ပရိတ်သတ်တွေကို ဖမ်းစားနိုင်တဲ့ သူတို့ရဲ့ အောင်မြင်မှုက အားကျစရာ။ ဝမ်းမြောက်စရာပါပဲ။

  • တော်တယ် မန်းလေးသားကိုပေါက်က ဒီပြင်နေရာလျောက်လက်ဆော့နေတုန်း
    ကိုဘလက်ရို်က်ချက်မိုက်မိုက်ကလေးတွေက ပိုလန်းတယ်ဗျို့။

  • naywoonni

    November 14, 2011 at 5:49 pm

    ရန်ကုန်သား အငှားလွမ်းတာက ပိုပီပြင်နေသလိုပဲ…။ ရာဇတ် ခမ်းမ ကြီးက နေဝန်းနီတို့ နေတိုင်း စာတက်ဖတ်တဲ့နေရာပါ…။ မြန်မာပြည်ရဲ့ တတိယအကြီးဆုံးစာကြည့်တိုက်လို့ ဆိုပါတယ်…။ ပထမက အမျိုးသားစာကြည့်တိုက် ဒုတိယက ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်ပါ…။ စာအုပ် စုံစုံလင်လင် နဲ့ ဘာသာရပ်အစုံ ရှိပါတယ်…။ မိုးဝေ မဂ္ဂဇင်းတို့ သွေးသောက်တို့ ရှုမဝ တို့ စပြီးထုတ်တဲ့စာအုပ်ကနေ နောက်ဆုံးထုတ်စာအုပ်ထိရှိပါတယ်…။ အပြင်ကိုတော့မငှားဘူး…။ စာကြည့်ခန်း ထဲမှာပဲဖတ်…။ ကူးချင်ရင် လက်ရေးနဲ့ပဲကူးရတယ်…။ 70 ခုနှစ်တစ်ဝိုက် မိုးဝေ မဂ္ဂဇင်းတွေ ရာဇတ်မှာပဲ ဖတ်ခဲ့ ကူးခဲ့ ကြရတာ…။ ပြီးတော့ နဂါးနီ တိုက်က ထုတ်တဲ့စာအုပ်တွေ ပုဂံတိုက်က ထုတ်တဲ့ စာအုပ်တွေ အစုံရှိတယ်…။ ဂန္တဝင်မမ ကိုလည်း အဲဒိမှာတွေ့ခဲ့တာပေါ့….။ ဆရာအောင်ချိမ့်ရဲ့ ကဗျာစာအုပ်ပြောတာပါ…။
    သစ္စာဆောင်ကတော့ နေဝန်းနီတို့ မူးရင် ပြောတဲ့ ” မိန်းကလေးတွေမှာ သစ္စာမရှိဘူး သစ္စာမှာပဲ မိန်းကလေးတွေ ရှိတယ်” ဆိုတာ အဲဒိ သစ္စာ ဆောင်ကို ပြောတာလေ……..။
    ဇေယျာ ကျောင်းဆောင်ရဲ့ နောက်မှာ မန္တလာကျောင်းဆောင် ရှိသေးတယ် ချောရေ….။ ဇေယျာ -မန္တလာ လမ်း လို့ တွဲခေါ်ကြဖူးတယ်…။ အဲဒိရေနီမြောင်း အနောက်ဘက်ဘေးက ကုက္ကို ပင် အောက်မှာ ကက္ကိုရိပ် အကြော် ဆိုင်ဆိုတာ ရှိသေးဗျား…။ ရန်ကုန်မှာ အင်းလျားကန်ဘေး ဘူးသီးကြော်စားသလိုပဲ မန္တလေးတက္ကသိုလ်က အတွဲတွေကလည်း ရေနီမြောင်းဘေးမှာ ဘူးသီးကြော်စားတယ်ဗျ…။ နှစ်ပေါင်း အစိတ်လောက် ကြာခဲ့ ပေမဲ့ သိပ် ပြောင်းလဲတာမတွေ့ရတော့ တော်သေးတာပေါ့…။ ပြောင်းလဲသွားတာတော့ ကျောင်းသားတွေ မရှိ စက်ဘီးဘဲလ်သံတွေ တိတ်ဆိတ်နေတာပဲ…။

    • pooch

      November 14, 2011 at 11:18 pm

      အားပါး ……. အဘနီ တကယ်ကို လွမ်းစရာတွေနဲ့ ပြည့်ခဲ့မှာပဲ….

      ကိုဘလက်ချော ကျောင်းကြီးရဲ့လှေကားထစ်တွေမှာ အနော်တို့ သူငယ်ချင်းတွေရဲ့ ခြေရာတွေ ထပ်ခဲ့ဘူးတယ်… ပြောရင်းနဲ့လွမ်းလိုက်တာ …

      ပုံပြင်ဟောင်းလေးတွေရော ..ဝေဒနာ ဟောင်းလေးတွေရော …

      တမာတန်းမှာ လျှာက်ခဲ့ဖူးတယ် .. အော်.. ခုတော့လည်း ……….

  • weiwei

    November 14, 2011 at 8:26 pm

    ကိုဘလက်ရိုက်ပြမှပဲ မြင်ဖူးတော့တယ် …. လွမ်းစရာတော့ ကောင်းသားပဲ … ဘာကိုလွမ်းရမှန်းမသိတာပဲခက်တယ် .. 😛

  • Don Juan Ronald

    November 14, 2011 at 9:22 pm

    ကျနော်တို့ခေတ်မှာတော့၊
    အောင်မင်္ဂလာဆောင်နှင့်ရွှေမန်းဆောင်၊
    ရွှေပြည်အေးဆောင်နှင့်သစ္စာဆောင်၊
    နဒီဆောင်နှင့်မြတ်သမာဆေင်၊
    တို့သည်မောင်နှမဆောင် (ဘင်္ဂလားမောင်နှံ)များဖြစ်ကြပြီး၊
    မန္တလာဆောင်နှင့်ဇေယျာဆောင်ကတော့ညီအကိုဆောင်တဲ့။

    အောင်မင်္ဂလာဆောင်သည် ဖဲသမားအများဆုံးမွေးထုတ်ပေးခဲ့ပြီး၊
    မန္တလာနှင့်ဇေယျာသည်ဆေးကျောင်းသား( heroin) အများဆုံးမွေးထုတ်ပေးခဲ့ဘူးသောအဆောင်များဖြစ်ပါသည်။

    အောင်မင်္ဂလာဆောင်တွင်၊ဘဝတာ၏ပထမဦးဆုံးသော blue piture (ရုပ်ရှင်အသေးဟုလည်းခေါ်ပါသည၊ခုခေတ်တော့ AVပေါ့ကွယ်)ကိုရှုစားခဲ့ရ၏၊အခကျေးငွေအားဖြင့်၅ကျပ်တိတိဖြစ်ပြီး၊
    ထိုခေတ်ထိုအခါတွင်အကောင်းဆုံးကြက်ပေါင်းခေါက်ဆွဲ၅ပွဲစာရဲ့တန်ဖိုးနဲ့ညီမျှပါသည်။
    တိုးတိုးလေးပြောပြလိုက်ပါဦးမယ်၊ကျနော်များနှင့်အတူအဆောင် hall tutor လည်းလာရောက်ရှုစားသွားပါကြောင်း၊
    ဤအကြောင်းကိုသိရှိပြီးသောရွာသားများသည် Rector ထံသွားရောက်တိုင်တန်းအကြောင်းကြားခြင်းမပြုရန်အနူးအညွန်တေင်းပန်အပ်ပါသည်ခင်ဗျား။

  • Shanma TUmdy

    November 14, 2011 at 9:58 pm

    တမာလမ်းကနေပြီးတော့..မိုးရွာပြီးခါစ .. ဓာတ်ပုံသွားရိုက်ရင်.. လှမှလှ .. စိမ်းလန်းနေတာပဲ. . ခုတော့မိုးမရှိတော့ဘူးပေါ့ ..

  • ကျနော်ကတော့ ကျောင်းထဲမရောက်တဲ့အချိန်ဆိုရင် ဓါတ်ပုံရို်က်ဘို့သတိရပြီး
    ကျောင်းထဲရောက်တဲ့အချိန်ကျပြန်တော့ ကင်မရာမပါတာနဲ့ အချိန်မရတာနဲ့
    နေ့ရွှေ့ညရွှေ့။
    ကောင်းတာပေါ့ ဘလောချက်လာရိုက်သွားတာ။
    တော်ကြာ မန်းလေးသားက ကြွားတယ်ဖြစ်နေအုံးမယ်။
    ကျနော်တို့ရဲ့ မာဇူး ကြိးက လှမှလှ။
    မိန်းအတက်လှေခါးကနေထိုင်ပြီးလာသမျှကိုစခဲ့ရတဲ့ကျောင်းသားဘဝကို အရမ်းကို
    သတိရသွားတယ်ဗျာ။

  • naywoonni

    November 14, 2011 at 10:44 pm

    ဟားဟား… ကိုပေါက်ကတော့ လုပ်ပြီ…။ ကြွားသလိုဖြစ်မှာစိုးလို့တဲ့…။ အဲဒိမိန်းခုံကြီးပေါ် ခုံဖိနပ်နဲ့ တက်ခဲ့တာ ” နေဝန်းနီ “ဗျ….။ လွယ်အိတ်ကိုပြောင်းပြန်လှန်ပြီးလွယ်ထားသေးတယ်…။

  • blackchaw

    November 15, 2011 at 10:12 am

    မန်းကျောင်းက
    မန်းသားတွေ
    အလွမ်းများပြေဘို့
    ရန်ကုန်သားဘလက်ရဲ့
    ရိုက်ချက်များက
    အလွမ်းပြေဆေးလေးပါ
    အလွမ်းပြေကြပါစေဗျာ။

  • blackchaw

    November 16, 2011 at 4:07 pm

    မန်းသားတွေက ပဲ အသည်းမာတာလား
    ရန်ကုန်သားတွေကပဲ အသည်းနုတာလား
    တစ်ခုခုတော့ တစ်ခုခုပဲ။
    မန်းတက္ကသိုလ်ကြီးက ရှေ့လာမယ့် ၂၀၁၄ ဆို
    နှစ်ကိုးဆယ်ပြည့်ပါပြီခင်ဗျာ။
    မန်းတက္ကသိုလ်နဲ့ ပတ်သက်တာလေးတွေ
    ပို့စ်လေးတွေ တင်ကြပါဗျာ။
    နည်းတဲ့ သက်တမ်းလားဗျာ။
    နောက်လာမယ့် အန်တီစု အစိုးရကျရင်
    မန္တလေး အပြည်ပြည်ဆိုင်ရာ တက္ကသိုလ်ကြီး ဆိုတာမျိုး
    ဖြစ်မလာဘူးလို့ ဘယ်သူပြောနိုင်ပါသလဲ။
    မန်းသားတွေ ရဲ့ လွမ်းဆွတ်မှုကို ရေးကြပါဗျာ။
    ကိုပေါက်တို့၊ ကိုစိန်သော့တို့ ကိုနေဝန်းနီတို့ ကျွန်တော် လက်ခုတ်တီးပေးဘို့
    စောင့်နေပါတယ်ဗျာ။ Don Juan Ronald ရေးပြသွားတာလေးလည်း ခိုက်တယ်ဗျာ။
    ရေးကြပါဗျို့။ မန္တလေးတက္ကသိုလ်ကြီး နှစ်ကိုးဆယ်ပြည့်တော့မယ်ဗျို့။

  • ကဲ ဘလောချက်ရေ ကုန်လွန်ခဲ့ရတဲ့ မန်းတက္ကသိုလ် မှာလေးနှစ်တာလေးကို စိတ်ထဲရောက်အောင်ပြန်မောင်းသွင်းလိုက်ပါအုံးမယ်။

  • thit min

    November 21, 2011 at 8:55 pm

    မန်းလေးတက္ကသိုလ် ရယ်၊ ရေနီမြောင်းရယ်၊ ကျနော်လဲလွမ်းသွားတယ်။
    လွမ်းစရာရှိ စားစရာနဲ့ဖြေတဲ့ (ကျနော့ ဖော်မြူလာ) နည်းနည်း စားလိုက်အုန်းမယ်။
    တခုခုပေါ့။
    ကိုပေါက်လုပ်လို့ တောင်သမန်အင်းနဲ့ မယ်ဇယ်ပင်တန်းကိုပြန်လွမ်းမိခဲ့သေးတယ်။
    ဘာလို့မှန်းမသိဘူး၊ မန်းလေးကိုချစ်တယ်။တော်ပြီ။(^^)

  • kai

    November 22, 2011 at 2:29 am

    ပုံတွေနားက.. စပေ့စ်တွေပြန်ပြင်လိုက်တယ်..။
    ကမ္ဘာ့နေရာအနှံ ့ မန္တလေးတက္ကသိုလ်ထွက်တွေ.. ရှိမှာပါ..။
    သူတို့တွေ.. အတွက်.. ကိုရင့်အချိန်+လုပ်အား+ငွေအလှူပေါ့..။

    … ကျေးဇူးတင်ကြောင်း..ကိုယ်စားပြောပါရစေနော..။
    မန္တလေးတက္ကသိုလ်နှစ်၉ဝ အတွက်..ရေးကြပြောကြ… ပါလို့..။

Leave a Reply