ဦးသုDecember 16, 20141min33116
ဖြစ်စဉ်- ၁ နံနက် ရနာရီခွဲ ၈နာရီ စပယ်ယာနောက်မှာပါရဲ့သားနဲ့ ခေါင်းလောင်းကြိုးမဆွဲပဲဟွန်းတီးခေါ်တဲ့ကျောင်းကားတွေ မှတ်မှတ်ရရ တစ်ခါထွက်ဆဲဘူးတယ် ကလေးနိုးသွားလို့။ ဖြစ်စဉ်- ၂ ဥပုတ်မတိုင်ခင်နှစ်ရက် မယ်သီတွေ ၆နာရီခွဲလောက်ကတည်းက လိုက်ထရပ်တစီးအပြည့်နဲ့ အိမ်ရှေ့လာရပ်အော်နေတယ် ။ တနေကုန် နေ့လည်ကလေးကိုပါ ယောက်က္ခမအိမ်သွားသိပ်ရတယ်။ ဒါနရှင်များရှင်ဆိုပြီး လေသံတိုးတိုးညင်ညင်လေးနဲ့ဆို စေတနာအပြည့်နဲ့ ပိုက်ဆံအကြွေမရှိလဲ ဆန်ကို အကြမ်းပန်ကန်လုံးတစ်လုံးစာလောင်းတယ်။ နောက်ဖေးကလူကြားအောင် အသားကုန်လှမ်းအော်တာတို့ ဆတ်ကော့လတ်ကော့နဲ့ ဆို ကန်တော့ပါသေးရဲ့ဆိုပြီး အကုသိုလ်များမိတယ်။ ကလေးအိပ်နေတဲ့အချိန်ဆိုလဲ မအော်ခင်ပါးစပ်ပိတ်အနေအထားမျိုးရောက်အောင် မိန်းမကို ပိုက်ဆံကိုင်ပြီး ထွက်စောင့်နေခိုင်းလိုက်တယ်။ ဖြစ်စဉ်- ၃ မီဂါဖုန်းပဲ ခေါ်မလား ဟန်းစပီကာပဲခေါ်မလား ဈေးသည်တိုင်း အဲဒါမျိုးနဲ့ လာရောင်းကြတယ် ကျွန်တော်ကလဲ အိမ်ရှေ့ မြေကွက်လပ် ဟိုဟာဒီဟာချပြီးနေရာမဦးတော့ အဲဒီရှေ့မှာပဲထိုင်အော်ရတယ် ကလေးအိပ်နေရင်တော့မတတ်နိုင်ဘူး ဟိုဘက်သွားရောင်းပါ ဆိုပြီးထွက်ပြောရတာပဲ။ ဖြစ်စဉ်-၄ […]