ဦးသုJanuary 12, 20153min22916
ဒီနေ့ ကျွန်တော် ဝိရိယတွေ လွှတ်ကောင်းနေသည်။ မနက်အစောကြီးအိပ်ယာထသည်။တစ်ကိုယ်ရေသန့်ရှင်းမှုကိုအကောင်းဆုံးဖြစ်အောင်လုပ်သည်။ ယောက်ျာလေးတစ်ယောက်အတွက် အလွန်အကျွံမဖြစ်စေသော ရေမွှေးတော်သင့်ရုံသာဆွတ်သည်။ ပြင်ရင်းဆင်ရင်း ကျွန်တော့်အသက်ထက် ၂နှစ်ကြီးသော ဖယ်ရီစီးဖော် ဖိုင်နယ်ရီးယားမှ ဝါရင့်အစ်ကိုကြီးတစ်ယောက်၏ စကားကို ကြားယောင်နေသည်။ ညီလေး အရမ်းမရိုးနဲ့ကွ တစ်ချို့မိန်းကလေးတွေက အရမ်းရိုးတာမကြိုက်ဘူးဟ မင်းကသာမထိရက်မကိုင်ရက် ဟိုက ဒါလေးတောင် အသုံးမကျတဲ့ကောင်ဆိုပြီး အနူးအနှပ်တော်တဲ့သူနဲ့တွေ့ရင်ပါသွားရောဟ။   အဲဒီအစ်ကိုကြီးရဲ့စကားကိုကျွန်တော်အပြည့်အဝယုံကြည်သည်။ ဒါပေမယ့် ဒီနေ့ ဗယ်လင်တိုင်းဒေး  မှာ အဆင်ပြေပါ့မလား မနက်ကထဲက အတူနေဖို့ကိစ္စ သွားစည်းရုံးမိလို့ စိတ်ကောက်ပြီး တနေကုန်ချော့နေရလျှင်အဆင်ပြေမည်မဟုတ်။  နောက်ပြီး ကျွန်တော်က အခု First year ၂၀၁၄ ဒုတိယနှစ်ဝက်ဆိုတော့ အဲဒါတွေအတွေ့အကြုံမရှိဘူးသေးဘူးလေ။ ကျွန်တော့်ချစ်သူနဲ့ ကျွန်တော်က ပထမနှစ်ဝက် ဩဂုတ် မှာစကြိုက်တာပါ။ တခြား ဘော်ဒါအတွဲတွေကတော့ အဲဒါမျိုးအတွေ့အကြုံတွေက ရိုးနေပြီတဲ့။ ကျွန်တော်တစ်ယောက်ထဲသာ အခုအချိန်ထိ […]


ဦးသုDecember 16, 20141min25416
ဖြစ်စဉ်- ၁ နံနက် ရနာရီခွဲ ၈နာရီ စပယ်ယာနောက်မှာပါရဲ့သားနဲ့ ခေါင်းလောင်းကြိုးမဆွဲပဲဟွန်းတီးခေါ်တဲ့ကျောင်းကားတွေ မှတ်မှတ်ရရ တစ်ခါထွက်ဆဲဘူးတယ် ကလေးနိုးသွားလို့။ ဖြစ်စဉ်- ၂ ဥပုတ်မတိုင်ခင်နှစ်ရက် မယ်သီတွေ ၆နာရီခွဲလောက်ကတည်းက လိုက်ထရပ်တစီးအပြည့်နဲ့ အိမ်ရှေ့လာရပ်အော်နေတယ် ။ တနေကုန် နေ့လည်ကလေးကိုပါ ယောက်က္ခမအိမ်သွားသိပ်ရတယ်။ ဒါနရှင်များရှင်ဆိုပြီး လေသံတိုးတိုးညင်ညင်လေးနဲ့ဆို စေတနာအပြည့်နဲ့ ပိုက်ဆံအကြွေမရှိလဲ ဆန်ကို အကြမ်းပန်ကန်လုံးတစ်လုံးစာလောင်းတယ်။ နောက်ဖေးကလူကြားအောင် အသားကုန်လှမ်းအော်တာတို့ ဆတ်ကော့လတ်ကော့နဲ့ ဆို ကန်တော့ပါသေးရဲ့ဆိုပြီး အကုသိုလ်များမိတယ်။ ကလေးအိပ်နေတဲ့အချိန်ဆိုလဲ မအော်ခင်ပါးစပ်ပိတ်အနေအထားမျိုးရောက်အောင် မိန်းမကို ပိုက်ဆံကိုင်ပြီး ထွက်စောင့်နေခိုင်းလိုက်တယ်။ ဖြစ်စဉ်- ၃ မီဂါဖုန်းပဲ ခေါ်မလား ဟန်းစပီကာပဲခေါ်မလား ဈေးသည်တိုင်း အဲဒါမျိုးနဲ့ လာရောင်းကြတယ် ကျွန်တော်ကလဲ အိမ်ရှေ့ မြေကွက်လပ် ဟိုဟာဒီဟာချပြီးနေရာမဦးတော့ အဲဒီရှေ့မှာပဲထိုင်အော်ရတယ် ကလေးအိပ်နေရင်တော့မတတ်နိုင်ဘူး ဟိုဘက်သွားရောင်းပါ ဆိုပြီးထွက်ပြောရတာပဲ။ ဖြစ်စဉ်-၄ […]


ဦးသုDecember 15, 20141min39531
ဖေ့ဘွတ်မှာ မတင်ချင်လို့ ဒီမှာတင်လိုက်တာ ဘုန်းကြီးနဲ့တက်တူး နဲ့ မအပ်စပ်ဘူးရယ်လို့တော့မဟုတ်ပါဘူး ရန်ကုန်ဘဆွေရဲ့ မြန်မာပြည်သား စာအုပ်ထဲမှာဆိုရင် တန်ဆောင်မုန်းညမှာ ကိုရင်ကြီးကတစ်ရွာလုံးက ယောက်ျားပျိုတွေကို ထိုးကွင်းထိုးပေးတာလေ။ အခုလာထိုးတဲ့ ဘုန်းကြီးကတော့ အဲဒီနေ့က ညနေသုံးနာရီလောက် ဘုန်းကြီးနှစ်ပါးလာမေးတယ် လက်မောင်းက ထိုးထားတဲ့ပုံလေးပြင်ချင်လို့ပါတဲ့ ဟုတ်ကဲ့ ရပါတယ်ဆိုတော့ ဈေးပြောတော့ဘုန်းကြီးက မတတ်နိုင်ပါဘူး အဲဒါနဲ့ လက်မောင်းအတွင်းသား မှာမြားနတ်မောင် သေးသေးလေးထိုးချင်ပါသတဲ့ ဂျိုးလေးလဲပါမှ ဖြစ်မတဲ့ ရပါတယ်ဖျာ့ဆိုတော့ကာ ည ရနာရီလောက်လာထိုးလို့ရလားဆိုတော့ အော်ဘုန်းကြီးဆိုတော့လူရှင်းတဲ့အချိန်လာထိုးတာပဲရပါတယ်လေဆိုပြီးလက်ခံလိုက်မိတယ်။ အချိန်ကာလကိုကြည့်ပြန်တော့ ကထိန်ပွဲကြီးပြီးကာစ နှစ်ရက်မြောက်မှာပေါ့ ။ ဘုန်းကြီးေ တွရေလန်းနေတဲ့အချိန်လေ ဘာတဲ့ ဖုန်းဆိုင်မှာတောင် S5 လာဝယ်သတဲ့ ringtone လေးကလဲ (ပါးပြင်မှာ သနပ်ခါးလေးနဲ့ ချစ်စရာကောင်းလိုက်တာကွာ) ဆိုပဲ။ ဖေ့ဘွတ်မှာ ဖတ်မိတာပါ။ အဲဒါထားပါတော့ ဘုန်းကြီးကရောက်လျှင်ရောက်ချင်းဆိုသလို ဖုန်းတွေဝင်လာပါတယ် […]


ဦးသုDecember 15, 20141min22414
မရောက်တာ ကြာလို့လားမသိ ယောင်ချာချာရယ် ပိုစ့်ဘယ်နားတင်ရမလဲတောင် ဟိုဟာထောက်ဒီဟာထောက်နဲ့ ယောင်ချာချာရယ်။ တွေ့ဆုံပွဲ ပြီး ၃ ။ ၄ လလောက်တော့ ပတ်မွှေလိုက်အုံးမယ် အားရင်အားသလိုပေါ့။ ဘဦးပြန်လာပြီ ဟေ့ အဲလေ ယောင်လို့ အူးသု ပြန်လာပြီဟေ့


ဦးသုAugust 14, 20131min2428
ဤလောကအတွင်း ရှိရှိသမျှသတ္တဝါအပေါင်းတို့သည်ကား ဘဝအဆက်ဆက်၌ မိဘတို့အား မခွဲချင်ပဲ ခွဲခဲ့ရဖူးပြီ၊ သားသမီးတို့အားမခွဲချင်ပဲခွဲခဲ့ရဖူးပြီ၊ မည်သည့်အရာကိုမဆို မစွန့်လွှတ်ချင်ပဲစွန့်လွှတ်ခဲ့ရဖူးပြီ။ အသည်းဆောင်သို့ အဖေပြောင်းရမည့် ကိစ္စတွင် ရိုးရိုးသာမာန်သာထင်ခဲ့သည်။အသည်းဆောင်သည် ရန်ကုန်ဆေးရုံကြီး နှင့် ဟိုဘက်မျက်နှာချင်းဆိုင် ဦးနှောက်အာရုံကြောဘေးမှအဆောင်ဖြစ်သည်။ အသည်းရောဂါသည် အမျိုးသားများအတွက်အခန်းတွင် ကုတင် ၁၅ လုံးခန့်လောက်တော့ရှိသည်။ ကျွန်ုပ်အဖေမှာ အသည်းခြောက်၍ ဗိုက်ပူရေဖျဉ်းစွဲ သည်ကလွဲလျှင် ကျန်တာ လူကောင်းအတိုင်းသွားနိုင်လာနိုင်စားနိုင်သောက်နိုင် ဒါပေမယ့် ကိုယ်ဝန်အရင့်အမာ သည်လိုခါးကြီးထောက်ဗိုက်ကြီးကော့ပြီး လမ်းလျှောက်နေရသည်ကလွဲလို့။ အဖေသည် အသည်းရောင်အသားဝါ C ပိုးကြောင့် အသည်းခြောက်ခြင်းဖြစ်သည်။ အဖေအရက်သောက်သည်မူးလာသည်ကို ကျွန်တော်မမြင်ဘူး မတွေ့ဘူး။ သို့သော် ဘီယာတော့သောက်သည် သူဌေးအနှင့်အတူ ဆိုင်သို့ပါသွားသည့်အခါမျိုး သို့သော် ကျွန်တော်အဖေရေချိန်ကျွန်တော်သိ၏ သုံးခွက်ထက်မပို နှစ်ခွက်ဆိုတော်တော်ကောင်းပြီး သုံးခွက်ဆို တော်တော်မူး တော်တော်လဲအာရွှင်၏။ (ကျွန်တော်လစ်မစ်နှင့်ဆို  အဖေနှင့်သား ၅ဆတစ်ဆ ကွာ၏- […]


ဦးသုAugust 13, 20131min1738
နှမြောခြင်း ငြိမ်နေတဲ့ညမှာ သောက်လက်စခွက်ကိုကြည့်ပြီး တိုးတိုးညင်းညင်းတေးသံကိုနားထောင်ရင်းနဲ့ ကိုငှက်ကို နှမြောမိတယ်၊ အယ်ဖြူကိုနှမြောမိတယ်။ တွေးရင်း…တွေးရင်း တာရာမင်းဝေကိုနှမြောတယ်၊ စိုင်းထီးဆိုင်ကိုနှမြောတယ် အောင်မြင်မှုနဲ့အတူဆုံးရှူံးသွားတဲ့ ဒိုးလုံးကိုလဲနှမြောတယ်။ ဒီအချိန်အထိ ဘာမှဖြစ်မလာဘဲ ဖြုန်းလိုက်မိတဲ့ အချိန်တွေကိုလဲနှမြောတယ် ။ နှမြောမိဆုံးကတော့… မနက်မိုးလင်းလို့ အမူးပြေချိန်မှာ မနေ့ညက ကုန်အောင်သောက်လိုက်တဲ့ပုလင်းနဲ့ ကုန်ခါနီးဖြစ်အောင် ဖြုန်းလိုက်မိတဲ့ပိုက်ဆံကို ….နှမြောတယ်။   Ko Thou.


ဦးသုAugust 13, 20131min1808
မြေညီထပ် တိတ်ဆိတ်နေတဲ့ ညသန်းခေါင်ကျမှ ရုံးထဖို့ ခွန်အားပြည့်ဝကြတဲ့ ရေစုပ်စက်ရဲ့ ရင်ခေါင်းကွဲအော်သံတွေကြားမှာ သန်းခေါင်ထက် ညဉ့်နက်ခဲ့တဲ့ကျွန်တော် အသားကျခဲ့ရပြီ။   ဈေးသည်တိုင်းခေတ်မှီပြီး လော်စပီကာအသေးကိုယ်စီကိုင်နိုင်တာကြောင့် ညပိုင်းညဉ့်နက် အတွေးနယ်ချဲ့တက်ကျမ်းတွေဖတ်တဲ့ကျွန်တော် နေဖင်မထိုးခင် မနိုးချင်ပဲ နိုးခဲ့ရပြီ။   နေ့ခင်းကြောင်တောင် မှောင်မိုက်နေတဲ့မီးဖိုချောင်မှာ   နေရောင်ခြည်နဲ့လင်းချင်ပေမယ့် မနှစ်လိုတဲ့ အာရုံနှစ်ပါးကြောင့် ချွေတာချင်တဲ့ စွမ်းအင်ကိုလဲ သုံးမြဲသုံးခဲ့ဖူးပြီ။   အလှူခံမျိုးစုံ အလှူခံနည်းမျိုးစုံကြောင့် လှူသင့်တယ်ထင်တာကိုလှူရင်း မလှူသင့်ဖူး ထင်တာကိုးလဲ အကုသိုလ်ထိုင်ပွားတတ်ခဲ့ပြီ။   လူတစ်ကိုယ်မြေဘယ်လောက်လိုလဲဆိုတဲ့ တော်လ်စတွိုင်းကြီးလဲ တိုက်ခန်းရှေ့ မြေလွတ်လေးမှာ ကားရပ်ဖို့ အပြိုင်အဆိုင်နေရာဦးနေသူတွေကိုကြည့်ပြီး ဪ သူမြင်ရင် ဘာစာတွေထပ်ရေးအုံးမှာပါလိမ့်လို့ တွေးမိခဲ့ဖူးပြီ။                                                        Ko Thou.      


ဦးသုJuly 24, 20131min1234
အချိန်တန်ပြီ မီးခြစ်လေးထောက် ၊ ဖွင့်ဖောက်မိတယ် ငှဲ့ပေးသူမရှိ ၊ တိမ်းစောင်းလိုက်တယ်။ လွတ်လပ်စွာနဲ့ ၊ စီးဆင်းသွားတယ် အရောင်လေးတလက်လက် ၊ အမြှပ်တက်လို့ရယ် ။ အနံ့ကလေးထွက်တော့ ၊ လေဂျင်တက်တယ် စိတ်ထဲတွေးကြည့် ၊ ခါးမှန်းသိတယ် ။ ထိန်းထားလို့မရ ၊ ထိတွေ့မိတယ် အေးချမ်းစွာနဲ့ ၊ စီးဆင်းသွားတယ်။ ရင်ထဲရောက်တော့ ၊ ထပ်တောင့်တတယ် အိုဘယ့်ဘီယာရယ် …….။ ကိုသု (၂၄ . ၇. ၂၀၁၃)  ညနေ ရး၄၀    


ဦးသုJuly 24, 20132min40922
လွန်ခဲ့သော ဆယ်စုနှစ်များက သူတို့ကိုလူတွေကရောဂါကူးလွယ်တဲ့ လူပေလူတေ တွေလို့မြင်ကြတယ်… တကယ်တော့ မြန်မာနိုင်ငံရယ်ခေတ်နောက်ကျမှုကြောင့် လက်လုပ် (Hand Made ) တွေကိုပဲ တွင်တွင်အသုံးပြုခဲ့လို့ ပေတေ နေခဲ့ပြီး ကမာ္ဘနဲ့အညီရင်ဘောင်တန်းချင်ခဲ့ကြသူတွေပါ။ လွန်ခဲ့သော ဆယ်စုနှစ်များက သူတို့ကိုလူတွေက မူးယစ်ဆေးဝါးနဲ့ မကင်းသူတွေလို့ မြင်ကောင်းမြင်ခဲ့ကြလိမ့်မယ်…………… တကယ်တော့ သူတို့ဟာ သူတိုရဲ့လက်တွေနဲ့ပုံတစ်ပုံကို ဖန်တီးနေချိန်မှာ ရေငတ်တာတောင်မေ့လျော့ပြီး ဈာန်ဝင်နေတဲ့သူတွေပါ။ လွန်ခဲ့သော ဆယ်စုနှစ်များက သူတို့ကို လူကြမ်းလူရိုင်းကြီးတွေလို့ ထင်မြင်ခဲ့ကြလိမ့်မယ်………… တကယ်တော့ သူတို့ဖန်တီးချင်တဲ့ အနုပညာဆိုတာ အလွယ်တကူဖန်တီးလို့မရပဲနဲ့ ယုံကြည်လက်ခံတဲ့ သူတစ်ချို့ရဲ့ အရေပြားပေါ်မှာသာ သူတို့အနုပညာကိုထုဆစ်ခွင့်ရခဲ့ကြသလိုပဲ သူတို့ရဲ့ အရေပြားကိုလဲ (Canvas) တစ်ခုလိုသဘောထားခဲ့လို့ ပြေပြစ်လှပတဲ့ပုံတွေရလာဖို့အတွက် ကြမ်းတမ်းတဲ့သူတစ်ယောက်အသွင်ဖြစ်ခဲ့ရသူတွေဖြစ်တယ်။ အထက်က ကျွန်တော်ရေးခဲ့တဲ့ စာသားတွေက ကျွန်တော့် အတွက်မဟုတ်ပါဘူး။ တကယ်တော့ ကျွန်တော်က  ဒီခေတ်လို […]


ဦးသုApril 12, 20131min1487
အောက်ဆီဂျင်ပိုက်ကို ဆွဲဖြုတ်ပြီး ကျွန်တော့်ပုခုံးနီးပါးလောက်ရှိတဲ့အောက်ဆီဂျင်အိုးကို ကျွန်တော်ဆွဲကိုင်ပြီးလွှင့်ပစ်မိတယ် ပြီးတော့ကျွန်တော်မှတ်မိသလောက်က ကျွန်တော့်အခန်းထဲပြေးဝင်ပြီး အခန်းတံခါးကိုထိုးနေမိတဲ့နေ့ အဲဒီနေ့က………………………။ ကျွန်တော်မမျှော်လင့်ခဲ့တဲ့ နောက်ပြီးကျွန်တော် မနိုင်ဘူးထင်ခဲ့တဲ့ မိသားစုတာဝန်တွေ တစ်နည်းအားဖြင့်ပြောရရင် အမေရယ် ညီမရယ် နောက်ပြီး ကျွန်တော့်မိန်းမနဲ့ ၃နှစ်သမီးလေးရယ်ကို ကျွန်တော်ပုခုံးပြောင်းတာဝန်ယူလိုက်ရတဲ့နေ့တစ်နေ့ သင်္ကြန်အတက်နေ့ မနက်အစောဆုံးမှာလေ…။ တစ်ခါတစ်လေကျတော့ တာဝန်နဲ့ ဝတ္တရား ဆိုတာတွေက မလိုချင်ပဲနဲ့ သူ့အလိုလိုပေါ်လာတတ်တယ်။ နောက်ပြီးအဲဒီနေ့က သူများတွေအတွက်တော့ အဖေဆုံးတယ်ဆိုတာရွှေတောင်ကြီးပြိုလဲသွားတယ် ဘာညာပေါ့ ကျွန်တော့ အတွက်တော့ အဲဒီနေ့က ရွှေတောင်ကြီး ပင်လယ်သမုဒ္ဓရာအောက်ထဲနစ်မြုပ်သွားခဲ့တာပါ။ ရွှေတောင်ကြီးပြိုလဲတယ်လို့ဆိုတာပိုက်ဆံရှိသားသမီးတွေအတွက်တော့ ရွှေတောင်ကြီးပြိုလဲခဲ့ရင် ရွှေတုံးတွေကျန်ခဲ့မှာပါ ကျွန်တော့်အတွက်တော့ တစ်စမကျန်နစ်မြုပ်သွားခဲ့ရတာပါ..အဖေရယ်….။………… သား…..အဖေ့ကိုအောက်ဆီဂျင်ပိုက်လာတပ်ပေးပါအုံး…….တဲ့  အဖေက ..ကျွန်တော့်ကိုနောက်ဆုံးအကြိမ်သားဆိုပြီးခေါ်သွားခဲ့တာလေ……….။။။ ၂နှစ်လောက်ရှိခဲ့ပြီအဖေ …..အိမ်မှာ ယောက်ျားသားဆိုလို့ကျွန်တော်တစ်ယောက်ပဲရှိခဲ့တာလေ။  နောက်ပြီးတော့ ဘယ်လောက်မူးမူး အိမ်မှာအားကိုးစရာကျွန်တော်ပဲရှိတယ်ဆိုပဲအသိနဲ့  …ကိုယ့်ကိုယ်ကိုထိန်းခဲ့ရတာတွေ….။ နောက်ပြီး မလိုချင်ပဲရခဲ့တဲ့ အိမ်ထောင်တစ်ခုကိုထိန်းသိမ်းကာကွယ်စောင့်ရှောက်ရမယ့် အိမ်ထောင့်တာဝန်တွေရယ်လေ […]


ဦးသုMarch 29, 20131min1285
မိတီ္ထလာကန်ဝယ် တဲထိုးအိပ်ပါ့မယ် ဓားနဲ့ဒုတ် ဆောင်ကာဆောင်ကာရယ် မိုးစုန်းစုန်းချုပ်ပေ့ါ  သမီးငယ်ရယ်… အိပ်ပါတော့ကွယ် လောင်မီးမကျတုန်းကွယ် အိပ်ရာက နိုးရင် ထမင်းထုပ်စားရမယ် မျက်စိမှိတ်ထားကွယ်… စောစောပြေးဖို့ အိပ်ပါကွယ် အိပ်မက်လှလှ မက်စေကွယ်။


ဦးသုFebruary 11, 20131min3159
ပွဲကျောင်းသိုင်းပညာဆိုတာနဲ့ မြန်မာတွေ တော်တေ်ာများများသိထားကြတာက ပုဂံခေတ် အရည်းကြီးတွေရဲ့ပညာလို့မြင်ကြပါတယ်။ ပုဂံခေတ် ပန်းဦးဆက်သရတဲ့ အရည်းကြီးတွေ အကြောင်းကိုပဲ လူတွေ မျက်စိထဲမြင်ကြမှာပါ။ ထို သမိုင်းမှားအတွက် ပွဲကျောင်းသားတစ်ဦးဖြစ်တဲ့ ကျွန်တော်မှာ ရှင်းလင်းဖို့ တာဝန်ရှိလာပါတယ်။ ပုဂံခေတ်မှာ အရည်ကြီးဆိုတဲ့အကြောင်းအရာရှိခဲ့တယ်ဆိုတာကို ကျောက်စာ၊ မင်စာ၊ အုတ်ခွက်စာ အစရှိတဲ့ ငြင်းပယ်လို့မရတဲ့ သမိုင်းသက်သေမရှိပါဘူး။ ပုဂံတစ်မြို့လုံးမှာလည်း ဂါမဝါသီပွဲကျောင်း အဆောက်အဦးနဲ့တူတာ တစ်ခုမှ တူးဖော်လို့မရရှိသေးပါဘူး။ အဲဒါကြောင့် သမိုင်းပညာရှင်က ပုဂံခေတ်မှာ အရည်ကြီးဆိုတာမရှိပါဘူး ရှိရင် သက်သေပြပါလို့ ပြောခဲ့ပါတယ်။ သမိုင်း မှတ်တမ်းများ အရ အရည်းကြီးဆိုတာ မရှိသလို ပွဲကျောင်းသိုင်းပညာကို တကယ်သင်ယူ ဖူးသူ အားလုံးဟာ တကယ့် ပွဲကျောင်းပညာရပ်ဟာ စာအုပ်ထဲက စိတ်ကူးယဉ်ပွဲကျောင်းပညာလို မဟုတ်ဘူးဆိုတာ သဘောပေါက်သွားကြပါတယ်။ မီးလှုံ၊ ရေငုပ်၊ ဇယ်ခတ်၊ […]


ဦးသုJanuary 30, 20131min1986
  ဒါကတော့ ပြီးခဲ့တဲ့ ရုံးနားရက် စနေ ၊ တနင်္ဂနွေ နဲ့ ဒီတစ်ပတ် ရုံးနားရက် စနေတနဂနွေမှာ ဝါသနာပါတဲ့ အလုပ်နဲ့ အားလပ်ရက်ကို ဖြတ်သန်းခဲ့တာပါ ။