လင်းဝေFebruary 15, 20121min20814
ဘာရယ်မဟုတ် မသိချင်ယောင်ဆောင်နေမလို့ပါပဲ။ ဟိုးကတည်းက တွေ့နေတာတွေ များပေမယ့် မသိယောင်ဆောင်ခဲ့တာပါပဲ။ အခုဟာက profile ကြီးကြီး ရဟန်း ၂ပါးက လုပ်နေတာ မတော်မတဲ့ကို အခုရက်ပိုင်းမှာ ဆက်တိုက်ဖတ်မိတော့ နည်းနည်း ပြောချင်စိတ်ဖြစ်လာတယ်။ အဲသလိုမျိုးတွေဖြစ်နေတာကို အရင်ကတည်းကလည်း စိတ်ကုန်နေတာပါတော့ ပြောဖြစ်သွားပါတယ်။ အလုပ်တွေများလို့ တစ်ခါတစ်လေ အားမှ ဂျာနယ် ကောက်လှန်ဖြစ်ပေမယ့် တိုက်တိုက်ဆိုင်ဆိုင်ကို အဲဒီသတင်းက လာတွေ့လေတော့ ပြောလိုက်ပါပြီ။ သဘောမတူသူ များ မကြိုက်ကြသူများ ကိုယ့်သဘောကိုယ်ဆောင် ဆက်လို့သာ လှူကြပါလေ။ ခွင့်လွှတ်တယ် ဆိုပြီး ကြောက်ရွံ့ ပျော့ညံ့သူများလည်း သဘောရှိသာ အသက်အောင့်နေကြပါကုန်။ ဘာသာရေး ရေးတင်ခွင့်မရှိလို့ ပိတ်မယ် ဖျက်မယ်ဆိုလည်း ပိတ်လိုက်ဖျက်လိုက်ပါ သူကြီးရေ။ ဒါဘာသာရေး တော့ မဟုတ်ဘူး ထင်တာပါပဲ။ မျက်စိမှိတ်ပြီး လှူချင်တာပဲ သိတဲ့ […]