Ma MaMay 17, 20111min1656
ဇာတ်လမ်းရဲ့အစကတော့…………… ရွာတစ်ရွာမှာ မိဘမဲ့ကလေးလေး တစ်ယောက်ရှိတယ်။ မောင်ခင်လို့ နာမည်ပေးလိုက်မယ်။   ငယ်ငယ်ထဲက မိဘနှစ်ပါးလုုံး သေသွားပြီး ဆွေမျိုးနီးစပ်ကလည်း မရှိတော့ ရွာကပဲ စောင့်ရှောက်ပြီး ကြီးပြင်းလာရတယ်။   ရွာသူရွာသားတွေဟာ ကလေး စားဖို့ ဝတ်ဖို့ ကျောင်းတက်ဖို့ကအစ တစ်အိမ်တစ်မျိုး ဝိုင်းဝန်းစောင့်ရှောက်ပေးကြတယ်။ (တို့ရွာသူရွာသားတွေလို နေမှာပေါ့နော်။)   ကလေးကိုယ်တိုင်ကလည်း လိမ္မာရေးခြားရှိတယ် ပြောရမယ်။ ရွာထဲက ဘယ်သူခိုင်းခိုင်း ဘာခိုင်းခိုင်းလုပ်ပေးတယ်။   အဲဒီလိုနဲ့ ကြီးပြင်းလာတဲ့ မောင်ခင်ဟာ ဘဝပေးအသိကြောင့်ရော၊ ကိုယ်တိုင်ရဲ့ တတ်သိနားလည်မှုကြောင့်ပါ လူတော်လူကောင်း ကလေးတစ်ယောာက် ဖြစ်လာတယ်။   ဒါ့ကြောင့် မြို့ကလာတဲ့ပွဲရုံက သူတို့ရွာမှာ ကောက်ပဲသီးနှံ ရောင်းဝယ်ဖောက်ကားဖို့ လုပ်ငန်းချဲ့ထွင်တဲ့အခါ မောင်ခင်ကို လူယုံအဖြစ်ထားတယ်။   သူ့ရဲ့ကြိုးစားအားထုတ်မှု၊ ရိုးသားမှု စတဲ့ […]