ကျွန်တော်တို့ ဝတ္ထုတပုဒ်ဖြစ်စေ စာတပုဒ်ဖြစ်စေ ဖတ်ကြသောအခါ တစ်ခါတစ်ရံ ဖတ်ပြီးခဲ့သော စာမျက်နှာများကို ပြန်လှန်ဖတ်ရှု့တတ်ပါသည်။ ထိုသို့ဖတ်ရှု့ခြင်းဖြင့် ရှေ့ကဖေါ်ပြခဲ့သော အကြောင်းအရာများနှင့် နောက်ပိုင်းတွင်ဖတ်ရှု့ရသောအကြောင်းအရာများ ဆက်စပ်မိပြီးလျှင် ရှေ့နောက်ညီ အမြီးအမောက်တည့်သော စာတပုဒ်အဖြစ် ပို၍အရသာရှိလာတတ်ပါသည်။ သို့ရာတွင် ဘဝ၏စာမျက်နှာများကို နောက်ကြောင်းပြန်ဖတ်ရာတွင်မူ တမျိုးတဖုံ ဖြစ်သွားတတ်ပါသည်။ ရှေ့နောက်မညီညွတ်သည်ကိုတွေ့ရသည့်အခါ အရသာပျက်သွားတတ်ပါသည်။ ထိုသို့ဖြစ်ခဲ့လျှင်လဲ မည်သို့မျှမတတ်နိုင်တော့ပါ..။ ရှေ့က ရေးခဲ့သည်များရော နောက်မှ ရေးခဲ့သည်များပါ ကိုယ်တိုင်ရေးခဲ့ခြင်းဖြစ်ပါသည်..။ ရေးခဲ့ပြီးသားလဲ ဖြစ်နေပါတော့သည်..။ လွန်ခဲ့သည့် နှစ်ပေါင်းနှစ်ဆယ်ကျော်ခန့်က ကျွန်တော်သည် တက္ကသိုလ်မှ ထွက်လာသည်မှာမကြာသေးသော၊ လူ့လောကဝန်းကျင်ထဲသို့ တိုးဝင်လှမ်းလျှောက်ကာစ အပျံသင်ငှက်တကောင်ပမာဖြစ်ပါသည်..။ တနေ့သောအခါတွင် လူကြုံထည့်ပေးလိုက်သည့် ပစ္စည်းအထုပ်တစ်ထုပ်ကိုလက်တွင်ဆွဲလျှက် ပစ္စည်းရှင်ညွှန်းဆိုလိုက်သည့် လိပ်စာကိုရှာနေပါသည်..။ ထိုအခိုက်တွင် ဆယ့်လေးငါးနှစ်အရွယ် မိန်းမငယ်လေးတယောက်ကိုတွေ့သဖြင့် […]