faizalJune 8, 20101min1110
မင်္ဂလာဈေးမှမီးဘေးသင့်ဆိုင်ခန်းရှင်များ ဆိုင်ခန်းအလွယ်တကူငှားရမ်းနိုင်ရန်အတွက် အနီးရှိယုဇနပလာဇာမှ  5 လွှာရှိကားပါကင်နေရာအားဆိုင်ခန်းများအဖြစ်ပြောင်လဲငှားရမ်း မည်ဖြစ်ကြောင်းစုံစမ်းသိရှိရသည်။ မီးလောင်ပြီး 2ရက်နေတော့ပလာဇာရှေ့မှာဆိုင်ခန်းငှားရမ်းလိုသူများပလာဇာအုပ် ချုပ်ရေးအဖွဲ့သိုစုံစမ်းပါဆိုပြီးတော့ ကြေငြာထားတယ် အဲဒီရက်ကတော်တော်များများဆိုင်ခန်းရှင်တွေစာရင်းပေးကြတယ်။ ကျနော်တို့ကတော့ဆိုင်ခန်းဈေးများလို့မယူဖြစ်ဘူး။ ယင်းဆိုင်ခန်းတိုးချဲ့ပေးမှူနှင့်ပါတ်သတ်ရျ် မင်္ဂလာေဈေးမှမီးသင့်ဆိုင်ခန်းရှင်တစ်ဦးက ပြောကြားခြင်းဖြစ်သည်။ ပလာဇာအုပ်ချုပ်ရေးအဖွဲ့မှ ဆောက်အအုံဧ။် 5 ထပ်ရှိသောကားပါကင်အနက်မှ အပေါ်ဆုံးထပ်ဖြစ်သည့်ပါကင်နေရာကိုဆိုင်ခန်းများပုံစံပြန်လည်ဖွဲ့စည်းပြီးငှားရမ်းမည်ဖြစ်သည်။ထို့ကြောင့် 4 ထပ်အထိသာကားမျာရပ်နားခွင့်ရတော့မည်ဖြစ်သည်။ ဆိုင်ခန်းအရေအတွက်စုစုပေါင်း 30 ခန့်ယင်းနေရာတွင်တိုးချဲ့မည်ဖြစ်ပြီးတစ်ခန်းလျင် အခန်းငှားခတစ်လ ၂ သိန်းခန့်ရှိကြောင်း ပလာဇာတွင်းရှိလက်ရှိရောင်းဝယ်လျက်ရှိသောဆိုင်ခန်းရှင်များထံမှစုံစမ်းသိရှိရသည်။ပလာဇာဒုတိယထပ်နှင့်တတိယထပ်တို့တွင် ရှိသောယခင်ဆိုင်ခန်းဟောင်းများမှာတစ်လလျင်ကျပ် ၃ သိန်းဝန်းကျင်ဖြစ်သည်။……..။