ေဟသီJuly 30, 20151min83236
ဒီရွာကြီးထဲရောက်ပြီး လေးနှစ်ကျော်မှ လှုပ်လှုပ်ရှားရှား လုပ်ပြီး မိတ်ဆက်ရတာ တမျိုးကြီးတော့ ဖြစ်မိသည်။ အရင်က comment ပင် မရေးမိ။ စာတွေချည်းသာ လိုက်ဖတ်နေခဲ့သူ။ ရှားရှားပါးပါး comment နှစ်ခုတော့ ရှိသည်။ ပို့စ်တင်ဖို့ ဆိုတာ ဝေးလာဝေးသည်။ ခုမှ ဘယ်လို ဖြစ်ပြီး စိတ်ရူးပေါက်သလဲ ရှင်းတော့ ရှင်းပြချင်သည်။ လွန်ခဲ့တဲ့ လေးနှစ်က သာမာန် ရုံးဝန်ထမ်း သာမညကလေးမို့ အလုပ်ချိန်ပြီးလျှင် အနားယူချိန်များသည်။ သို့သော် စာရေးရန် ဝမ်းစာမပြည့်တော့ သူများရေးသမျှ ဖတ်ချည်းသာနေရသည်။ စာဖတ်တာလည်း ဝါသနာပါသည်။ ဪ သူရေးပုံလေးက ဘယ်လို…. ဒီလူ ရေးပုံက မိုက်သား…… ဒီလိုလေးလည်း ရေးလို့ရသား နဲ့ ဆိုပြီး သူများရေးသမျှတွေကို စိတ်ကသာ မှတ်ချက်ပေးပြီး ဖတ်မိသည်။ ဒီလိုနဲ့ […]


lady mobileApril 12, 20131min32324
မင်္ဂလာပါရှင့် ဒီရွာထဲမှာ မန်ဘာဖြစ်ခွင့်ရတာ ပျော်ပါတယ်။ လေဒီက မိုဘိုင်း ရဲ့ ချစ်သူပါ။ ရွာထဲက မန်ဘာတွေကို လေဒီက မိုဘိုင်း ပြောပြထားလို့ အားလုံးကိုရင်းနှီးပြီးသာပါ။ လေဒီက စာတွေကဗျာတွေကိုတော့ တစ်ခါမှ မရေးဖူးပါဘူး စာဖတ်ရကိုတော့ နှစ်သက်ပါတယ်။ ကဗျာတွေကိုကြိုက်တယ်။ နောက်မှပဲ ကြိုးစားပြီးတော့ ပို့စ်တင်နိုင်အောင် ကြိုးစားပါမယ်။ လေဒီက အင်တာနတ်ကို အခုမှစပြီး သုံးဖြစ်တာပါ။ အခုချိန်ကစပြီး ရွာထဲက စာတွေဖတ်မယ် ကွန်မန်းတွေပေးပါမယ်။ အမှတ်တွေရအောင်ယူမယ်။ အမှတ်တစ်သိန်းပြည့်ရင် မုန်တွေဝယ်စားပါမယ်။ မှားတာရှိရင်လည်း ခွင့်လွှတ်ကြပါလို့ လေဒီ ကြိုပြီးတောင်းပန်ပါတယ်။ ဘာတွေရေးရမှန်းမသိလို့ ဒီလောက်ပါပဲနော် အားလုံးကို ခင်မင်လျှက်………………….


မင်္ဂလာပါခင်ဗျာ.. ကျွှန်တော် ၂၀၁၃ ရဲ.နှစ်သစ်မှာ မန်းဂဇက်ရဲ. မန်ဘာတစ်ယောက်ဖြစ်ခွင့်ရတာ ဂုဏ်ယူပါတယ် အားလုံးပဲ ကျွန်တော်ကို အရင်မန်ဘာ တွေလိုပဲခင်မင်ရင်နှီးစွာ လက်ခံပေးပါလို. မိတ်ဆက်ပါတယ် အားလုံးပဲ မင်္ဂလာရှိသော နှစ်သစ်ဖြစ်ပါစေလို ဆုမွန်တောင်းလိုက်ပါတယ်ခင်ဗျား။ ကျွန်တော်ကို ရွာသူ ရွာသားများအားလုံးက လိုအပ်သည်များကို ပြုပြင်ဆုံးမ ပေးကြပါလို့ ပြောချင်ပါတယ်ခင်ဗျ။ ကျွန်တော် ဒီရွာထဲကို အရင်ကတော့ တစ်ခါ တစ်ရံ ဝင်ရောက်ခဲ့ဖူးပါတယ်။ ပို့စ်များကို ဖတ်ရှု့အားပေးပြီး ရွာသူ ရွာသား များရဲ့စာများ ပုံများ ကွန်မန်းများ နှင့်ရင်းနှီးနေတာ ကြာပါပြီ။ ဒီရွာရဲ့ ဖွဲ့စည်းထားမှု ပျော်ရွင်စရာ ကောင်းမှုတွေကို ကျွန်တော် စိတ်ဝင်စားခဲ့ပါတယ်။ မန်ဘာ ဘယ်လိုဝင်ရမယ်ဆိုတာကိုတော့ မသိခဲ့ပါဘူး။ အခုတော့ ကျနော်ရဲ့ ဘော်ဒါကြီး ကိုမိုဘိုင်း ရဲ့ကျေးဇူးကြောင့် ဒီရွာရဲ့ ရွာသားတစ်ယောက် […]


အဟမ်း…….အဟမ်…။ ဟုတ်ကဲ့ မိတ်ဆက်ဖို့ပေးသွားတဲ့အတွက် ဒီနေ့မှပဲ မိတ်ဆက်လိုက်တော့မယ်ဗျာ။ း) ကျွန်တော်နာမည်အောင်မိုးသူူပါခင်ဗျ။  ကျွန်တော် ဂျီမေးလ်လေးကတော့ aung.moethu1@gmail.com ပါ ခင်ဗျာ။ ကျွန်တော် ဖေ့ဘွတ်(ဖွဘုတ်) း) ကတော့ http://www.facebook.com/suushaaungmoethu ပါ ခင်ဗျာ။ ကျွန်တော် စာရေးသူ (စာရေးဆရာ မဖြစ်သေးပါ) တစ်ယောက်ပါ။ း) ကျွန်တော် professional အလုပ်ကတော့ Graphic Designer လုပ်ပါတယ်။ း) ကျွန်တော့်ရဲ့ ဘလော့လေးကတော့ http://www.aungmoethu.blogspot.com  ပါခင်ဗျာ။ း) ကျွန်တော် ကဗျာတွေရေးပါတယ် ရသဝတ္တုတွေရေးပါတယ် ကျတော်သတင်းမရေးပါဘူးခင်ဗျာ။ း) လိုအပ်တာလေးတွေရှိရင်လည်း ဝေဖန်အကြံပြုဆွေးနွေးတိုင်ပင်နိုင်ပါတယ်။ ကျတော့်ကလောင်နာမည်ကလည်း အောင်မိုးသူပါပဲ နာမည်အရင်းကလည်း အောင်မိုးသူပါပဲခင်ဗျာ။ ရန်ကုန်လာရင် ကျတော့်ဖုန်းလေးသာဆက်လိုက်ပါ… ဧည့်ဝတ်ကျေပါ့မယ် ဟဲဟဲ။ ဒီနေ့ညတော့ ကျတော်မန်းလေးကို သွားဖိုကရှိပါတယ်။ း) သိချင်တာလေးတွေရှိရင် မေးမြန်နိုင်ပါသေးတယ်။ မိတ်ဆက်တာလည်း စုံလောက်ပီထင်ပါတယ်..။ တတာနော်…….. း)။   အောင်မိုးသူ


MH KSeptember 4, 20121min21613
မန်းတလေးဂေဇက်က အစ်ကို အစ်မ ညီငယ်ညီမ အားလုံး ကို မင်္ဂလာပါလို့ ပြောခွင့်ပြုပါ ကျွန်တော့်နာမည် kmh ပါ ကျွန်တော့် အလုပ်ကတော့ အကျိုးဆောင်တစ်ယောက်ပါ ကျွန်တော် မန်းတလေးဂေဇက်ကို အားရင်အားသလို ဖတ်ဖြစ်ပါတယ် အခုတော့ ကျွန်တော် ရေးစရာ ကွန်မင့်ပေးစရာတွေ ရှိလာပြီမို့ ရွာသားအဖြစ် မှတ်ပုံတင်လိုက်ပါပြီ ဒီနေ့ကစလို့ ကွန်မင့်တွေရေးမယ် ပိုစ့်တွေတင်ပါတော့မယ် အားလုံး အားပေးဝေဖန်ပေးကြပါဦး အားလုံးကို လေးစားခင်မင်စဖြင့် kmh