manawphyulayAugust 3, 20111min2099
Life is short. ဘဝဟာ တိုတယ်တဲ့။ အသက်ရှည်နေတယ်ဆိုရင် ဘဝဟာ မတိုပါဘူး။ Life is Dream. ဘဝဟာ အိပ်မက်ပဲတဲ့။ အဲဒါလည်း ဖွဲ့နွဲ့ခံစားပြောတာပါ။ ဘဝဟာ အိပ်မက်မဟုတ်ဘူး။ အိပ်မက်က အကောင်အထည်မရှိဘူး။ ဘဝက အကောင်အထည်ရှိတယ်၊ လက်တွေ့ရှိတယ်။ Life is always full of struggle. ဘဝဟာ အစဉ်အမြဲ ရုန်းကန်နေရတယ်တဲ့။ အဲဒါကတော့ အမှန်ဆုံးပါပဲ။ မိခင်ဝမ်းထဲက ထွက်ကတည်းက ဘဝဟာ ရုန်းကန်နေရတာပဲ။ မွေးစကတည်းက ရုန်းကန်ရတာ သေတဲ့အထိဆိုလည်း မမှားပါဘူး။ ဘဝကို လှော်တက်ဆိုတဲ့အရာနဲ့သာ ထိန်းသိမ်းဖို့လိုတာပါ။ ကဲ မိတ်ဆွေကော ဘယ်လို မြင်လဲ….