လင်းဝေMarch 24, 20111min1386
မြန်မာနိုင်ငံမှာ မိုးလေဝသ၊ရာသီဥတု ဆိုင်ရာ ကိစ္စတွေကို အများပြည်သူ သိရှိနိုင်အောင်လို့ မိုး/ဇလ ဌာနက တိုင်းထွာရရှိသမျှကို မြန်မာ့အသံနဲ့ ရုပ်မြင်သံကြား၊ အခုနောက်ပိုင်း အက်ဖ်အမ် ရေဒီယိုများကနေတစ်ဆင့် ထုတ်လွှင့်ပေးမှသာ လူထုက သိရှိနိုင်တာဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ရှိရင် ( ဒါ ဦးထွန်းလွင်ရဲ့လေသံပါ) အခုနောက်ပိုင်းသဘာဝဘေးအန္တရာယ်ကို မြန်မာလူထုက ခံစားနေရတာနဲ့ပတ်သက်လို့ မြန်မာတာဝန်ရှိသူများဟာ ကြိုတင် အသိပေးမှုနဲ့ ဘေးကင်းရာသို့ ရွှေ့ပြောင်းပေးနိုင်မှု အားနည်းလွန်းတယ်လို့ အများက စွပ်စွဲပြောဆိုလာကြပြီဖြစ်ပါတယ်။ ကမ္ဘာ့ ရာသီဥတု ဖောက်ပြန်လို့ ပြောင်းလဲဖြစ်ပေါ်ခဲ့ရတဲ့ မြန်မာ့ရာသီ ဥတု ဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး မိုးဇလ ကမှ မထုတ်ပြန်ရင် ဘယ်သူမှ မသိနိုင်ပါဘူး လို့ ဆိုကြပါတယ်။ စင်စစ်အားဖြင့် မိုးဇလကနေပြီး သတင်းဖြန့်ဖြူးဖို့အတွက် ဘယ်လို လုပ်ငန်းစဉ်တွေ လုပ်ရတယ်ဆိုတာ ကျွန်တော်တို့မသိသေးပါဘူး။ နောင်များ […]