ဩ စတြေးလျနိုင်ငံမှ အမျိုးသမီး တစ်ဦးသည် ခင်ပွန်းသည်၏ လိင်အင်္ဂါကို မီးတင်ရှို့ခဲ့ကြောင်း တရားရုံးတွင် ဝန်ခံထွက်ဆိုခဲ့သည်။ အသက် ၄၆ နှစ်ရှိ ရာဂျီနီ နာရာရန်းက ဩစတြေးလျတောင်ပိုင်း ဗဟိုတရားရုံးတွင် ကြားနာသော အမှုအတွင်း သူမသည် ခင်ပွန်းသည်က ဖောက်ပြန်နေသည်ဟု ယုံကြည်သဖြင့် ယခုကဲ့သို့ ရက်စက်သော ပြစ်ဒဏ်ဖြင့် တုန့်ပြန်ရန် ဆုံးဖြတ်ခဲ့ကြောင်း ပြောကြားခဲ့သည်။ ၂၀၀၈ ခုနှစ်အတွင်းက ဖြစ်ပွားခဲ့သော ကိစ္စတွင် အသက် ၄၇ နှစ်ရှိ ဆာတစ် နာရာရန်းသည် ခန္ဓာကိုယ်၏ ၇၅ ရာခိုင်နှုန်းမျှကို မီးလောင်ကျွမ်းခံရခြင်းကြောင့် ရရှိလာသော ဒဏ်ရာများဖြင့် ကွယ်လွန်ခဲ့သည်။ ရာဂျီနီသည် ပြစ်မှုထင်ရှားပါက ထောင်ဒဏ် နှစ်ပေါင်း ၂၀ ထိ ချမှတ်ခံရဖွယ် ရှိနေသည်။ သူမက ခင်ပွန်းသည်အား […]